Alternate names ယဉ်ယဉ်လေးခေါ်ရအောင်


ပညာပေးသူတွေက Disabled မသန်မစွမ်းသူကိုလဲ Differently abled တမူထူးခြား သန်စွမ်းသူများလို့ ပြောတယ်။ ဆရာဝန်တွေကလည်း ရောဂါနာမည်ကို လူတိုင်းမသိအောင် ကြံဖန်ပြောရတာမျိုးလဲရှိတယ်။ ဥပမာ TB တီဘီ ကို Koch’s ကော့ခ် လို့ပြောရတယ်။

ရှေးအခေါ်တွေကနေ ပြောင်းလာတာတွေ ရှိတယ်။
• Bad Blood သွေးဆိုး = Syphilis ဆစ်ဖလစ်၊
• French pox ပြင်သစ်ကျောက် Syphilis ဆစ်ဖလစ်၊
• Great pox မဟာကျောက် = Syphilis ဆစ်ဖလစ်၊
• Enteric fever အင်းတရစ် အဖျား = Typhoid fever တိုက်ဖွိုက်၊
• Hydrophobia ရေကြောက် = Rabies ရေးဘီးစ် (ခွေးရူး)၊
• Infantile paralysis သူငယ်နာ အကြောသေ = Polio ပိုလီယို၊
• Nostalgia အတိတ်စွဲ = Homesickness အိမ်အလွမ်း၊
• Rubeola ရူဘဲလား = German measles ဂျာမန်ဝက်သက်၊
• Ship fever သင်္ဘောဖျား = Typhus တိုက်ဖတ်စ်၊
• Jail fever ထောင်ဖျား = Typhus တိုက်ဖတ်စ်၊
• Winter fever ဆောင်းဖျား = Pneumonia နူမိုးနီးယား၊

ပြောင်းလာတာက ပိုဆိုးနေတာလဲ တွေ့ရတယ်။
• Elephantiasis ဆင်ခြေထောက် = A form of leprosy လက်ပရိုစီတမျိုး၊
• Mania မင်းနီးယား = Insanity အရူး၊
Insanity စိတ်ရောဂါသည်ကို Craziness or Madness စသဖြင့်ခေါ်တယ်။ တရာရုံးတွေမှာတော့ Personality disorder လို့သုံးတယ်။ Foolish ရူးရုးမိုက်မိုက်လုပ်တာ၊ Unreasonable ကျိုးကြောင်းမဆီလျှော်လုပ်တာကိုပြောတာ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ