HIV Summary အတိုချုပ်


ဘယ်လို ကိုယ်ခန္ဓာအရည်တွေထဲမှာ HIV ပိုးတွေ ပါနေနိုင်သလဲ
၁။ သွေး၊
၂။ သုတ်ရည်၊
၃။ ဗဂျိုင်းနား အရည်၊
၎။ နို့ရည်၊
၅။ တခြား သွေးပါနိုင်တဲ့ အရည်တွေ။

HIV ဘယ်လိုကူးသလဲ
HIV ဗိုင်းရပ်စ် ပိုးတွေဟာ လူ့ကိုယ်ခန္ဓာ အရည်တွေနဲ့ တစ်ရှူးတွေထဲမှာ နေနိုင်တယ်။ ဒါပေမဲ့ သွေး၊ သုတ်ရည်၊ ဗဂျိုင်းနာ-အရည်နဲ့ နို့ရည်တွေကနေသာ အများဆုံးကူးတယ်။ ဒီအရည်တမျိုးမျိုးဟာ တခြားလူရဲ့ အပေါ်ဖုံး-အပါးလွှာ၊ ထိခိုက်ပျက်စီးနေတဲ့ အရေပြားတစ်ရှူးနဲ့ သွေးထဲကို ဆေးထိုအပ်လိုမျိုးနဲ့ တိုက်ရိုက် ထိုးသွင်းတာခံရမှ ကူးစက်တယ်။ စအိုလမ်းနည်းလိင်ဆက်ဆံမှုနဲ့ ဗဂျိုင်းနားကနေ လိင်ဆက်ဆံမှုတွေကနေ ကူးစက်တာ အများဆုံးလို့ သိရတယ်။ နောက်များတာတခုက ဆေးထိုးအပ်ကနေကူးတာ ဖြစ်တယ်။ ပါးစပ်ကို လိင်ဆက်ဆံရာသုံးတာနဲ့ မိခင်ကနေ ကလေးကို မွေးနေတုံးဖြစ်ဖြစ် နို့တိုက်လို့ ဖြစ်ဖြစ်၊ ထမင်းဝါးခွံတာကနေဖြစ်ဖြစ် ကူးစက်တာနည်းတယ်။ ကျန်နည်းတွေကတော့ မသန့်တဲ့သွေးနဲ့ သွေးနဲ့ဆိုင်တာတွေ သွင်းတာ၊ အင်္ဂါအစားထိုးတာတွေကနေကူးတယ်။ ဆေးရုံနဲ့ ကျန်းမာရေး ဌာနမှ အလုပ်လုပ်သူတွေကိုလဲ အပ်-ဓါး စတာတွေကနေတဆင့် ကူးစက်နိုင်တယ်။

တခြား ဖြစ်နိုင်ခြေရှိတဲ့ အရည်တွေဆိုတာဘာတွေလဲ
ဦးနှောက်နဲ့ ခါးရိုးထဲက အာရုံကြောကြီးရဲ့အရည်၊ အဆစ်ထဲကအရည်၊ ရေမြွှာရည်၊ မျက်ရည်၊ တံတွေး။

ကိုယ်ခန္ဓာအပြင်ဘက်မှာ HIV ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ
သိပ္ပံပညာရှင် အားလုံးလောက်နီးနီး လက်ခံကြတာက ပိုးဟာ ကိုယ်ခန္ဓာအပြင်ဘက်မှာ ကြာကြာ မရှင်နိုင်ဘူး။ စအိုလမ်းသုံး လိင်ဆက်ဆံတာကနေ ကူးနိုင်သလား၊ ကွန်ဒွမ်မသုံးရင် သေချာပေါက် ကူးနိုင်တယ်။

ဗဂျိုင်းနားကို လိင်ဆက်ဆံရင် ကူးသလား
ကွန်ဒွမ်မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။ မ-လိင်လမ်းကြောင်း (ဗဂျိုင်းနား၊ သားအိမ်ဝ) နဲ့ ကျား-ဆီးသွားပေါက်တွေမှာ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ အရှ-အနာလေးတွေကနေ ပိုးဝင်နိုင်တယ်။ အနာ-အဆာ ရှိရင်လဲ ဝင်မယ်။ တယောက်ယောက်မှာ (STD) လိင်ကတဆင့်ကူးစက်ရောဂါရှိနေရင် ပိုဖြစ်နိုင်တယ်။

ပါးစပ်သုံး လိင်ဆက်တာကနေ ကူးသလား
လက်ခံသူဖြစ်ဖြစ် ပြုလုပ်ပေးသူဖြစ်ဖြစ် ကူးမယ်။ ထုံးစံလမ်းသုံး လိင်ဆက်ဆံနည်း လောက်တော့ အဖြစ်မများဘူး။ ပါးစပ်နဲ့ လည်ချောင်းတဝှိုက်မှာ အနာအဆာ ရှိရင် ပိုဖြစ်နိုင်ခြေ များမယ်။ သုတ်ရည်ကို ပါးစပ်ထဲ ထုတ်မိရင် ပိုဖြစ်နိုင်ခြေ များမယ်။ STD ရှိနေရင် ပိုဖြစ်နိုင်ခြေ များမယ်။

Sex toys လိင်သဲုးကရိယာတွေသုံးရင် ကူးနိုင်သလား
Dildos တို့ Vibrators တို့မျှသုံးရင် ကူးစက်နိုင်လို့ ကွန်ဒွမ်အသစ်သုံးပါ။

ဆေးထိုးလို့ ကူးသလား
ကူးနိုင်တယ်။ ထိုးဆေး၊ ဆေးဝါး-ကရိယာ၊ သွေးပါနေမဲ့ ဆေးထိုးပိုက်၊ မိုးရေ ပြန်သုံးတာ၊ ပုလင်း၊ အဖုံး၊ ဇွန်း၊ အစစ်၊ ဆေးရည်၊ ပတ္တီး၊ ဝါဂွမ်း၊ စတာတွေကို မျှသုံးတာ၊ လမ်းဘေးရောင်း ဆေးထိုးပိုက်-အပ်တွေက ပြန်ထုပ်တာတွေ ဖြစ်နိုင်တယ်။ စိတ်မချရဘူး။

HIV နဲ့ တခြားလိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ ဆက်စပ်မှု ရှိသလား
ရှိတယ်။ အဲလိုရောဂါ တခုခုရှိနေသူမှာ HIV ပိုပြီး ကူးစက်နိုင်တယ်။ ဥပမာ ဆစ်ဖလစ်၊ လိင်လမ်း-ရေယုံ၊ ရှန်ကာ၊ ကလာမိုင်ဒီးယား၊ ဂနိုးရီးယား၊

ဆေးရုံ-ဆေးခန်း အလုပ်လုပ်သူတွေကို ကူးစက်သလား
ကူးစက်နိုင်တယ်။ ကြိုတင် ကာကွယ်ရေး နဲ့ တကိုယ်ရေ အကာအကွယ်တွေ သုံးရမယ်။ အဓိက သတိထားဘို့က အပ်၊ ဓါးလို ပြတ်ရှတာနဲ့ မတော်တဆ ထိခိုက်မိရင် ပိုဖြစ်နိုင်တယ်။ ၁% လောက်နီးနီး ရှိတယ်။

မိန်းမချင်း လိင်ဆက်ဆံတာကနေ ကူးသလား
ရှားပါတယ်။ ဗဂျိုင်းနားအရည်နဲ့ ရာသီသွေးထဲမှာ ပိုးပါနိုင်တယ်။

တက်တူးထိုးတာ၊ ကွင်းတွေဖေါက်ဝတ်ဆင်တာကနေ ကူးသလား
ကူးနိုင်တယ်။ အသုံးအဆောင်တွေကို ပိုးသန့်တာ နည်းရင် ဖြစ်နိုင်တယ်။ တခါသုံး မဟုတ်ရင် ကူးနိုင်တယ်။

နမ်းတာကနေကူးသလား
ဘယ်လိုနမ်းသလဲအပေါ်မှာ မူတည်တယ်။ ပြင်သစ်နည်းခေါ်တဲ့ နှုတ်ခမ်းစုပ်နမ်းနည်းနဲ့ကူးတာ အတော်တော့ ရှားတယ်။ နုတ်ခမ်းမှာ အနာရှိမှဖြစ်တယ်။ ပါးစပ်ပိတ်နမ်းတာ၊ ပါးကို နမ်းလို့ ကူးတာ မတွေ့ရသေးပါ။

လူချင်းကိုက်လို့ ကူးသလား
ရှားတယ်။ ၁၉၉၇ တုံးကရှိဘူးတာကို ထုတ်ပြန်ဘူးတယ်။

ခြင်ကောင်ကနေကူးသလား
မကူးပါ။ မကူးစက်နိုင်တဲ့ ဆက်ဆံမှုတွေဆိုတာ ကုပ်မိလို့ မကူးပါ။ တံတွေးစင်လို့ မကူးပါ။ လက်ဆွဲ နှုတ်တက်တာ၊ ရင်ချင်းအပ်တာ၊ ရေအိမ်အတူသုံးတာ၊ ဖန်ခွက်၊ နှာချေ၊ ချောင်းဆိုး တာကနေ မကူးပါ။ အလုပ်ဌာနတူတာ၊ Schools ကျောင်း အတူနေတာ၊ သာရေး-နာရေး အတူသွားတာ၊ တခါးဖွင့်ဘု ကိုင်မိတာ၊ ပန်းကန်ခွက်ယောက်၊ Pets အိမ်မွေး-တိရစ္ဆာန်၊ အားကစား။

အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ် ကိန်းဂဏန်းများ
၁၉၈၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု လော့စ်အင်ဂျဲလိစ် က လူ ၅ ဦးမှာ HIV/AIDS ရောဂါ ရှိခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနကနေ ထုတ်ပြန်ခဲ့တာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ နှစ် ၃ဝ တင်းတင်း ပြည့်သွားပြီ ဖြစ်တယ်။ အဲဒီ ထုတ်ပြန်ချက်ကို HIV/AIDS ရောဂါရဲ့ ကနဦးလို့ သတ်မှတ်နိုင်ပြီး၊ အဲဒီကတည်းက HIV/AIDS ရောဂါကို လေ့လာဘို့ အတူးအဖွဲ့ကိုလဲ စတင်ဖွဲ့စည်းခဲ့တယ်။ ၁၉၈၂ ဇူလိုင်လမှာ ဒီရောဂါလို့ နာမည်မတပ်ရသေးသူပေါင်း အမေရိကန် ပြည်ထောင်စု တဝက်လောက်မှာ ပြန့်နေတဲ့ လူနာပေါင်း ရာဂဏန်း ရှိနေပြီဖြစ်တယ်။ HIV ပိုးဟာ လူ့ကိုယ်အပြင်ဘက်မှာ ကြာကြာမရှင်နိုင်ပါ၊ ဆက်ပွါးများမှုမဖြစ်နိုင်ပါလို့သာ အခုထိလုပ်ထားတဲ့ သုတေသနတွေကဆိုပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ