သဘာဝ ဆီးချို သက်သာစေမည့်နည်း


 (မြန်မာနိုင်ငံ နေရာအနှံ့မှာ ရှာတွေ့နိုင်တဲ့ ဆေးရွက်လေးပါ)
ကျွန်တော် သင်္ကြန် ရက်မှာ ပူလွန်းလို့ ဘယ်မှ မသွားဘဲ အိမ်မှာပဲနေတယ်…အိမ်ကို ကျွန်တော် သူငယ်ချင်း ချစ်စနိုးနဲ့ သူငယ်ချင်းတွေခေါ်တဲ့နံမည်(ကိုပဲကြီး) ရောက်လာတယ်…ဦး ပုဂံ ပြည်သားရေ ကျွန်တော် ဆီးချိုလုံးဝ ကျသွားပြီ…အင်္ဂလိပ် ဆေးကတော့ သောက်ရင် ဆီးချိုကျတယ်…ဒါပေမယ့် လူကတော့ အရမ်းနှုံးသွားတယ်။ ဒါပေမယ့် ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က ဒီ ခရေရွက် မနုမရင့် လေးနဲ့ စမ်းသောက်ကြည့်ပါလားဆိုပြီး သောက်လိုက်တာ အရမ်းကို အဆင်ပြေသွားတယ်။ ဆီးချိုလည်း ကျတယ်…လူလည်းမနှုန်းတော့ဘူး…
ကိုပဲကြီး ပေးတဲ့ ဆေးနည်းလေးကတော့………

 ခရေရွက်ဖြင့် ဆီးချိုရောဂါ ကုနည်း
(၁) ခရေရွက် ခပ်သန့်သန့် မနုမရင့်ကို လက်တစ်ဆုပ်ခန့် ခူးယူပါ။
(၂) ခရေရွက်များကို ရေစင်အောင် ဆေးကြော၍ ရေသုံးခွက်တစ်ခွက်တင် ကျိုလိုက်ပါ။
(၃) ၄င်းခရေရွက်ကျိုဆေးရည်ကို တစ်နေ့တစ်ခွက် သောက်ပေးပါ။

တစ်ပတ်ခန့် သောက်သုံးပြီးလျှင် ဆီးချိုရောဂါများ ခန္ဓာကိုယ်အတွင်းမှ သိသာစွာ လျှော့ကျသွားပါလိမ့်မည်။
ပိုက်ဆံအကုန်အကျလည်း သက်သာသလို သဘာဝဆေးနည်းဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။
ဆရာဇီဝကကြီးပြောခဲ့သလိုပါပဲ။ သစ်ပင်သစ်ရွက်တိုင်းဟာ ဆေးဖက် ၀င်ပါတယ်တဲ့။ မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့ စကားအတိုင်းပါပဲ။
ကဲ မိတ်ဆွေတို့လည်း ဒီဆေးနည်းလေးကို ဆီးချိုဝေဒနာရှင်များအတွက် မျှဝေပေးလိုက်ပါကြပါဦးနော်။
လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့နေဆိုင်(ပူတာအို)၏ ဆေးနည်းကို ဦး ပုဂံ ပြည်သားမှ ပြန်လည်တင်ဆက်လိုက်ရပါတယ်…

Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ