Thyroid Hormone Diseases သိုင်းရွိုက်ဟော်မုန်းရောဂါများ


ကနေ့တော့ အသက်-အချက်အလက်မပြောသူတွေ အတော်များတာပဲ။ သူတို့က တစ်သတ်ပုံမရေးကြလို့ မျက်နှာလိုက်ပြီး အဖြေစာတွေ အပြည့်အစုံပို့လိုက်ပါတယ်။ Smile!

ဆရာရှင့်မင်္ဂလာပါ။ သမီးဆရာကို တခုလောက်မေးခွင့်ပြုပါ။ သမီးလွန်ခဲ့တဲ့တနှစ်လောက်က လည်ပင်က ကြီးလာပြီး အဖျားက ညနေဘက်ဆိုချမ်းတုန်ပြီးဖျားလာပါတယ်။ ၀ိတ်ကလဲသိသိသားသားကျသွားပြီး ဆံပင်တွေလဲကျွတ်ပါတယ်။ လည်ပင်းကလည်း သိသိသာသာကြီးလာတာ နှလုံးခုန်နှုန်းကလဲ မြန်လာပြီး မောလာပါတယ်။ အဲဒါနဲ့ သမီးက့ အရာရှိဖြစ်သောကြောင့့် ဆေးရုံတက်ရောက်ကုသခဲ့ရပါတယ်။ သွေးစစ်ခိုင်းပါတယ်။ t3 t4 tsh စစ်ခိုင်းတဲ့အခါ ဟိုင်ပိုသိုင်းရွက်လို့ပြောပါတယ်။ သိုင်းရွက်ဂလန်းရောင်ပြီး ဟော်မုန်းအထုတ်များသောရောဂါလို့ ပြောပါတယ်။ carbinmazole နဲ့ proponelol သောက်ခိုင်းပါတယ်။ ပြီးတော့ ပန်နီစလုံးလဲ သောက်ရပါတယ်။ ၆ လသောက်ပြီးတော့ သွေးပြန်စစ်တဲ့အခါ ဟိုင်ပါဖြစ်သွားတယ်ဆိုပြီး ဆေးဆက်မသောက်ခိုင်းတော့ပဲ အခု eltroxin ၁၀၀ လေးစိတ်တစိတ် သောက်ခိုင်းပါတယ်။ အခုဆေးပြန်စစ်တဲ့အခါ t3 t4 tsh normal ဖြစ်နေပေမဲ့ ၀ိန်ကလဲ ကျနေတုန်းပါပဲဆရာ။ ညနေဘက်ဆို ကိုယ်ကခပ်နွေးဖြစ်နေပါတယ်ဆရာ။ နည်းနည်းအေးတာနဲ့ လက်တွေခြေတွေ ကိုက်ပါတယ်ဆရာ။ အမအရင်း sle ဖြစ်နေပါတယ်ဆရာ။ သမီးကို antibody စစ်ခိုင်းတော့ 846.4H ဖြစ်နေပါတယ်ဆရာ။ လူကလဲ အရပ် ၅ ပေ ၇ လက်မကို ပေါင် ၁၀၀ ပဲရှိပါတယ်ဆရာ။ အစားစားချင်စိတ်လဲ မရှိပါဘူးဆရာ။ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်နေပေမဲ့ လူကအားမရှိသလိုဖြစ်နေပါတယ်ဆရာ။ ရိုသေစွာမေးမြန်းပါတယ်ဆရာ။

အသက် မသိပါ။ ရာသီ မသိပါ။ အိမ်ထောင်ရေး မသိပါ။ T3, T4, TSH အဖြေတွေ မသိပါ။ carbinmazole နဲ့ proponelol တွေက ဟော်မုန်းများသူ ဟိုက်ပါသိုင်းရွိုက်ကို ပေးတယ်။ ပိန်တာကလည်း ဟော်မုန်းများနေလို့ ဖြစ်နိုင်တယ်။


1. Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ http://doctortintswe.blogspot.com/2014/12/carbimazole.html
2. Goitre Q and A လည်ပင်းကြီး အမေး-အဖြေ http://doctortintswe.blogspot.com/2015/04/goitre-q-and.html
3. Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သား-သမီးရနိုင်ခြင်း http://doctortintswe.blogspot.com/…/hyperthyroidism-and-fer…
4. Hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ http://doctortintswe.blogspot.com/20…/…/hyperthyroidism.html
5. Hypothyroid in Children လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာလာဖြစ် http://doctortintswe.blogspot.com/…/hypothyroid-in-children…
6. Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ http://doctortintswe.blogspot.com/2014/…/hypothyroidism.html
7. Nuclear Medicine အနုမြူဆေးပညာ http://doctortintswe.blogspot.com/…/12/nuclear-medicine.html
8. SLE ထူးခြားတဲ့ရောဂါ http://doctortintswe.blogspot.com/2014/11/sle.html
9. Thyroid Cancer သိုင်းရွိုက်ကင်ဆာ http://doctortintswe.blogspot.com/2015/…/thyroid-cancer.html
10. Thyroid Disorders လည်ပင်းကြီးရောဂါတွေ http://doctortintswe.blogspot.com/…/…/thyroid-disorders.html
11. Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်း http://doctortintswe.blogspot.com/…/thyroid-function-tests.…
12. Thyroid လည်ပင်းကြီးရောဂါ http://doctortintswe.blogspot.com/2014/12/thyroid.html
13. Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး http://doctortintswe.blogspot.com/2015/01/thyrosit.html
14. Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း http://doctortintswe.blogspot.com/…/01/toxic-goiter-q-and.h…

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ