Tourniquet Test သွေးလွန်တုပ်ကွေး စမ်းသပ်နည်း


မင်္ဂလာပါဆရာ သွေးလွန်တုပ်ကွေး လက်လုပ်စမ်းသပ်နည်းလေးသိချင်လို့ပါ။ ပုံနှင့်တကွ စမ်းသပ်နည်းလေး ကျေးဇူးပြု၍ ပို့ပေးပါဆရာ။ ဂျပ်စက္ကူနဲ့စမ်းသပ်နည်း ဆရာတင်ထားတာတွေ့ပါတယ်။ လက်ဖျံဆိုတာ ဘယ်နေရာကို အတိအကျယူရမလဲဆရာ။

DHF ခေါ် သွေးလွန်တုပ်ကွေးကို Tourniquet Test တော်နီကေးစမ်းသပ်နည်းလုပ်ရင် အပေါင်းဖြစ်မယ်။ Capillary fragility ခေါ် သွေးကြောမျှဉ်လေးတွေရဲ့ ခံနိုင်ရည်ကိုစမ်းတာဖြစ်တယ်။ Acute gastroenteritis ခေါ် ရက်တို ကျောက်ကပ်ရောင်တာနဲ့ ခွဲခြားနိုင်တယ်။ ဗီတာမင်စီနည်းတာကိုလည်း စမ်းတယ်။

တော်နီကေးစမ်းနည်း
၁။ လူနာကို သွေးဖိအားတိုင်းပါ။ ဥပမာ 100/70 မီလီမီတာမာကျူရီ။

၂။ သွေးဖိအားတိုင်းစရာကို လေလျှော့ချပါ။ SBP အထက်ဂဏန်းနဲ့ DBP အောက်ဂဏန်းကြား အလယ်ဂဏန်းမှာထားပါ။ (100 + 70) ÷ 2 = 85 mm Hg မှာ ၅ မိနစ်ကြာထားမယ်။

၃။ လေဖိအားကို သုညအထိလျော့ချပါ။ ၂ မိနစ်စောင့်ပါ။

၎။ Antecubital fossa ခေါ် တံတောင်ဆစ်ရှေ့ဖက်မျက်နှာမှာရှိတဲ့ Petechiae ခေါ်သွေးခြည်ဥအရေအတွက်ု ရေတွက်ပါ။

၅။ အပေါင်းပြအဖြေဆိုတာ ၁ စတုရန်းလက္မမှာ ၁ဝ ခုထက်များခြင်း။ ၂ဝ ကျော်ရင် သေချာပေါက် သွေးလွန်တုပ်ကွေးလို့ ပြောနိုင်တယ်။ ဂျပ်စက္ကူတခုမှာ ၁ လက္မစတုရန်းကွက်ဖေါက်ထားပြီး စမ်းသပ်မဲ့ လက်ဖျံပေါ်တင်ပြီး ရေတွက်ရတယ်။

သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် အင်တီဘော်ဒီတွေ့မယ်။ သွေးထဲ ပရိုတင်းနည်းတာတို့ ရှိနိုင်တယ်။ သွေးမှုံအရေအတွက် နည်းနေမယ်။ ပုံမှန် 150,000 - 400,000 platelets/mcL ရှိရမယ်။ ပြဒါးတိုင်လိုဘဲ။ အဆိုးအကောင်းကို ညွှန်းပါတယ်။ ဆိုးရင် သွေးမှုံကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့အခဲ ရောနေတာ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမှုန်ဆိုပြီး သုံးမျိုးရှိတယ်။ သွေးမှုန်က အသေးဆုံး။ သူရှိမှ ကောင်းတယ်။ သွေးဟာ သွေးကြောကထွက်ရင် ခဲရတယ်။ မခဲရင် သွေးယိုမယ်။ လူ့သွေးဆိုတာ ရဲမှ-ခဲမှ ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ