ဆီးချိုသွေးချိုရောဂါအတွက် သင်္ဘောသီးစိမ်းရေနွေးချမ်း


ဆီးချိုသွေးချိုရောဂါနှင့်အထူးကုဆရာဝန်ကြီးများမှ ညွန်ကြားပေးသော ဆေးများကို ၂ နှစ်ခန့် သောက်နေရသော နန်းရှေ့ကန် ကောက်သစ်ရွာမှ အမေသိန်းသည် ပုပ္ပါးတောင်သို့ ဘုရားဖူးသွားနေရင်း လမ်းတွင် ဆီးချိုတက်၍ မေ့လဲကျသွားစဉ် ပုပ္ပါးတောင်စောင်းတန်းမှ အမေကြီးတစ်ဦးက သင်္ဘောသီးစိမ်း ရေနွေးချမ်းကို တိုက်ကျွေးခဲ့ရာ အမေသိန်းမှာ ဆီးချိုသက်သာလာ၍ တစ်လခန့် ဆက်တိုက်သောက်ခဲ့သဖြင့် ဆီးချိုရောဂါ အတက်အကျ မရှိတော့သဖြင့် အခြားဆေးများလည်း သောက်စရာမလိုပဲ မူးဝေခြင်း၊ မေ့လဲခြင်းများ လုံးဝမရှိတော့ပဲ ကျန်းမာလာခဲ့သည်။
ဆေးနည်း-
(၁) သင်္ဘောသီးအစိမ်းတစ်လုံးကို ပုံထဲကအတိုင်း ထိပ်ပိုင်းကို ဖြတ်ပါ။
(၂) သင်္ဘောသီးအထဲမှ အစေ့များကို ဇွန်းဖြင့် ဖယ်ထုတ်ပါ။
(၃) ရေနွေးပူပူကို သင်္ဘောသီးထဲသို့ လောင်းထည့်၍ ဖြတ်ထားသောအပိုင်းကို
ပြန်လည်ဖုံးအုပ်ထားပါ။
(၄) မိနစ် (၂၀)ခန့် နှပ်ထားပြီး ၄င်းရေနွေးကို အအေးခံ၍ သောက်ပါ။
(၅) ၄င်းသင်္ဘောသီးတစ်လုံးကို တစ်ရက်အတွင်း ၄ကြိမ်၊ ၅ ကြိမ်ခန့် ရေနွေးစိမ်၍ သောက်နိုင်ပါသည်။
သင်္ဘောသီးရေနွေးစိမ်ကို သောက်သုံးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါများ သက်သာသည့်အပြင် သွေးယားခြင်း၊ အိပ်မပျော်ခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်းများကိုလည်း သက်သာပျောက်ကင်းစေပါသည်။
ငွေကုန်ကြေးကျနည်းပြီး ဘေးထွက်ဆိုးကျိုးနည်းသည့် သဘာဝဆေးနည်းဖြစ်သည့်အတွက် ဆီးချိုရောဂါဝေဒနာရှင်များ စမ်းသပ်သောက်သုံးနိုင်ကြစေရန် ပြန်လည်ရေးသား မျှဝေပေးလိုက်ပါသည်။

စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား - ကြည်လွင်မြင့် (မုဒြာ)၊ ဆရာမဒေါ်ကြည်ကြည်သန်း
Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ