ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူးများ


ဆေးဘက်ဝင်ပင်အဖြစ် လူသိများသော ရှားစောင်းလက်ပပ်(ခေါ်)Aloe vera ကို နိုင်ငံတိုင်းလိုလိုတွင် တိုင်းရင်းဆေးအဖြစ်အသုံးပြုရန် အထူးတလည် စိုက်ပျိုးလေ့ရှိကြသည်။ အထူးသဖြင့် အာဖရိက၊ အိန္ဒိယ နှင့် ပူပြင်းခြောက်သွေ့သော အရပ်ဒေသများတွင် ရှင်သန်ကြီး ထွားနှုန်းမြန်ဆန်ကြသည်။ ရှားစောင်းလက်ပပ်ပင်များကို အိန္ဒိယတွင် Korphad, Kattar vazha၊ ပါကစ္စတန်တွင် Quargandal၊ အင်ဒို နီးရှား တွင် Lidah Buaya (မိချောင်းလျှာ)၊ ထိုင်းတွင် မိချောင်းအမြီး (Crocodile Tail)၊ ဗီယက်နမ်တွင် Nha Đam၊ လက်တင်အမေရိ က နှင့် ဖိလစ်ပိုင်တို့ တွင် Savia, Savila, Sabila ဟူ၍အမျိုးမျိုးခေါ်ဝေါ်ကြ၏။
ရှားစောင်းလက်ပပ်အပင်ကို အခြောက်လှမ်းအမှုန့် ကြိတ်ကာ ရေနွေးဆူဆူတွင် လ္ဘက်ခြောက်ခတ်သောက်ခြင်း၊ အရွက်ကိုပါးပါးလှီး ကြိတ်၍ ပိတ်စပါးပါးဖြင့်အရည်ညှစ်ချပြီး ဆူအောင်တည်ကာအမြှုပ်တွေဖယ်ရှားပြီးနောက်၊ သကြား(သို့ မဟုတ်)ပျားရည်ထဲ့ ကြိုသောက် ခြင်း၊ အရွက်ကို ထန်းလျက်/မန်ကျည်းသီးအနှစ်/ဆား တို့ ဖြင့်ချက်ကာ ယိုထိုးခြင်း စသည်ဖြင့် အဆင်ပြေသလို မှီဝဲစားသုံးနိုင်သည်။ ရှား စောင်းလက်ပပ်ထဲတွင် ဖန်သားလိုကြည်လင်သော အဖြူရောင်ဂျယ်လီများပြည့်သိပ်လျှက်ရှိနေပြီး၊ ရေဓာတ် ၉၉ ရာခိုင်နှုန်းခန့် ပါဝင်၏။ ကျန် ၁ ရာခိုင်နှုန်းထဲတွင် ဗီတာမင် နှင့် သတ္တုဓာတ် အမျိုး ၂၀၊ အမိုင်နိုအက်ဆစ် ၁၈ မျိုး၊ phytonutrients နှင့် enzymes စသော ဓာတ် ပေါင်းစု အမျိုးပေါင်း ၂၀၀ စီတို့ အသီးသီးပါရှိကြသည်။ ထို့ ပြင် အပင်များတွင်တွေ့ ရခဲသော ဗီတာမင် B12 ကို ရှားစောင်းလက်ပပ် ထဲတွင် ရှားရှားပါးပါးတွေ့ မြင်ရပြီး၊ သူမတူအောင် ဆေးဘက်ဝင်ပုံကို အောက်ပါအတိုင်း လေ့လာသိရှိနိုင်ပါသည်။

(၁) ဂျယ်လီအနှစ်ကို မျက်ခွံပေါ်အုံပေးပါက မျက်စိနာ-ကိုက်-ပူစပ်-ယားယံခြင်းတို့ကို ပျောက်စေ၏။

(၂) နားထဲတွင်အနာပေါက်ခြင်း၊ နားကိုက်ခြင်း နှင့် နားပိုးဝင်၍ရောင်ကိုင်းခြင်းတို့ အတွက် ရှားစောင်းလက်ပပ်ကို ၂-လက္မ အရွယ် လှီး ဖြတ်ကာ၊ အလယ်မှထက်ခြမ်း-ခြမ်းပြီး တစ်ခြမ်းစီကို နား၏အရှေ့ နှင့်အနောက်ဖက်တို့ တွင်ကပ်၍ ဂျယ်လီအချွဲများဖြင့် နားအပြင်မှပွတ် ပေးခြင်းဖြင့် ရောင်ကိုင်းမှုများလျော့ကာ နာကျင်ကိုက်ခဲမှုများယူပစ်သလို ပျောက်ကင်းစေနိုင်၏။

(၃) ရှားစောင်းလက်ပပ်ကို ဖျော်ရည်သောက်ခြင်း(သို့ မဟုတ်)ပါးပါးလှီး၍ ဟင်းချက်စားခြင်းဖြင့် ဓမ္မတာမှန်စေကာ၊ အမျိုးသမီးများ မျိုး ပွားအင်္ဂါကို ခွန်အားဖြစ်စေရုံသာမက၊ သားအိမ်သန့် စင်စေသည်။ သွေးဆုံးပြီးနောက် မီးယပ်ရောဂါတို့ ကိုလည်း မဖြစ်စေပါ။

(၄) ကျား-မလိင်အဂါင်္များရှိ ရေယုန်နာများကို အပင်၏ဂျယ်လီအနှစ်လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်၏။

(၅) ရှားစောင်းလက်ပပ်အရွက်၏ အတွင်းပိုင်းဂျယ်လီသည် အရေပြားကြမ်းထော်ကာ အနီအပိမ့်များထွက်ရှိခြင်း၊ အရေပြားတွင် ရေအိတ် တည်ခြင်း၊ အပူလောင်ခြင်း၊ ဘက်တီးရီးယားနှင့် မှိုပိုးတို့ ကြောင့် ပွေး/ညှင်း စသည့် အရေပြားရောဂါအမျိုးမျိုးတို့ ကို သက်သာပျောက် ကင်းစေ၏။

(၆) ဓာတ်တိုးဆန့် ကျင်ပစ္စည်းများပါရှိသဖြင့်၊ အစာချေစံနစ်ကိုအားပေးကာ အစာအိမ်နာခြင်း၊ အစာမကျေခြင်းတို့ ကို သက်သာစေသည်။ အထူးသဖြင့် အူမကြီး ကင်ဆာအပါအ၀င် ကင်ဆာအကျိတ်များ ကြီးထွားလာမှုကိုရပ်တန့် စေသည်။ ကိုယ်တွင်း/ကိုယ်ပရောင်ရမ်းနာများ ဖြစ်ကြသော အစာအိမ်ပြည်တည်နာများ၊ အသည်းရောင်ခြင်း၊ အူရောင်ခြင်းဝေဒနာတို့ကို လျော့ကျစေနိုင်၏။

(၇) သွေးထဲရှိ အောက်ဆီဂျင်ကို ကောင်းစွာလည်ပတ်စေပြီး၊ ဆဲလ်များကို ခွန်အားဖြစ်စေသည်။

(၈) အပင်ထဲရှိ Polysaccharides, mannans, anthraquinones နှင့် lectins စသော ဒြပ်ပေါင်းစုများသည် နှလုံးစွမ်းရည်ကို တိုးမြှင့်ပေး သည့်အပြင်၊ သွေးတွင်း အဆီခဲ/သွေးခဲများ ပိတ်ဆို့ခြင်း၊ နှလုံးသွေးပျစ်ခြင်းစသော နှလုံးသွေးကြောပြသနာများကို များစွာ ကောင်းကျိုးပြု သည်။
ထို့ ပြင် နှလုံးရောဂါနှင့်ဆက်စပ်သည့် လေဖြတ်ခြင်းကိုလဲ မဖြစ်လာစေနိုင်ပါ။

(၉) သွေးဖိအားကို ထိန်းညှိပေးခြင်းကြောင့် သွေးတိုးရောဂါမဖြစ်စေပါ။

(၁၀) အရေပြားပေါ်ရှိထိခိုက်ဒဏ်ရာများနှင့် နှင့် ပိုးဝင်ခြင်းတို့ ကိုသက်သာပျောက်ကင်းစေနိုင်၏။ ရှားစောင်လက်ပပ်၏ အသား(အနှစ်) ကို လိမ်းပေးပါက မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စသည်တို့ကို ရှားစောင်းလက်ပပ်တွင်ပါဝင်သော အောက်စီဂျင်ဓါတ်တစ်မျိုးကြောင့် အရေပြားပေါ်မှ ဆဲလ်များကို အလိုလိုပြုပြင်ပေးစွမ်းနိုင်ပါသည်။ (သို့ သော် ခွဲစိတ်အနာ ချုပ်ရိုးများကို အနာကောင်းစွာ မကျက်သေးခင်မှာတော့ မလိမ်းသင့်ပါဘူး အနာကျက်နှေးသွားစေပါတယ်။)

(၁၁) သွေးစုနာ၊ အကြိတ်အဖုအနာ၊ သွေးလုံး၊ လေလုံး၊ အဆီကျိတ်များအပေါ် အပင်၏ဂျယ်လီဖြင့် လိမ်း၍ကပ်ထားပေးခြင်းဖြင့် အကြိတ် ကြေပြည်ပေါက်ထွက်ကာ ငန်းမန်းကြေစေနိုင်၏။

(၁၂) ရှားစောင်းလက်ပပ်အပင်ကိုမီးမြိုက်၍၊ အနှစ်ကိုစားပေးပါက ရေဖျဉ်းရောဂါပျောက်စေပြီး၊ မီးမြှိုက်ထားသောထိုအနှစ်ကို သကြား ဖြင့်စားပေးပါက အမျိုးသမီးများ အဖြူဆင်းခြင်းကို သက်သာစေသည်။

(၁၃) ဂျယ်လီအနှစ်ကိုခြစ်ယူ၍ ဆန်ဆေးရည်တွင်စိမ်ပြီး သကြားထည့်သောက်ပါက ဆီးပူ၊ ဆီးအောင့်ရောဂါ ပျောက်ကင်းစေပြီး၊ ဆီး ကျောက်တည်ခြင်းကို ကာကွယ်ပေးသည်။

(၁၄) အသားဝါရောဝါရှိသူများ ဂျယ်လီအနှစ်သားကို စားပေးခြင်းဖြင့် ချမ်းသာရာရစေ၏။

(၁၅) ဖျော်ရည်လိုသောက်သုံးပေးခြင်းဖြင့် အအေးမိ၊ တုပ်ကွေးဖျားနာ၊ နှာခေါင်းပိတ်ခြင်း၊ လေပြွန်ရောင်ခြင်း၊ ရင်ပူခြင်း စသည့် အသက် ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများကို ကောင်းစွာကုသပေးနိုင်စွမ်းရှိသည်။

(၁၆) သွေးထဲရှိ ဂလူးကို့ စ်ပမာဏကိုကျစေသဖြင့် ဆီးချိုရောဂါသည်များ ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးသင့်သည်။

(၁၇) ခံတွင်းထဲရှိ ဘက်တီးရီးယားပိုးမွှားများကိုသေစေကာ၊ သွားများကိုဖြူဖွေးသန့် စင်ခိုင်ခန့် စေပြီး၊ သွားဖုံးကျန်းမာစေ၏။

(၁၈) သဘာဝ သကြားဓာတ်ပါရှိသဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။

(၁၉) အပင်၏ Enzymes များထဲတွင် ၀မ်းသက်စေသော အစွမ်းသတ္တိပါရှိခြင်းကြောင့် အူမကြီးနံရံရှိအချွဲအကျိများကိုတိုးပွားစေကာ၊ အူ ကို သန့် စင်စေပြီး ၀မ်းမချုပ်စေပါ။ (သို့ သော် အပင်ကို အခြောက်ထား၍ ၀မ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင်တော့ အကျင့်ပါသွားတတ်ပါတယ်)

(၂၀) ခေါင်းမလျှော်ခင်ရှားစောင်းလက်ပတ်ဂျယ်လီ နှင့် ဦးရေပြားကိုပွတ်နယ်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း နှင့် ဆံပင် ကျိုးခြင်းတို့ ကို သက်သာပျောက်ကင်းစေကာ၊ သန်းနှင့် ဗောက်များ လုံးဝကင်းစင်စေသည်။

(၂၁) ရှားစောင်းလက်ပတ်ထဲတွင် ယောင်ရမ်းနာများကိုသက်သာစေသော သဘာဝဓာတ်ပစ္စည်း ၁၂ မျိုးပါရှိ၍၊ ဘေးထွက်ဆိုးကျိုး လုံးဝ မရှိဘဲ၊ အရိုးအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း တို့ ကို သက်သာစေနိုင်၏။ ထို့ ပြင် ကြွက်သားများ တောင့်တင်းခြင်းကိုလဲ ပြေလျော့စေ သည်။

(၂၂) ကိုလက်စထရော ကိုကျစေပြီး၊ အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေသည်။

(၂၃) ခန္ဓာကိုယ်ထဲ အောက်ဆီဂျင်ပြန်လပ်မှုကိုကာကွယ်ပေးသည်။

(၂၄) ကော်ဖီ နှင့် လ္ဘက်ရည် အလွန်အကျွံသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်အတွက်မလိုလားအပ်သော oxalates ဓာတ် အန္တရာယ်မှ ကာကွယ်ပေးသည်။

(၂၅) ညအိပ်ယာဝင်ခါနီး ရှားစောင်းလက်ပပ်ဂျယ်လီကို မျက်နှာအနှံ့လိမ်းပေးပြီး မိနစ်(၂၀) အကြာမှာ ရေအေးနှင့် မျက်နှာပြန်သစ် ပေး ပါက၊ မိတ်ကပ်ချေးညှော်များကင်းစင်ပြီး၊ ချွေးပေါက်ပွင့်ကာ ၀က်ခြံလုံးဝမထွက်စေပါ။ ရှားစောင်း၏ အနှစ်ကို မျက်နှာပေါ်ကို အုပ်ပြီးလိမ်း ပေးပါက ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး ချောမွတ်လှပစေပါသည်။ ၀က်ခြံသာမက၊ တင်းတိပ်များကိုပါ ဖယ်ရှားပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါသည်။

(၂၆) ရှားစောင်းလက်ပပ်ကို အစိမ်းလိုက်ဝါးစားပေးပါက အရက်နာရောဂါကို ပျောက်ကင်းစေပါသည်။ လူကို ပုံမှန်အတိုင်း ပြန်လည် လန်း ဆန်းလာစေနိုင်ပါသည်။

(မှတ်ချက်) သို့ သော် တစ်ရက်လျှင် ၂၀ cc ထက်ပို၍ မစားသင့်ပါ။အလွန်အကျွံစားပါက ကျောက်ကပ် ပျက်စီးစေနိုင်ပါသည်။

လူသားတို့ ခန္ဓာကိုယ်ကို ကျန်းမာစွာတည်ဆောက်နိုင်ရန် အမိုင်နိုအက်ဆစ် စုစုပေါင်းအမျိုး ၂၀ လိုအပ်လျှက်ရှိရာ၊ ၁၈ မျိုးကို ရှားစောင်း လက်ပပ်မှ တပြိုင်တည်းရရှိစေမှာဖြစ်ကြောင်း Food and Drug Administration မှ ထပ်လောင်းအကြံပြုထားပါသည်။ ဒါကြောင့်လည်း ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်သည့်အတွက် ရှားစောင်းလက်ပပ်ဖြင့် ပြုလုပ်ထားသော စားဆေးများ၊ သောက်ဆေးများ၊ လိမ်းဆေးများ၊ ကိုယ်လက်သန့် စင်ဆေးရည်များ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလိမ်းဆီ စသည့် ဆေးအမျိုးမျိုးနှင့် အသုံးအဆောင် မျိုးမျိုးတို့ ကို ရှားစောင်းလက်ပပ်မှ ထုတ်လုပ်နေကြခြင်းဖြစ်သည်။ သို့ ပါ၍ ကျွန်မတို့ ခန္ဓာကိုယ်ကြီး ကျန်းမာစေဖို့  အတွက် ဓာတ်တိုး ဆန့် ကျင်ပစ္စည်းများစုဝေးရာ၊ သဘာဝအရင်းအမြစ်ဖြစ်သည့် ရှားစောင်းလတ်ပပ်ကို သက်စောင့်ဆေးအဖြစ် ယခုပင်မှီဝဲကြပါစို့ လားရှင်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ