စလောင်းရွဲ့ နဲ့ အိုးပဲ့


ကိုးကွယ်တဲ့ဘာသာမတူတဲ့သူကို လင်မယားအဖြစ် ပေါင်းသင်းဘို့အတွက် ဘာသာပြောင်းရမယ်လို့ တောင်းဆိုတာမှာ -
(၁) ချစ်မေတ္တာအတွက် လင်မယားအဖြစ် ပေါင်းသင်းတဲ့အထိ လိုက်လျောနိုင်မှုအတွက် မိရိုးဖလာကိုးကွယ်တဲ့ ဘာသာကနေ တခြားဘာသာကို ပြောင်းကြတာမျိုး မြန်မာပြည်ထဲမှာနဲ့ ပြည်ပနေကြတဲ့ မြန်မာနိုင်ငံဖွါးတွေလည်းရှိတယ်။

(၂) စီးပွါးရေးကြောင့် ငွေကိုင်နိုင်သူကို ပေါင်းသင်းကြနိုင်တဲ့ မြန်မာအမျိုးသမီးတွေလဲ အိန္ဒိယ-မြန်မာ နယ်စပ်မှာ တိုးလာနေပါတယ်။

(၃) တရုပ်ပြည်မကြီးကိုတော့ ပို့ကုန်အနေနဲ့ တရားမဝင်ပို့ရပါတယ်။

(၄) ပရောဂျက်အရ သူတို့ဘာသာကို ပွါးနိုင်သမျှပွါးအောင် မရရအောင်ယူတဲ့စနစ်တခုလဲ မြန်မာပြည်မှာရော ကမ္ဘာတလွှားမှာပါ ရှိနေပါတယ်။

ပဌမအမျိုးအစားမှာ ပြောစရာမရှိလှပါ။ နားလည်မှုရှိကြတဲ့အတွဲတွေမှာ အိမ်ထောင်ရေး သာယာကြာရှည်ပြီး၊ အဲလိုမဟုတ်ရင်တော့ အိမ်ထောင်မမြဲတတ်ပါတယ်။ ဒုတိယအမျိုးအစာကတော့ စာမေးပွဲကျလို့၊ မိဘက ဆိုဆုံးမတာ မခံချင်လို့ စစ်ထဲဝင်တာမျိုးနဲ့ ဆင်ပေမဲ့၊ နိုင်ငံခြားသားက မြန်မာနိုင်ငံသားအယောင်ဆောင်ပြီး နိုင်ငံသားအဖြစ်ကို တရားမဝင်နည်းနဲ့ ရအောင် ယူထားသူနဲ့ လက်ထပ် ပေါင်းသင်းတာက တိုင်းပြည်နဲ့ လူမျိုးရဲ့ အချုပ်အခြာအတွက် အန္တရာယ်ရှိပါတယ်။ တတိယအမျိုးအစားကိုတော့ တရားဥပဒေနဲ့ စီးပွါးရေးကို ပြုပြင်နိုင်ပါမှသာ သက်သာရာကနေ ပျောက်ကင်းနိုင်ပါလိမ့်မယ်။ ဒါတောင်မှ တရုပ်ပြည်မှာ လိင်အချိုးအစား မတရားဖြစ်နေသရွေ့ မပျောက်နိုင်ပါ။ စတုတ္ထအစား ပြောစရာတွေ အများကြီးရှိပါတယ်။

ဒီလိုဖြစ်နေတာတွေကို ကာယကံရှင်က အသိမခံချင်စရာဖြစ်တယ်လို့ ဝေဘန်ပြောဆိုမှု တန်ပြန်မှုလုပ်တာတွေကို အပြစ်ပြောရ ခက်လှပါတယ်။ ကြားလူ၊ ခြံစည်းရိုးပေါ်ကလူတွေ၊ ယူနီဗာဆယ်စံချိန်ရှိ နိုင်ငံတကာဆိုတာတွေ၊ ဘက်မလိုက် သံမဏိစည်းမျဉ်းခံ မီဒီယာတွေကနေ မခံချင်မဖြစ်ကြနဲ့၊ ဒီလိုပြောတာ စံတွေနဲ့လွဲတယ်၊ ဒါလိုလုပ်တာဟာ ချိုးဖေါက်တာဘဲ စသဖြင့် ပြောတာတွေရှိနေပါတယ်။

ပိတ်ဆို့၊ ချုပ်ချယ်၊ တင်းကြပ်၊ သံခြေခြင်းခတ်၊ ပါးစပ်ပိတ်၊ ဘာမှမရေးရ၊ ဘာမှမပြောနဲ့ အခြေအနေကနေ ပြောင်းလာတဲ့ ကနေ့လိုကာလ မြန်မာပြည်မှာ လူအများစုဟာ ဘာကို ယုံရမလဲ၊ ဘယ်ဟာမှန်သလဲ၊ ဘာကကျိုးကြောင်း ဆီလျှော်သလဲ၊ အရှည်ကြည့်ပြောတာလား၊ အကျိုးစီးပွါးကိုက်ပြောတာလား စသဖြင့် ဝေဖန်ပိုင်းခြားဘို့ ခက်ခဲတွေဝေစေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ မဟာ့မဟာစီမံချက်ကြီးကိုလည်း ဆေးဖြူသုတ်ရာ ကျနေပါတယ်။ ဒီကြားထဲမှာ အနက်သားကို ရွှေနားကွပ်သူတချို့လည်းရှိတယ်။ သည်းခြေကြိုက် စလိုဂင်တင်ပြီး အာဏာရရရေးစီမံချက်မှာ ကြိုးဆွဲရာကနေတဲ့ အရေခြုံတွေက နာမည်တမျိုးတမျိုးပြောင်းလုပ်နေကြတယ်။

အဖြစ်ကတော့ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးတာနဲ့ တူပါတယ်။ စလောင်းရွဲ့နဲ့ဖုံးတာကို အပြစ်ဆိုချင်သူများက ရွဲ့နေတဲ့ စလောင်းကို အပြစ်မဆိုကြပါလား။ အိုးက ရွဲ့ယုံမက ပဲ့နေပါပြီ။ ကွဲအက်နေပါပြီ။ မြန်မာပြည်ကြီးမှာ ပဲ့ရွဲ့နေတာထက် ကွဲအက်နေတာကိုပြင်ဘို့ မေ့ကျော်သွားကြမှာ စိုးရိမ်ပါတယ်။ လမ်းလွဲဆွဲခေါ်နေတာတွေကို သတိပြုကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ