သဘာဝနည်းတိုင်း အူသန့်ဖို့အတွက် အစားအစာများ


ပင်လယ်ဆား
ပင်လယ်ဆားကနေ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရေဓါတ်ကို ပုံမှန်လည်ပတ်နိုင်အောင် ပြုလုပ်ပေးပြီး ဆဲလ်တွေအတွင်းက pH ညီမျှမှုကိုလည်း တိုးမြင့်ပေးနိုင်တဲ့အပြင် အူအတွင်းမှာလည်း အစားအစာတွေလည်း စုပ်ယူမှုအားကောင်းစေပါတယ်။
အိပ်ယာနိုးနိုးခြင်း ၅ မိနစ်အတွင်း အစာအိမ်ထဲမှာ ဘာအစာမှမရှိခင် ပင်လယ်ဆားပျော်ရည် သောက်သုံးပေးခြင်းက သဘာဝနည်းအတိုင်း အူဆေးခြင်းဖြစ်ပါတယ်။ တစ်ပတ်ခန့် မိုးလင်းတိုင်း ဆားပျော်ရည်သောက်သုံးပေးခြင်းကို တစ်လကို တစ်ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါသတဲ့။

သံပုရာရည်
သံပုရာရည်မှာ ပါတဲ့ ပိုးမွှားသန့်စင်ပေးနိုင်တဲ့ ဓါတ်ဟာ ခန္ဓာကိုယ်အတွင်း အန္တာရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ခိုက်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ သံပုရာရည်ဟာ အူတွင်းမှာရှိတဲ့ မကောင်းတဲ့ပိုးမွှားတွေကို လျော့နည်းသွားအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
တစ်နေ့ကို ၂ ကြိမ်ခန့် နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ မနက်ပိုင်းအိပ်ယာထချိန်နဲ့ ညစာမစားခင် ၂ နာရီအလိုလောက်မှာ သောက်သုံးဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

ဂျင်းနဲ့ ပန်းသီး ဖျော်ရည်
ဂျင်းက ကမ္ဘာပေါ်မှာ အများဆုံးအသုံးပြုတဲ့ ခံတွင်းလိုက်စေတဲ့ အစားအစာဖြစ်ပါတယ်။ အိန္ဒိယနဲ့ တရုတ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ ထောင်ကျော်ကတည်းက အစားအစာတွေမှာ ထည့်သွင်းပြီး စားသုံးခဲ့ကြတဲ့ ဆေးဘက်ဝင်အစားအစာမျိုးဖြစ်ပါတယ်။
ပန်းသီးကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပြီးး ဓါတ်တိုးပစ္စည်းများ၊ အမျှင်ဓါတ်နဲ့ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ Phytochemicals တွေ အများကြီးပါဝင်တဲ့ အသီးအနှံဖြစ်ပါတယ်။

Phytochemicals က ကိုလက်စထရောနဲ့ အထူးသဖြင့် အူမကြီးကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေတိုးပွားမှုကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် အကျိုးကျေးဇူးတွေအများကြီိး ပေးနိုင်တာကြောင့် ဂျင်းနဲ့ပန်းသီး ရောစပ်ထားတဲ့ ဖျော်ရည်ကို နေ့စဉ်သောက်သုံးပြီးလည်း အူဆေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

Myawady Health
https://www.facebook.com/myawadyhealth/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ