Azithromycin အဇစ်သရိုမိုင်စင်ဆေး


မင်္ဂလာပါဆရာရှင့်။ ပုံထဲကဆေးက ဘာအတွက်ပေးတဲ့ဆေးပါလဲဆရာ။ ကျမသမီးအသက် ၉လ ဖျားလို့ဆေးခန်းပြတော့ ဒီပုလင်းလေးပေးလိုက်ပါတယ်။ ဆရာဝန်ကို မေးမလို့ပါဘဲ။ ကိုယ့်ထက် အသည်းအသန်တွေများလို့ မမေးခဲ့ရပါ။ ကျေးဇူးပြုပြီးဖြေပေးပါဦး။

Azithromycin အဇစ်သရိုမိုင်စင်ဆိုတာ မက်ခရိုလိုက်အုပ်စု ပဋိဇီဝဆေးဖြစ်တယ်။ နားအလည်ပိုင်းရောင်ခြင်း၊ အာသီးရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နူမိုးနီးယား၊ ဆိုင်းနူဆိုက်တစ်၊ လိင်ကတဆင့် ကူးစက်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း၊ ခရီးသွား-ဝမ်းပျက်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါတွေအတွက် ပေးနိုင်တယ်။ အစာမစားမီ ၁ နာရီ၊ စားပြီး ၂ နာရီ ပေးပါ၊

ဘေးထွက်ဆိုးကျိုး = ပျို့-အန်၊ အရေပြားနီ၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ မူး၊ လေတက်၊ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက် မိခင်တွေကို သတိဖြင့်ပေးပါ၊ Aluminum နဲ့ Magnesium ပါတဲ့ Antacids လေနာသက်သာဆေးတွေနဲ့ တွဲမသောက်ပါနဲ့။

• ရက်တို နားအလည်ပိုင်းရောင်ခြင်း၊ လူစုလူဝေးက ရတဲ့ နူမိုးနီးယား၊ အာသီး-အာခေါင်ရောင်ခြင်း၊ အရေပြားအနာများ၊ ဆိုင်းနပ်စ်ရောဂါ။ Chlamydia ကဲလ်မီဒီးယားကြောင့် ဆီးပြွန်အဝ-သားအိမ်အဝ ရောင်ခြင်း၊ = ပဌမနေ့မှာ 500 mg ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။
• နာတာရှည် လေပြွန်ရောင်၊ လိုင်းမ်ရောဂါ၊ လိင်မှတဆင့် ကူးစက်ရောဂါများ၊ နှလုံးအတွင်းသား-အရိုးအဆစ်-အစာခြေလမ်း-သားအိမ်အဝ ရောင်ခြင်း၊ နားပြည်ယိုခြင်း၊ သာမန် တိုက်ဖွိုက်၊ အသက်ရှူလမ်း၊ အရေပြား ပိုးဝင်ခြင်း၊ နူမိုးနီးယား = 250-500 mg Daily (7.5-20 mg/kg) တနေ့တခါသောက်ပါ။
• နာတာရှည် အသက်ရှူလမ်းပိတ် ရောဂါ ပြန်ထခြင်း = 500 mg တရက်ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။
• Gonorrhea ဂနိုးရီးယား ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 2 g တခါတည်းပေး။
• လိင်လမ်း ရှန်ကာအနာ၊ ဂနိုရီးယားမဟုတ်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 1 g တခါတည်းပေး။
• ဂိုနိုးရီးယားကြောင့် မျက်စိနာခြင်း = 20 mg/kg တခါတည်းပေးပါ။ 1% မျက်စဉ်းခပ်ပါ။
• ရက်တိုဖြစ်တဲ့ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း = 500 mg IV ကို သွေးပြန်ကြောထဲ ၁ နာရီအတွင်းသွင်းပါ၊ ၁-၂ ရက်။
• လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = 1 g တခါတည်းသောက်ပါ။
• လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = ဆေး ၃ မျိုးတွဲနည်းအရ (Ceftriaxone or Cefixime + Metronidazole + Azithromycin or Doxycycline) ပေးပါ။

အဇစ်သရိုမိုင်စင် ကလေးတွေအတွက် ဆေးရည်မှာ 100mg/5mL နဲ့ 200mg/5mL လာတယ်။
10 kg အလေးချိန် = တနေ့ 2.5 ml
12 kg အလေးချိန် = တနေ့ 3 ml
14 kg အလေးချိန် = တနေ့ 3.5 ml
16 kg အလေးချိန် = တနေ့ 4 ml
17 – 25 kg အလေးချိန် = တနေ့ 5 ml
26 – 35 kg အလေးချိန် = တနေ့ 7.5 ml
36 – 45 kg အလေးချိန် = တနေ့ 10 ml
> 45 kg အလေးချိန် = တနေ့ 12.5 ml

လူကြီး ပဌမနေ့မှာ 500 mg သောက်ပါ၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။ ၆ လကနေ ၂ နှစ်ကလေး = 10 mg/kg (maximum: 500 mg/dose) တနေ့ ၁ ကြိမ်၊ ၃ ရက်။

FDA ကနေ B အဆင့်သတ်မှတ်ထားတယ်။ ဆိုလိုတာက အကျိုးက ဘေးထွက်ဆိုးကျိုးထက်ပိုရင် သောက်နိုင်တယ်။ ကလေးအတွက်စိုးရိမ်ရန်မရှိပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ Azithromycin က Erythromycin ထက် ပိုစိတ်ချရတယ်။ ကလေးနို့တိုက်ရင် နို့ထဲမှာ ဆေးပါတယ်။ သတိထားသင့်တယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ