နား ကျန်းမာရေး ဂရုစိုက်ပေး


၁။ နားဖာချေး သိပ်မပိတ်ပါ စေနဲ့။

အသက်ကြီး လာလေ နားဖာ ချေးထွက်နှုန်းများ လာလေ ဖြစ်သည်။ နားထဲမှာ နားဖာချေး သိပ်များ နေလျှင် နားသိပ်မကြား တာမျိုး ဖြစ်တတ်သည်။ သက်ကြီးပိုင်းများ အကြားအာရုံ အားနည်းရခြင်းတွင် ထို အချက်လည်း သက်ဆိုင်သည်။ နားသည် အလိုလို သန့်ရှင်းရေး လုပ်သော အရာ ဖြစ်၏။ သို့သော် နားဖာချေးများ မာခဲ သွားလျှင် သန့်ရှင်းရေး လုပ်နိုင်စွမ်း မရှိ။ နားဖာချေး မာခဲ နေလျှင် ညဘက် အိပ်ချိန်၌ အုန်းဆီ တစ်စက် နှစ်စက်ခန့် ထည့်ပြီး အိပ်ပါ။ ခေါင်းအုံးပေါ် မစွန်းအောင် ပုဝါတစ်ထည်ခံ အိပ်ပါ။

၂။ ဟောက်တတ်သူနဲ့ အိပ်လျှင် သတိထား။

ဇနီးမောင်နှံ နှစ်ယောက်တွင် တစ်ယောက်က ဟောက်တတ်လျှင် ကျန်တစ်ယောက်သည် နားကျပ်ဂွမ်း သို့မဟုတ် နားအုပ်ကိရိယာ တပ်ပြီး အိပ်သင့်သည်။ အနီးကပ် ဟောက်သံသည် ၉၀ ဒတ်ဆီဘယ်နီးပါး ရှိသည်။ ထိုနှုန်းသည် လမ်းပေါ်တွင် ကွန်ကရစ်တုံး ခွဲသည့် တုန်ခါစက် နီးပါးကျယ်သည်။ ကနေဒါ နိုင်ငံ ကွင်းစ် တက္ကသိုလ်တွင် ဇနီးမောင်နှံ လေးဦး၏ အကူအညီဖြင့် လေ့လာမှု အရ ဟောက်တတ်သူ များ၏ ကြင်ဖက် များသည် ဟောက်သံကြောင့် နားလေး တတ်ပြီး အထူးသဖြင့် ဟောက်သော သူ၏ ပါးစပ်နှင့် အနီးဆုံးဘက် နားသည် ပိုလေးတတ်ကြောင်း တွေ့ရှိခဲ့ ရသည်။

၃။ အဆီလျှော့ စားပါ။

အဆီစားများပြီး ကိုလက်စထရောဓာတ် များပြား လာပါက နားတစ်ဝိုက် သွေးကြောများ အတွင်း အဆီခဲများ စုပြုံပိတ်ကာ သွေးစီးဆင်းမှု လျော့သွား တတ်သည်။ စပိန်နိုင်ငံ အဲလ်ဘီယာဇို ဆေးရုံမှ သုတေသီ တို့သည် အသက် (၆၅) နှစ်အထက် လူ (၁၈၀) ကို စောင့်ကြည့် လေ့လာခဲ့ရာ ကိုလက်စထရောဓာတ် များပြား သူတို့သည် အကြား အာရုံလည်း ချို့ယွင်းတတ်ကြောင်း တွေ့ရှိ ခဲ့သည်။

၎။ ကျန်းမာရေး လေ့ကျင့်ခန်း လုံလုံလောက်လောက် လုပ်။

မီယာမီ တက္ကသိုလ်မှ သုတေသီတို့သည် လေ့လာခံသူ များကို ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်းများ နှစ်လတိုင်တိုင် လုပ်ခိုင်းပြီး စောင့်ကြည့် ခဲ့ရာ အကြားအာရုံများ ပိုကောင်းလာ သလို၊ နှလုံးသွေး လှည့်ပတ်မှုလည်း ပိုကောင်းလာကြောင်း တွေ့ရှိခဲ့ရသည်။ နားကျပ်ထိုးကာ သီချင်း ကျယ်ကျယ် ဖွင့်ပြီး လေ့ကျင့်ခန်း မလုပ်သင့်။ ထိုသို့ လုပ်ပါက အကြားအာရုံကိုပင် ထိခိုက်တတ်ကြောင်း ဆွီဒင် သုတေသီ များက ဆိုထားသည်။

၅။ ကျန်းမာအောင် စား။

ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ဘီ၊ မက်ဂ္ဂနီဆီယမ်၊ လိုင်ကိုပင်း ဓာတ်များ ကြွယ်ဝစွာ ပါသော အစားအသောက် များကို စားသောက်သူ များသည် အကြားအာရုံလည်း ပိုကောင်းမွန်ကြောင်း အမေရိကန် နိုင်ငံ ဗန်ဒါဘစ် တက္ကသိုလ်က လူ ၂၁၁၁ ဦးဖြင့် လုပ်ထားသည့် စစ်တမ်း အရ သိရသည်။ အဆီ များသော ငါးများကို စားသုံးသူများ သည်လည်း အကြားအာရုံ ကောင်းမွန်ကြကြောင်း တွေ့ရှိ ရသည်။

ကိုထိုက်
Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ