စိတ်လှုပ်ရှား၊ စိတ်ဓါတ်ကျရောဂါနှင့် အူလမ်းကြောင်းရှိ ဘက်တီးရီးယားများ


ငယ်ရွယ်စဉ်က ဖိအားများခြင်း ရဲ့ အကျိုးရလဒ်အနေနဲ့ အူလမ်း ကြောင်းထဲမှာ နေထိုင်တဲ့ ဘက်တီး ရီးယားများ ပြောင်းလဲခြင်းက နောင် တစ်ချိန်မှာ စိတ်ဓါတ်ကျခြင်း ၊ စိတ် လှုပ်ရှားခြင်းများ ဖြစ်ပွားခြင်းနဲ့ ဆက် စပ်နေပါကြောင်းကို Nature Communications ဂျာနယ်မှာ ဖော်ပြသွားပါတယ် ။

ယခုလေ့လာမှု တွင် ကျန်းမာရေးကောင်းမွန်သော ကြွက်လေးများကို အသုံးပြုကာ အုပ်စုနှစ်စု ခွဲပြီး လေ့လာခဲ့ခြင်း ဖြစ်သည် ။ ယခုတွေ့ရှိမှုထဲတွင် အရေးပါသော အချက်များက အူ လမ်းကြောင်းရှိ ဘက်တီးရီးယားများ ပြောင်းလဲခြင်း ၊ ၎င်းင်းတို့၏ ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှုတွေဟာ အသက် ကြီးလာချိန်မှာ ၎င်းင်းတို့နေထိုင်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အပြုအမူပိုင်း ဆိုင်ရာ လုပ်ဆောင်မှုပိုင်းတွေမှာ သက်ရောက်မှုများစွာရှိတာပဲ ဖြစ်ပါ တယ်လို့ လေ့လာမှုမှာ ဖော်ပြထားပါ တယ် ။

Dr.A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ