လေဖြတ်ခြင်းကို ကာကွယ်နိုင်သည့်ရေနွေးကြမ်း


ရေနွေးကြမ်းကို ကျွန်ုပ်တို့မြန်မာ လူမျိုးများ ငယ်စဉ်ကတည်းက သောက်ခဲ့ကြသည်။

နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင်းရှိခဲ့သည်။ ဧည့်သည်လာလျှင်ရေနွေးကြမ်း အရင်ချသည်။ ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့်သောက်ခဲ့ရသနည်း။ ကျန်းမာရေးအတွက်လား။ အဆီကျ၍လား။ အစာအိမ်နှင့်အူလမ်းကြောင်းကောင်းစေ၍လား။ ကင်ဆာကို ကာကွယ်၍လား။ အမှန်အတိုင်းဖြေရလျှင် မဟုတ်ပါ။ သောက်ကောင်း၍သောက်ခဲ့ခြင်းသာဖြစ်သည်။

မိတ်ဆွေတစ်ဦးကခေါ်၍ ဧည့်ခံပွဲတစ်ခုသို့သွားခဲ့သည်။ ရန်ကုန်မြို့လယ်က ဟိုတယ် ကြီးတစ်ခုတွင်ဖြစ်သည်။ အစားအသောက်များက စုံလှသည်။ အချိုရည်ကလည်းအစုံ၊ဘီယာ၊အရက် ကြိုက် သလောက်သုံးဆောင်ပါဟု ဆိုသည်။သို့သော် ထမင်းစားပြီးနောက် သောက် နေကျရေ နွေးကြမ်းကို တမ်းတမိသည်။ သည်လိုဟိုတယ်ကြီးမှာ ရမရမသိ။ခေတ်မီစွာ အနောက်တိုင်း စတိုင် အပြည့်ဝတ်ထားသော နံဘေးမှ ပုဂ္ဂိုလ် တစ်ဦး ကိုမေးကြည့်မိသည်။

''ဒီမှာ ရေနွေးကြမ်းများ မရနိုင်ဘူးလား''ဟုသူကအသာတကြည်ပင်ပြုံးပြပြီး လူကိုကြည့်သည်။ မိမိဘာမှား သွားသလဲဟု စိတ်ကထင့် သွားသည်။ ခပ်ရှက်ရှက်ဖြစ်မိသည်။''ရနိုင်ပါတယ်''ဟု သူ ကပြောသည်။ တော်ပါသေးရဲ့။ဒါပေမဲ့ ''ရေနွေးကြမ်းမှာ လို့တော့မရ ဘူး''ဟုပြော သည်။

ဘယ်လိုပါလိမ့်ဟုထင်နေစဉ်မှာပင် သူက ဝိတ်တာကိုလှမ်းခေါ်လိုက်သည်။ အနောက် တိုင်း ဝတ်စုံကို သူ့ထက်ပင် သပ်ရပ်စွာ ဝတ်ဆင် ထားသော ဝိတ်တာလူငယ်ရောက်လာသည်။ ''ဂရင်း တီး ...ပလိစ်''ဟု သူကပြောလိုက်သည်။

ဝိတ်တာက ကိုယ်ကိုကိုင်း၊ ခေါင်းကိုညိတ်ပြီး ပြန်ထွက်သွားသည်။ မကြာမီ ကြွေကရား ဖြူဖြူ ကလေးနှင့် အိုးတစ်အိုးရောက်လာသည်။' 'ဒါရေနွေးကြမ်းလား''ဟုမေးရာ-''ဟုတ်တယ်'' သူက အနည်းငယ်ငှဲ့ပြီး အနံ့ခံပြီးနောက်''ဂျပ်စမင်တီးပဲ'' ဟုပြောသည်။သူပြောသည့် ဂျပ်စမင်တီး ဆို သည်မှာ စံပယ်ပွင့်ရနံ့ပါသော လက်ဖက်ခြောက်ဖြစ်သည်။တကယ်စံပယ်ပွင့်ပါ မပါတော့ မသိ ပါ။ ထိုနေ့က သောက် ရသောရေနွေးကြမ်းကို ယနေ့အထိမမေ့သေးပါ။ သို့သော်လည်း ယခု စာရေး နေချိန် စာရေးသူ၏စားပွဲပေါ်မှ ရေနွေးကြမ်းနှင့် တော့မလဲနိုင်ပါ။ ဒီမှာက ကျောက်မဲ လက် ဖက်ခြောက်ခတ်ထားသောရေနွေးကြမ်း အနီဖျော့ဖျော့ဖြစ်သည်။

ရေနွေးကြမ်းကို ဂျက်စမင်တီးဟုခေါ်ရခြင်းကိုစာရေးသူမနှစ်မြို့ပါ။ ပေါင်ဒါနံ့လိုလို စံပယ် နံ့လို လိုပါသော ဂျက်စမင်တီးကိုလည်း မကြိုက်ပါ။ လျှာတွင် အရသာတွေ့သည်မှာ မွေး ကတည်း က လူမှန်းစသိကတည်းက အဘိုး၊ အဘတို့နှင့်သောက်ခဲ့သော ''အခါးရည်''ဟုလည်းကောင်း၊ ''အဖန် ရည်''ဟုလည်းကောင်း ခေါ်ကြသည့် ရေနွေးကြမ်းကိုသာကြိုက်သည်။

တကယ်တော့ ထမင်းစားပြီးလျှင် သို့မဟုတ် အစာများများစားပြီးလျှင် အချိုရည်သောက်သူနှင့် ရေနွေးကြမ်း သောက်သူတို့မှာ ကျန်း မာရေး ရှုထောင့် မှကြည့် လျှင် အစာအိမ်သက်တမ်းရှည်မှု မတူ ညီကြပါ။

တိုင်းရင်းဆေးပညာရှုထောင့်တွင်ဖြစ်စေ၊အိန္ဒိယမှလာသော အာယုဗေဒဆေးပညာတွင်ဖြစ်စေ အစာ စားပြီးလျှင် အစာကြေဖို့ အတွက်''ဝမ်း မီး''လို သည်။''ဝမ်းမီး'' ကို ဒေသ နာနယဆေး ပညာတွင် ''ပါစကတေဇော''ဟုလည်းခေါ်သည်။ ''ဝမ်းမီး''မှာ ဝမ်းထဲမှ မီးဖြစ် သည်။ ရေ အေးနှင့်လောင်းလျှင် မီးငြိမ်းသွား မည်ဖြစ်သည်။

''ပါစကတေဇော''သည် အစာကိုလောင်မြိုက်ပြီး ကြေကျက်အောင် ချက်ပြီးသော တေဇောဖြစ် ၍ ပူသောတေဇော(ဥဏှတေဇော) ဖြစ်ပြန် သည်။ ပူသောတေဇော၏ဆန့် ကျင်ဘက်မှာ အေးသော တေဇော (သီတတေဇော) ဖြစ်သည်။ အေးသောရေ၊ ရေခဲရေ၊ အချိုရည်တို့မှာ အေးသော အရသာရှိသဖြင့် ''သီတ''အစာဖြစ်သည်။အစောကြေစေသော အပူဆန့်ကျင် ဘက်လောင်း ထည့်လိုက်လျှင် မည်သို့ဖြစ် မည်နည်း။ ရှင်းပါသည်။ အစာ မကြေနိုင် တော့။မကြေသည့်အပြင် ပါစကတေဇောပျက် မည်ဖြစ်လေ သည်။ ပူလိုက် အေးလိုက်ဖြစ် ဖန်များလျှင် အစာ အိမ် ပျက်စီးသည်။ အစာအိမ်ပျက်စီးလျှင် ရောဂါတစ်ခုခုရမည်မှာ သေချာ သည်။ ရနိုင်သောရောဂါများမှာ-

၁။ အစာမကြေရောဂါ၊

၂။ အစာအိမ်ရောင်ရောဂါ၊

၃။ အချဉ်ပြန်ရောဂါ၊

၎။ အစာအိမ်အချဉ်ပေါက်ရောဂါ၊

၅။ အစာအိမ်အနာပေါက်ခြင်း၊

၆။ အစာအိမ်ကင်ဆာ စသောရောဂါများဖြစ်နိုင်လေသည်။

ရိုးရာဆေးပညာ၊ အာယုဗေ ဒဆေး ပညာအလိုအရ''ရောဂါမှန်သမျှသည် အစာ မကြေခြင်း မှ စသည်''ဟုဆိုသည်။ အနောက် တိုင်းဆေး ပညာများတွင် မကြာသေးမီကမှဖတ်လိုက်ရသည်မှာ အစာစားပြီး အချိုရည်နှင့်သံဘူးများ၊ ဂက်စ်ပါသော အချိုရည်သောက် သုံးလေ့ရှိ သူများမှာ စားထား သမျှထဲမှ အဆီဖတ်များကို အေးပြီးခဲအောင် ပြုလုပ်လိုက်သဖြင့် ခြေဖျက်ရန်ခက်ခဲပြီး ဆီးချို ရောဂါဖြစ် ဖို့ လမ်း စဖြစ် လာနိုင်သည်။ ထို့ပြင် ထိုအက်စစ်ဖတ်များကိုအာဟာရအဖြစ် အူသိမ်မှ စုပ်ယူရာမှ သွေးကြောများ အတွင်းရောက်ရှိပြီး သွေးတွင်း အဆီ ထု တက်လာသည်။

သွေးတွင်း အဆီထု တက်လာသူများမှာ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါများ ခံစားရလေ့ရှိပြီး အခန့်မသင့်သောတစ်နေ့တွင် အဆီခဲပြုတ် ထွက်မျောပါ သွားပြီး ဦးနှောက် အတွင်း သို့ရောက် ရှိကာ ရုတ်တရက်မူးပြီးလဲကျခြင်း၊ ဦးနှောက်အတွင်း သွေးခဲ ပိတ်၍ ကိုယ် တစ်ခြမ်း မလှုပ် ရှားနိုင်ခြင်း၊ လေဖြတ်ခြင်းများပါ ဖြစ်နိုင်လေသည်။

စာရေးသူလေဖြတ်သူများကို နှစ်ပေါင်း၂ဝ ကျော် ကုသလာခဲ့သည့် အတွေ့အကြုံ များအရ လည်း လေဖြတ်သူတော်တော်များများမှာ ဆီး ချိုနှင့်သွေး တိုးရောဂါရှိခဲ့ကြပြီးရေခဲရေ၊ အချိုရည်ကို ထမင်းစားပြီးတိုင်းသောက်လေ့ရှိသူများဖြစ်သည်ကို တွေ့ရပြန်သည်။ ရေနွေးကြမ်းနှင့် ပတ် သက်ပြီး ပြန်လည်ကောက်ချက်ချရမည်ဆိုလျှင် ကျေးလက်တောရွာများ၌ မြို့ကြီးပြကြီး များ တွင်နေထိုင်သူများလောက် လေဖြတ် သူ မများရခြင်း အကြောင်းရင်းများတွင် ရေနွေးကြမ်းသောက် သောဓလေ့သည်လည်း တစ်ခုအပါအဝင်ဖြစ်နိုင်သည်။ တောနယ်များတွင် ဆင်း ရဲ သား လယ်သမားယာသမားများဘဝတွင် အချိုရည်၊ ရေခဲရေများလည်း မသောက်နိုင်ကြပါ။

တရုတ်ပြည်မှရှေးနှစ်ပေါင်းများစွာ (အေဒီ-၆ဝဝ)ကျော်ကတည်းက ဆူပွက်သောရေနွေးထဲသို့ သစ်ရွက်ကြွေကျရာမှ စတင်ခဲ့သော လက် ဖက်ခြောက် ခတ်သောက်သောဓလေ့ကြောင့် အာရှနှင့်အရှေ့ တောင်အာရှနိုင်ငံများတွင် အစာအိမ်နှင့်အူမကြီး ကင်ဆာဖြစ် သူနည်းပါးသည်။ ဥရော ပနိုင်ငံများမှာ အဖြစ်များသောကင်ဆာသည် အရှေ့တောင်အာရှရှိ ရေနွေးကြမ်း သောက် သောနိုင်ငံများတွင် ဖြစ်ပွား မှု ရာ ခိုင်နှုန်း နည်းသည်ကို လေ့လာတွေ့ရှိကြသည်။

လေဖြတ်ခြင်းသည် လူမသေသော်လည်းဘဝဆုံးရသောရောဂါမျိုးဖြစ်သည်။ စီးပွား ရေးအရလည်း မိသားစုတစ်ခုလုံး ငွေကုန်ကြေးကျများပြီး နှစ် ရှည်လများ ထိခိုက်စေသော ရောဂါဖြစ်သည်။

လေမဖြတ်အောင်ကြိုတင်ရှောင်ကြဖို့လိုသည်။ အမှန်တော့လေဖြတ်ခြင်းကို ကာကွယ် သည့် ဆေးဟူ၍မရှိပါ။ သွယ်ဝိုက်သောနည်းဖြင့်သာ အကျိုးရှိနိုင်သော ဆေးများကိုသာ ရောင်းနေကြခြင်းဖြစ်သည်။ လေမဖြတ်အောင် နားရွက်နောက်မှ အကြောဖြတ်သူများလည်း တွေ့ဖူးသည်။ အလွန် မှားသောလုပ်ရပ်ဖြစ်သည်။

နားကြောဖြတ်ပြီးမှ လေဖြတ်လာသူကိုလက်တွေ့ကြုံဖူးသည်။ သတ္တုစပ်လက်ကောက် တစ်မျိုးကို နိုင် ငံခြားမှလာသည့် လေမဖြတ်သည့် လက်ကောက်၊ ဤလက်ကောက်ကို ဝတ်ထားလျှင် သွေး မတိုးနိုင်ဟု ညာရောင်းနေခြင်းများလည်းရှိသည်။

စာရေးသူ၏ လက်တွေ့လူနာများကို ကုသခဲ့ဖူးသောအမြင်ဖြင့် လေဖြတ်ခြင်းမှ ကာကွယ်နိုင် သော နည်းလမ်းကောင်း တစ်ခုကိုညွှန်ပြ ပါဆိုလျှင်''ရေနွေးကြမ်း''တစ်ခွက်ကိုပင် ညွှန်ပြလိုသည်။ သင်လေဖြတ်ခြင်းမှကာကွယ်သောဆေးတစ်ခွက်ကို သောက်လိုလျှင် အစာစားပြီး တိုင်း ရေနွေးကြမ်း တစ်ခွက်သောက်ပါ။ အစာစားပြီးတိုင်း အချိုရည်၊ ရေခဲရေသောက်သည်ထက် ရေနွေးကြမ်းသောက်သည်က အစာ လည်းကြေ၊ ဆီးချိုသွေး တိုးရောဂါကိုလည်း ကာကွယ်ပြီး သွေးတွင်း အဆီကျစေသည့် အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေ ကုန် ကြေး ကျ နည်း သော ဆေးကောင်းဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ