ဆယ်ကျော်သက်အရွယ်များသွားကြိတ်ခြင်းသည် ကြီးနိုင်ငယ်ညှဉ်းခံရခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းတွေ့ရှိ


သုတေသနအသစ်တစ်ခု၏ အကြံပြုဖော်ပြချက်အရ ဆယ်ကျော် သက်အရွယ်များတွင် သွားကြိတ်ခြင်းသည် ကျောင်း၌ကြီးနိုင်ငယ် ညှဉ်းခံနေရမှု၏ လက္ခဏာတစ်ရပ်ဖြစ်နိုင်ကြောင်း သိရသည်။ ခံတွင်း ကျန်းမာရေးဆိုင်ရာကူညီမှုအဖွဲ့တစ်ဖွဲ့မှ မိဘများနှင့်စာသင်ကျောင်း မှတာဝန်ရှိသူများအနေဖြင့် ကျောင်း၌ကြီးနိုင်ငယ်ညှဉ်းခံရမှုသည် အရွယ်ရောက်ချိန်တွင်လည်း ¤င်းတို့အပေါ်စိတ်ဖိစီးမှုများနှင့် စိုးရိမ် ပူပန်မှုများဖြစ်ပေါ်စေနိုင်သည့်သက်ရောက်မှုရှိသည်ဆိုသည်ကို သိရှိ ထားသင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

သွားကြိတ်ခြင်းကြောင့် ခေါင်းကိုက်ခြင်းများ၊ သွားများကို ပျက်စီးထိခိုက်စေခြင်းနှင့်အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်ပေါ်စေမှု များဖြစ်ပွားစေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ဖော်ပြထား သည်။ သွားကြိတ်ခြင်းမှထွက်ပေါ်လာသည့် ဆူညံသံသည် လွှနှင့် တိုက်ဖြတ်သည့်အခါ ထွက်ပေါ်လာသည့်ဆူညံသံနှင့် တူညီကြောင်း နှိုင်းယှဉ်ဖော်ပြထားသည်။

အဆိုပါသုတေသနရလဒ်ကို Journal of Oral Rehabilitation တွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကျောင်းတွင် နှုတ်အားဖြင့်အနိုင်ကျင့်ခံရ သည့် အသက် ၁၃နှစ်မှ ၁၅နှစ်အရွယ် ဆယ်ကျော်သက်လေးများ သည် ညဘက်တွင်သွားကြိတ်ခြင်းကို အခြားသောဆယ်ကျော်သက် အရွယ်လေးများထက် လေးဆပိုမိုပြုလုပ်ကြလေ့ရှိကြောင်းသိရသည်။ ကြီးနိုင်ငယ်ညှဉ်းခံခဲ့ရသည့် ကျောင်းသားများ၏ ၆၅ ရာခိုင်နှုန်းသည် သွားကြိတ်လေ့ရှိပြီး အခြားသော အကြောင်းကြောင်းကြောင့် သွားကြိတ်သူများသည် ၁၇ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။ အိပ်ပျော်နေစဉ်အတွင်း သွားကြိတ်ခြင်းသည် သွားများအလွန်ဆိုးရွား စွာပျက်စီးမှုကို ဖြစ်ပေါ်စေကြောင်း သိရသည်။ သို့သော်လည်း အိပ်ပျော်နေစဉ်အတွင်း သွားကြိတ်နေသူများသည် ၄င်းတို့သွားကြိတ် ခြင်းကိုမူသိရှိခြင်းမရှိကြောင်း သိရသည်။

The Union Daily
https://www.facebook.com/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ