ရုရှားသိပ္ပံပညာရှင်များနှင့် ဆရာဝန်များက ပထမဆုံးအကြိမ်အဖြစ် လူနာတစ်ဦးကို စက်ရုပ်မျက်စိ အစားထိုးကုသနိုင်


ရုရှားသိပ္ပံပညာရှင်များနှင့် ဆရာဝန်များသည် နိုင်ငံ၏ ခွဲစိတ်ကုသမှု သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ်အဖြစ် မျက်မမြင်တစ်ဦးအား စက်ရုပ်မျက်စိဖြင့် အစားထိုးကုသ ပေးနိုင်ကြောင်း ဒေသတွင်း မီဒီယာကြီးတစ်ခု က ဇူလိုင် ၃ ရက်တွင် ဖော်ပြထားသည်။

သိပ္ပံပညာရှင်များနှင့် ဆရာဝန်များသည် အဆိုပါ ခွဲစိတ်ကုသမှုကို ပြီးခဲ့သည့် ဇွန်လ ကုန်ပိုင်းတွင် လုပ်ဆောင်ခြင်းဖြစ်ပြီး ချီယာဘင့်မြို့မှ အသက် ၅၉ နှစ်ရှိ အမြင်အာရုံ လုံးဝဆုံးရှုံးနေသည့် လူနာအား လူမျက်စိထက် ပိုမိုအစွမ်းထက်သည့် စက်ရုပ်မျက်စိကို လူနာ၏ အာရုံကြောစနစ်နှင့် ဆက်သွယ်၍ အောင်မြင်စွာ အစားထိုး ကုသပေးနိုင်ခြင်းဖြစ်သည်။

သို့ရာတွင် လူနာအနေဖြင့် ခွဲစိတ်ပြီး ချက်ချင်းမျက်စိ ပြန်မြင်ရမည် မဟုတ်ကြောင်းနှင့် ပြန်မြင်နိုင်ရန်အတွက် ရက်သတ္တပတ် အနည်းငယ်စောင့် ဆိုင်းရန် လိုအပ်ကြောင်း ဆရာဝန်များက ဆိုသည်။

ခွဲစိတ်ပြီးနောက်ပိုင်းတွင် စက်ရုပ်မျက်စိ အစားထိုးမှုအပေါ် လူနာ၏ ကိုယ်ခန္ဓာက လက်ခံနိုင်မှုရှိ၊မရှိကို ဆရာဝန်များက ထပ်မံစမ်းသပ် မည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ပြီးဆုံး သွားပါက ရက်သတ္တနှစ်ပတ် သို့မဟုတ် သုံးပတ်အတွင်း၌ ကျွမ်းကျင်သူများက လူနာ၏ မျက်စိအလင်းရောင် ပြန်လည်ရရှိစေရေး အတွက် အစားထိုးထားသည့် စက်ရုပ်မျက်စိကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သိပ္ပံပညာရှင်များနှင့် ဆရာဝန်များသည် အလားတူ အစားထိုးကုသမှုကို ဒုတိယအကြိမ် လုပ်ဆောင်ရန် လူနာတစ်ဦးကို ရွေးချယ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ