Foot drop ခြေဖဝါး မ မရခြင်း


အသက် ၃၂။ မ။ drop foot ညာခြေထောက်မှာဖြစ်နေတာပါဆရာ။ ၃လလောက်ရှိပါပြီ နားနေရတာ။ တရားထိုင်ရင်းက ညာခြေကိုဖိထိုင်မိပါတယ်။ ရာသီအေးတာနဲ့ လဲတိုးပါတယ်။ စဖြစ်ချင်လှုပ်လို့ မရပါဘူး။ ခုတော့ physical therapy သွားပြီး exercises လုပ်ပါတယ်။ ပြန်လှုပ်လို့ ရပေမယ့် ခြေဖဝါးကိုအပေါ်ပင့်လို့ မရသေးပါဘူးဆရာ။

ခြေဖဝါးရဲ့ရှေ့ပိုင်းကို အပေါ်မလို့မရတာကိုခေါ်တယ်။ လမ်းလျှောက်ရင် ဒရွတ်ဆွဲနေမယ်။ လမ်းလျှောက်တဲ့အခါ အမြင့်တက်တဲ့အခါ ပေါင်ကို အရင်ကထက်ပိုမြှောက်ရတယ်။ ကြာရင် ခြေချောင်းလေးတွေ ထုံလာတတ်တယ်။

အောက်ခံရောဂါတခုခုကနေ ဆက်ဖြစ်တာဖြစ်တယ်။ ကြွက်သားနဲ့ အာရုံကြောအပြင် ခန္ဓာဗေဒချို့ယွင်းချက်တွေကို စဉ်းစားရတယ်။ တခါတလေ ယာယီသာဖြစ်ပြီး ကောင်းသွားတယ်။ တချို့မှာတော့ ရာသက်ပန်ဖြစ်တယ်။ ဆောရီး။ တဖက်တည်းသာ ဖြစ်တာများတယ်။

ဖြစ်စေနိုင်တဲ့အကြောင်းခံများ
၁။ Nerve injury အာရုံကြောထိခိုက်မိခြင်း
ဖြစ်တဲ့ခြေဖဝါးအာရုံကြောကဖြစ်တယ်။ တချို့မှာ ခါးရိုးထဲကအာရုံကြောကဖြစ်တယ်။

၂။ Muscle or nerve disorders ကြွက်သားရောဂါများ
Muscular dystrophy ခေါ် မွေးရာပါ ကြွက်သားအားနည်းခြင်း။ Polio ပိုလီယိုရောဂါ။ Charcot-Marie-Tooth disease ရောဂါ။

၃။ Brain and spinal cord disorders ဦးနှောင်နှင့်အာရုံကြောရောဂါများ
Amyotrophic lateral sclerosis (ALS) ရောဂါ။ Multiple sclerosis ရောဂါနဲ့ Stroke ဆထုတ်ရခြင်း။

Peroneal nerve အာရုံကြောနဲ့ဆိုင်တယ်။ ဒူးဘေးကနေသွားတယ်။
အနေအထိုင်လွဲမှားတာကနေ ဆက်ဖြစ်တာရှိတယ်။
Crossing your legs အချိန်ကြာ တင်ပလ္လင်ခွေထိုင်ခြင်း
Prolonged kneeling အချိန်ကြာ ဒူးထောက်ထိုင်ခြင်း။
Plaster casts ခြေထောက်ကို ပလာစတာတပ်ထားရခြင်း။

ကုသတာမှာ ဖြစ်စေတဲ့အကြောင်းခံကို ကုသရမယ်။
Braces or splints တပ်ပေးနည်း။
Physical therapy ဖီဇစ်ကယ်ကုသနည်း။
Stretching exercises ခြေဆန့်လေ့ကျင့်ခန်း။
Nerve stimulation အာရုံကြောနှိုးဆွပေးနည်း။
Surgery ခွဲစိတ်ကုသနည်း။

နေထိုင်ရာမှာ မွမ်းမံထားစရာတွေလိုအပ်တယ်။ ကြမ်းပြင် ကြမ်းခင်း ချော်မလဲအောင်လုပ်ထားပါ။ ကော်ဇော အခင်း အနေတော်တာသုံးပါ။ လျှပ်စစ် ခလုတ် ဝိုင်ယာတွေနဲ့ ကင်းလွတ်ပါစေ။ အလင်းရောင်လုံလောက်ပါစေ။ သွားရာလာရာ လမ်းနဲ့ လှေကား မြင်သာအောင် ပြုပြင်ထားပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ