မေးစေ့ပေါ်က ဆားဝက်ခြံ ဖယ်ရှားနည်းများ


မေးစေ့ဆားဝက်ခြံတွေက တင်းတိပ်နဲ့ ဝက်ခြံတွေကဲ့သို့ အဖြစ်များပါတယ်။ ဆားဝက်ခြံဆိုတာ နှာခေါင်းနဲ့ မေးစေ့လို နေရာတွေမှာ ဖြစ်ပေါ်တဲ့ အဖုသေးသေးလေးတွေ ဖြစ်ပါတယ်။ မေးစေ့နေရာမှာ ဒီအဖုလေးတွေ ပေါ်လွင်ထင်ရှားပြီး ပိုကြီးပါတယ်။ ဒီမေးစေ့ဆားဝက်ခြံတွေဟာ စိတ်အနှောင့်အယှက် တကယ် ဖြစ်စေပြီး အသားအရေရဲ့ အလှအပကို ပျက်စီးစေနိုင်ပါတယ်။ ဒါကို မိတ်ကပ်သုံးပြီး ဖုံးဖိလို့ မရပါဘူး။ ဖုံးဖိဖို့ ကြိုးစားပါက ပြသနာ ပိုဖြစ်စေနိုင်ပါတယ်။ ချွေးပေါက်ပိတ်စေတဲ့ အရာတွေ ပြုမိပါက ဆားဝက်ခြံတွေ ပိုထွက်လာပါလိမ့်မယ်။
မေးစေ့ပေါ်က ဆားဝက်ခြံဖယ်ရှားနည်းတွေက. . .
· ညင်သာစွာ သန့်ရှင်းပေးခြင်းနဲ့ အရေပြားဆဲလ်သေများ နေ့တိုင်း ဖယ်ရှားပေးခြင်းက ချွေးပေါက်အတွင်း အညစ်အကြေး မရှိအောင် တားဆီးပေးပါတယ်။
· ချွေးပေါက်ပွင့်စေဖို့အတွက် အနည်းဆုံး ၁၀ မိနစ်ကြာ ရေနွေးထည့်ထားတဲ့ ဇလုံပေါ် ခေါင်းငုံ့ မျက်နှာရေနွေးငွေ့ ရိုက်ပေးပါ။
· ဆားဝက်ခြံ အတင်းအဓ္ဓမ ဖယ်ရှားခြင်း (သို့) တိုက်ချွတ်ခြင်းစတာတွေ ဘယ်တော့မှ အလွန်အကျွံမလုပ်ပါနဲ့။
· ပင်လယ်ဆားက မေးစေ့ဆားဝက်ခြံကို ဖယ်ရှားပေးနိုင်ပါတယ်။
· အသားအရေ ပိုမို ကြည်လင်သန့်ရှင်းစေဖို့ ဗီတာမင် - စီ အလုံအလောက် အမြဲစားသုံးပါ။
· ဖြစ်တဲ့နေရာမှာ လိမ္မော်သီးခွံ သို့မဟုတ် ကြိတ်ထားတဲ့ အနှစ်အခဲပျော့ လိမ်းပြီး အနည်းဆုံး ၁၅ မိနစ်ထားပေးပါ။
· အရေပြားမှာ ရှားစောင်းလက်ပတ်လိမ်းပေးခြင်းကလည်း မေးစေ့ဆားဝက်ခြံပျောက်ကင်းအောင် ကုသရာမှာ အင်မတန်ထိရောက်ပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ