Weight loss ပိန်ချင်သလား


မင်္ဂလာပါဆရာ။ သိချင်တာလေးရှိလို့ပါဆရာ။ မနက်အိပ်ရာထရင် ရေတဖန်ခွက်ထဲ ဆော်ဒါလက်ဖက်ရည်ဇွန်းတဇွန်း၊ သံပုယိုသီးညှပ်ပြီး နေ့စဉ်သောက်ပေးရင် ဗိုက်ထဲကအဆီတွေကိုလောင်ကျွမ်းစေတယ်လို့ page တချို့မှာဖတ်ရပါတယ်။ ရက် (၂၀)သောက်ရင် ဗိုက်အဆီကျသွားတယ်လို့ဆိုပါတယ်ဆရာ။ အဲလိုသောက်တာ ကျန်းမာရေးနဲ့ညီမညီ၊ ဆိုးကျိုး ဘယ်လိုရှိနိုင်လဲ သိချင်လို့ပါဆရာ။ ဆရာ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ။

သောက်တဲ့သူ အသက်-ကျား-မ- မသိ။ ဘာဖြစ်နေမသိ။

အသက်၂၇၊ မိန်းကလေး၊ ကိုယ်အလေးချိန် ၁၈၀ ပေါင်၊ အဆီကျလို၍သောက်တာပါဆရာ။

မေးတဲ့သူကများတယ်။ ပိန်ချင်လို့မေးကြသူ မရေမတွက်နိုင်အောင် များပါတယ်။ နည်းတွေသိပေမဲ့ မလိုက်နိုင်လို့၊ အချိန်ယူတာကြာလို့ လူမပိန်သေးလဲ စိတ်မပိန်ပါနဲ့။ လှလို့ဝလို့ဆိုတာလည်း အလွန်နားဝင်ချိုလှတဲ့ နုတ်ခွန်းဆက် မဟုတ်ပါလား။ အမှန်က ဝရင် မ-ဟော်မုန်း များနေတယ်။ သူများနေရင် (ဘဲလင့်စ်) မျှခြေပျက်တော့ မျိုးဥအိမ်ကနေ မျိုးဥထွက်တာကို အဟန့်အတား ဖြစ်စေတာမို့ ကလေးရမှာကို သက်ရောက်စေတယ်။ ကိုယ်ဝန်ရပြီး မွေးတဲ့အခါလဲ သူများထက် ခက်သေးပြန်တယ်။

ငယ်ကတည်းက ဝတဲ့မိန်းကလေးတွေ အပျိုဖြစ်စောတယ်၊ ရာသီထိန်တာ ဖြစ်တတ်တယ်။ ဝတယ်လို့ ဘယ်လို ဆုံးဖြတ်မလဲ။ အရပ်နဲ့အလေးချိန်ဇယားနဲ့ တွက်တာအပြင် BMI ဆိုတာနဲ့လဲ တိကျအောင် တွက်သေးတယ်။ သူ့အလေးချိန်ရဲ့ ၃ဝ% က အဆီဖြစ်နေရင် အဝလွန်တယ်လို့ သတ်မှတ်တယ်။ ၅ ပေ ၁ လက္မ အမျိုးသမီးဆိုရင် ၁ဝ၅ ပေါင်နဲတယ်၊ ၁၂၂ သင့်တယ်၊ ၁၄ဝ ပေါင်များတယ်။

ဝလွန်းသူများ နှလုံးသွေးကြောရောဂါ၊ ဆီးချိုနဲ့ သွေးတိုး။ ဒီ ၃ မျိုးအပြင် အဝလွန်တာနဲ့ ကလေးမရနိုင်တာဆက်စပ်မှု ရှိတယ်လို့ သုတေသနတိုင်းက လက်ခံတယ်။ ဆေးတွေကို သိပ်အားမပေးပါ။ ပိန်ဆေးထဲမှာ လူသုံးများတာကတော့ Sibutramine ဖြစ်တယ်။ အိန္ဒိယမှာတော့ ကုဋေ ၂ဝဝ ကိုယ်အလေးချိန်ကျဆေး ဈေးကွက်ထဲမှာ Meridia နာမည်နဲ့ ရောင်းနေပါတယ်။ အမေရိကားနဲ့ ဥရောပမှာတော့ ဒီဆေးကို ရောင်းခွင့်ပိတ်လိုက်ပါပြီ။ နှလုံးရောဂါ ဖြစ်စေနိုင်လို့ပါ။

ကိုယ်အလေးချိန်ချ ဥပဒေသ
အဆီတပေါင်ကျအောင် ကလိုရီ ၃၅ဝဝ ကို ပိုပြီးကုန်စေအာင် လုပ်ရမယ်။ မလွယ်ဘူးထင်နိုင်တယ်။ လိုတဲ့ခရီးရောက်ဘို့ ခြေတလှမ်းချင်းနဲ့သာ စရတာချည်းဘဲ။ တိကျချင်သူတွေအတွက် ရေးပါမယ်။

၁။ BMR တွက်ပါ။ လူတယောက် အသက်ရှူတာ။ အစာချေတာစတဲ့ မလုပ်မဖြစ်အလုပ်တွေအတွက် လိုအပ်တဲ့ အနည်းဆုံး ကလိုရီကိုပြောတာပါ။ နေ့တိုင်း ဒါထက်ပိုမစားပါနဲ့။

၂။ ကိုယ်လုပ်နေရတဲ့ အလုပ်မျိုးရဲ့ သဘောသဘာဝကို တပါတ်စာအတွက် ချိန်ဆပါ။ အိပ်နေ၊ ထိုင်နေ၊ လမ်းသွားနေ၊ လေ့ကျင့်ခန်းလုပ်နေ၊ ထမင်းချက်နေ၊ စတာတွေအတွက် သုံးရတဲ့ ကလိုရီတွေချရေး။ ပေါင်းထည့်ပါ။

၃။ ကိုယ်စားနေသမျှ ကလိုရီတွက်ချပါ။ တပတ်စာစစ်ဆေးကြည့်ပါ။

၎။ BMR ဂဏန်းထဲကို ၂ နဲ့ပေါင်းပြီး၊ ၃ ကို နုတ်လိုက်ပါ။ စားနေတာက ပိုရင် ဝလိမ့်မယ်။ ပြင်ပေတော့။

၅။ Coke သောက်မဲ့အစား ရေတခွက်သာသောက်လိုက်ပါ။ ၉၇ ကလိုရီသက်သာစေတယ်။ ထောပတ်သုတ်မစားဘဲ ရှောင်တာ တဇွန်းကနေ ၁၈၅ ကလိုရီသသက်သာစေမယ်။ လှေကားအတက်အဆင်း ၁ဝ ခါလုပ်တာနဲ့ ၁ဝဝ ကုန်စေမယ်။ ၁ဝ မိနစ်အိပ်ရစောထပြီး လမ်းခဏလျှောက်တာ ၁ဝဝ ကုန်စေအုံးမယ်။ တီဗွီကြည့်ပြီး ၁ဝ မိနစ် ယောဂလုပ်ရင် ၅ဝ ကုန်မယ်။

၆။ လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ချဘို့ ဒုတိယအရေးပါတယ်။ အကြမ်းအားဖြင့် တပတ်ကို မိနစ် ၂၅ဝ လုပ်ရမယ်။ မိနစ် ၅ဝ စီ ၅ ရက်။ စလုပ်တဲ့သူ တပါတ် ၃ ရက်ကနေစနိုင်တယ်။

အဝလွန်ခြင်းအတွက် ဆေးများ
RCT ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုပြုလို့ ထွက်လာတဲ့ ရလဒ်တွေအရ -
1. Diethlyproprion = Trade off မသုံးတော့၊
2. Fluoxetine = Trade off မသုံးတော့၊
3. Maxindol = Trade off မသုံးတော့၊
4. Orlistat = Trade off မသုံးတော့၊
5. Phentermine = Trade off မသုံးတော့၊
6. Sibutramine = Trade off မသုံးတော့၊
7. Sibutramine + Orlistat = Trade off မသုံးတော့၊
8. Dexfenfluramine = Likely to be ineffective or harmful ထိရောက်မှု မသေချာ သို့မဟုတ် စိတ်မချရ၊
9. Fenfluramine = Likely to be ineffective or harmful ထိရောက်မှု မသေချာ သို့မဟုတ် စိတ်မချရ၊
10. Fenfluramine + Phentermine = Likely to be ineffective or harmful ထိရောက်မှု မသေချာ သို့မဟုတ် စိတ်မချရ၊
11. Phenylpropanolamine = Likely to be ineffective or harmful ထိရောက်မှု မသေချာ သို့မဟုတ် ဒုက္ခပေးနိုင်သည်။

ဆေးဆိုရင်သာ သောက်လိုက်ပျောက်မယ်ထင်ကြတယ်။ ဆေးတွေမှာ သတိထားစရာတွေရှိတယ်။ တချို့ဆေးတွေမှာ ပြန်ပြင်လို့မရတဲ့ အမှားတွေဖြစ်စေနိုင်တယ်။ ပိန်ဆေးအများစုဟာ ပိုက်ဆံအတွက် ကြော်ငြာရောင်းတာဖြစ်တယ်။ မျိုးဗီဇအရဝသူတွေ ပြင်မရနိုင်။ အရပ်နည်းတွေ ပေါတယ်။ ဆေးသုတေသနမရှိကြပါ။ ဟော်မုန်းကြောင့် (ကိုယ်ဝန်၊ ကလေးမွေး၊ အသက်အရွယ်အပြောင်းအလဲ) အရ ဝသူတွေ ပြင်လို့မရသလောက်ခက်တယ်။ ပိုမတက်အောင်ထိန်းဘို့နဲ့ ကိုယ်အလေးချိန်များလို့ဖြစ်စေနိုင်တဲ့ သွေးတိုး၊ ဆီးချို၊ ကိုလက်စထောများတာတွေကို နေ့စဉ် ဆင်ခြင်နေဘို့လိုပါတယ်။

ကလိုရီများတာတွေ ငါးရက်လောက် လျော့စား၊ တနေ့ကို ငါးမိနစ်လောက် ချွေးထွက်အောင် လေ့ကျင်မှု တခုခုလုပ်ပြီး၊ ငါပိန်ရမယ်၊ ငါပိန်ရမယ်၊ဆိုပြီး တနေ့ ငါးခါ ရွတ်ပါ။ ငါးကျပ်သား မဟုတ်ဘူး၊ ငါးပေါင် ကျရမယ်လို့ သန္နိဋ္ဌာန်ချပါလား။

- Baschi Pink Quick Slimming ပိန်ဆေးကြော်ငြာ http://doctortintswe.blogspot.com/2015/03/baschi-pink-quick-slimming.html
- Weight loss pills are dangerous ပိန်ဆေးတွေအန္တရာယ် http://doctortintswe.blogspot.com/2015/04/weight-loss-pills-are-dangerous.html
- Nutrition အာဟာရ http://doctortintswe.blogspot.com/2014/12/nutrition.html
- Crash diets ပိန်စာ http://doctortintswe.blogspot.com/2014/11/crash-diets.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ