Vitamin C ဗီတာမင် (စီ)


ဆရာခင်ဗျာ့း့ ကျား၊ အသက်က (၄၆)နှစ်ပါ။ ရမည်းသင်းမြို့၊ ကင်မွန်းခြုံကျေးရွာမှာနေပါတယ်။ ဗီတာမင်စီနည်းခြင်း အကြောင်းအရာများကို သိချင်လို့ပါဆရာခင်ဗျား။ တနေ့က ကွန်းမင့်ကမေးမိတာ တောင်းပန်ပါရစေဆရာ။

Vitamin C ဗီတာမင် (စီ) ဟာ Ascorbic Acid အက်စကောဗစ်အက်စစ်ဖြစ်တယ်။ အနာကျက်စေဘို့၊ နာတာရှည်ရောဂါ၊ အရိုး၊ သွား၊ သွားဖုံး၊ အရွတ်၊ သွေးကြောတွေ ကောင်းစေဘို့ပေးတယ်။ ခုခံအားအတွက်အသုံးကျတယ်။ မီးလောင်နာ၊ 100-500 mg daily ပေးတယ်။ စိမ်းသည့်အသီးအရွက်၊ ချဉ်တဲ့အသီးတွေနဲ့ အသီးအနှံတွေမှာပါတယ်။

နည်းရင် Scurvy စကာဗီရောဂါဖြစ်တယ်။ ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အသီးအရွက် စိုစိုစိမ်းစိမ်းမစားရတာကြာလို့ ဖြစ်တယ်။ အဲတာကနေ စကာဗီရောဂါကို စသိလာရတာပါ။ စကာဗေရောဂါ သြစတေးလျမှာ မထင်မှတ်ဘဲ ပြန်တွေတယ်လို့ လွန်ခဲ့တဲ့ ၄ နာရီ လောက်က သတင်းတက်လာပါတယ်။ ဗီတာမင်စီမရှိရင် လူ့ကိုယ်ကနေ ကိုလာဂျင်ဆိုတာ မလုပ်နိုင်ဘူး။ ကိုလာဂျင်က အရေပြား၊ သွေးကြောတွေ။ အရိုးနဲ့ အရိုးနုတွေမှာ မရှိမဖြစ်ပါ။ သူကနေတွယ်ဆက်ပေးတာဖြစ်တယ်။

ဖြစ်ပုံက မအီမသာ ခံစားရတာ၊ မောနေမယ်။ အလုပ်ချင်မကိုင်ချင်ဖြစ်မယ်။ စားချင်စိတ်နည်းမယ်။ အသက်ရှူမဝဖြစ်မယ်။ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေ ထုံမယ်။ သွေးယိုတာနဲ့ သေဆုံးနိုင်တယ်။

ကုသရာမှာ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ်မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီးအမျိုးမျိုး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာများတယ်။ အသားငါးတွေမှာလည်းပါတယ်။

ဗီတာမင် (စီ) ကို အအေးမိတာအတွက်လည်းပေးတာ တချို့သုတေသနက ထိရောက်တယ်ပြောတယ်။ အနာတွေ ကျက်တာကောင်းစေဘို့လည်း ပေးလေ့ရှိတယ်။ နှလုံး၊ သွေးကြောအတွက်လည်းကောင်းစေတယ်။ မျက်စိရေတိမ်၊ သည်းခြေအိတ်ရောဂါ၊ သွးအခေါင်းပေါက်တာ၊ ဝမ်းချုပ်တာ၊ ခုခံအားကောင်းစေဘို့ရာ၊ ပန်းနာ၊ လေပြွန်ရောင်တာ၊ ကင်ဆာ၊ အဆစ်နာ၊ ကလေးမရသေးတာ၊ ဆီးချို စတာတွေမှာလည်းပေလေ့ရှိတယ်။ အရက်ဖြတ်၊ ဆေးဖြတ်သူတွေအပြင် အသက်အိုစာတာနည်းစေဘို့ဆိုပြီးလည်း ပေးတယ်။ သွားဖုံးရောဂါ၊ အရေပြားအနာ၊ အရေပြားစိုပြေစေဘို့၊ HIV ပိုး ရှိနေတာ၊ လေနာ၊ ဝမ်းကိုက်၊ ဝက်ခြံ စတာတွေအတွက်လည်းပေးတယ်။ စိတ်ဓါတ်ကျနေသူတွေ၊ မှတ်ဥာဏ်နည်းသူ လူကြီးတွေ၊ ဥာဏ်ရည်နည်းတဲ့ ကလေးတွေကိုလည်းပေးတယ်။

25 mg ကနေ 1500 mg အထိပါတယ်။ ဆေးကို လေလုံအောင်ထားရတယ်။ မဟုတ်ရင် ညိုသွားတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ