ဆံပင်ဆေးဆိုးတာ၊ ဖြောင့်တာတွေက ရင်သားကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်နေ


ဆံပင်ဖြောင့်တာ၊ ဆေးဆိုးတာတွေ ပုံမှန်ပြုလုပ်လေ့ရှိသူ အာဖရိကန် အမေရိကန်နဲ့ လူဖြူ အမျိုးသမီး တွေမှာ ရင်သားကင်ဆာ ဖြစ်ပွါးမယ့် အန္တရာယ် ပိုမိုမြင့်မားတယ်လို့ မကြာသေးမီက လေ့လာမှုအရ သိရပါတယ်။

အာဖရိကန်-အမေရိကန်နဲ့ လူဖြူအမျိုးသမီး(၄၂၈၅)ဦးကို လေ့လာမှုမှာ၊ ဆံပင်ဆိုးဆေး အမည်းဆိုးကြတဲ့ လူမည်းအမျိုးသမီးတွေနဲ့၊ ဓါတုဆံပင် ဖြောင့် ဆေးသုံးစွဲသူ လူဖြူအမျိုးသမီးတွေကြားမှာ ရင်သား ကင်ဆာ ဖြစ်ပွါးမယ့် ဘေးအန္တရာယ်နှုန်း သိသိသာသာ မြင့်မားနေတာကို ကနဦးတွေ့ ရှိခဲ့ပါတယ်။

ဆံပင်အမည်းဆိုးတဲ့ လူမည်းအမျိုးသမီးတွေမှာ၊ ဆေးမဆိုးတဲ့ လူမည်းအမျိုးသမီးတွေထက် ရင်သား ကင်ဆာဖြစ်ပွါးမယ့် ဘေးအန္တရာယ်ဟာ(၅၁)ရာခိုင်နှုန်း ပိုမိုမြင့်မားသလို၊ ဆံပင်ဖြောင့် ဆေးအသုံးပြုတဲ့ လူဖြူအမျိုးသမီးတွေဟာ အသုံးမပြုသူတွေထက် ရင်သားကင်ဆာဖြစ်ပွါးမယ့် ဘေးအန္တရာယ် (၇၄)ရာခိုင်နှုန်း ပိုမိုမြင့်မားတယ်လို့  လေ့လာချက်မှာတွေ့ရှိခဲ့ပါတယ်။


ဆံပင်အမည်းဆိုးပြီးဖြောင့်ဆေးသုံးတဲ့လူဖြူအမျိုး သမီးတွေမှာတော့ ရင်သားကင်ဆာ ဖြစ်ပွါးမှုနှုန်း ပိုမိုမြင့်မားကာ၊ လုံးဝမသုံးသူတွေထက်နှစ်ဆပိုမိုမြင့်မား တယ်လို့ သိရပါတယ်။ ဒီလေ့လာမှုမှာ (၂၀၀၂) ခုနှစ်မှ(၂၀၀၈)ခုနှစ်အတွင်း ရင်သားကင်ဆာဖြစ်ပွါးခဲ့သူ နယူးယော့ခ်နဲ့ နယူးဂျာစီပြည်နယ်တွေက အရွယ် ရောက်ပြီး အမျိုးသမီးတွေနဲ့ ကင်ဆာမဖြစ်ဖူးတဲ့ အလားတူ အသားအရောင်၊ အသက်အရွယ်ရှိတဲ့ အမျိုးသမီးတွေကိုလည်း စစ်တမ်းကောက်ယူလေ့လာခဲ့တာပါ။

ဆံပင်ဆိုးဆေးအမည်းကို ကာလရှည်ကြာ အသုံးပြုသူတွေမှာ၊ သွေးဖြူဆဲလ်စ်တွေ၊ သရက်ရွက်နဲ့ အသည်းကိုထိခိုက်စေတဲ့ အသက်သေဆုံးသည်အထိ ဆိုးဝါးလှတဲ့ ရောဂါဖြစ်ပွါးမှုနှုန်း လေးဆပိုမို မြင့်မားတယ်လို့ အရင်လေ့လာမှုမှာ ဖော်ပြထားပါတယ်။ ဆံပင်ဆိုးဆေးအမည်းဟာ ဆီးအိမ်ကင်ဆာ ဖစ်ပွါးမှုနှုန်းကို မြင့်မားစေတယ်လို့ Channel News Asia သတင်းမှာဖော်ပြ ထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ