သံပရာသီး ချဉ်တည်နည်း


သံပရာသီးချဉ် အသုံးရအောင် တည်နည်းကား သံပရာသီး အနုအနွမ်းတို့ကို မပါစေနှင့်။ ရင့်ရင့်ရွမ်းပြင်း အမှည့်ဆွတ်စ လတ်လတ်ကိုပြာ ထည့်၍ အစပ်ရည် ကုန်အောင် လေးရက်ရေလဲ၍ စိမ်လေ။ ရက်စေ့လျှင် သံပရာသီးကို ရေစင်အောင်ဆေး၍ နေမှာ တစ်နေ့လှန်း၊ ခန့်ခန့် ထပ်ထပ် ရှိလျှင် ဆားရည်နှင့် နှစ်ရက်၊ သုံးရက် စိမ်ပြန်။ သုံးရက်စေ့လျှင်၊ နေပူလှန်း။

ခန့်ခန့်ထပ်ထပ် ရှိလျှင် လေးစိတ်ခွဲ၊ ဆားငန်ငန်သွတ်၍ နေမှာ တစ်နေ့လှန်း ပြီးလျှင် ငါးမြင်းရင်း ငါးပိ၊ ငါးပတ်ငါးပိ အသားကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းကျို၍ ဆီကို ကျက်စွာချက်၊ ဆီကျက်အေးနှင့် ဖျော်၊ သည်အရည်နှင့် သံပရာသီး လေးစိတ်ခွဲ ထဲကို ၀င်အောင် နယ်၍ အိုး သန့်သန့်တွင် ကျပ်ကျပ်သိပ်၊ အပေါ်ကို ဖက်လုံစွာပိတ်၊ ကုပ်ကျပ် ကျပ်နှိပ်၊ ဆီကျက်၊ ဆားရည် ဖျော်၍ အပေါ်က တင်၊ တစ်နှစ် နှစ်နှစ် ခံ၏။ ချက်ဖယောင်း ကဲ့သို့ နူးနပ်သည်။ အရသာလည်း လေးလေး ကောင်းလှသည်။ သံပရာသီးမှည့် အကောင်း တည်နည်းပြီး၏။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ