Shelf Life of Medication ဆေးသက်တမ်း


ဆရာရှင့် ကလေးဆေးတွေက ဖွင့်ဖောက်ပြီးရင် ဘယ်လောက်ထားလို့ရလဲ သိချင်ပါတယ်။

ဆေးတမျိုးနဲ့တမျိုးမတူပါ။ အမှုံ့ကိုရေနဲ့ဖျော်တာ ရက်ပိုင်းသာခံတယ်။ ဆေးပြားတွေက ဆေးသက်တမ်းအတိုင်း ထားနိုင်တယ်။ နေရောင် ထိလို့မရတာ ရတာရှိတယ်။ ပုလင်းအရောင်ရင့်ဆိုရင် နေရောင်နဲ့ မသင့်ပါ။ ဆေးတွေးဟာ အစားအသောက်တွေလိုပဲ သက်တမ်းရှိတယ်။ ဆေးတိုင်းမှာ ထုတ်လုပ်တာနဲ့ သက်တမ်းကုန်ရက်စွဲ ရေးထားရတယ်။ ဥပဒေအရလုပ်ရတယ်။

အလွတ်ဝယ်ရတဲ့ဆေးတွေနဲ့ ဆရာဝန်လက်မှတ်မလိုတဲ့ဆေးတွေလို့ ၂ မျိုးရှိတယ်။ ယျေဘုယျ အလွတ်ဝယ်ရတဲ့ ဆေးတွေဟာ သက်တမ်း ၄ နှစ်ကနေ ၅ နှစ်ထိအထားခံတယ်။ အဲတာ ဆေးဆိုင်ကနေဝယ်လာပြီး အိမ်မှာ စနစ်တကျ ထားနိုင်တဲ့သက်တမ်းကိုပြောတာ။ ဆေးသက်တမ်းအကြောင်း စာတပုဒ်ရေးထားပြီးဖြစ်တယ်။ ရက်စွဲလွန်တာနဲ့ အတိအကျ သုံးမရတော့ဆိုတာတော့ မဟုတ်ပါ။ တချို့ဆေးတွေကို နှစ်တွေကြာအောင် သုံးနိုင်တယ်။ တချို့ဆေးတွေက သုံးလို့ အန္တရာယ်မဖြစ်ပေမယ့် အာနိသင်နည်းသွားမယ်။

ဆေးတွေကို အပူချိန် 77° F (25° C) အောက်မှာသာထားရမယ်။ ဆေးကက်ဘိနက် (ဘီရို) နဲ့ထားသင့်တယ်။ မူလဆေးဗူး၊ ဆေးပုလင်းနဲ့သာထည့်ထားသင့်တယ်။ ဆေးဗူးဖွင့်တာနဲ့ ပြင်ပလေနဲ့တွေ့ပြီး အညွှန်းပါသက်တမ်းအတိုင်း မရှိနိုင်တော့ပါ။ ပိုးတွေလည်းဝင်လာနိုင်တယ်။

ဆေးရည်တွေကိုလည်း ရက်စွဲကျော်တာ မသုံးရပါ။ ဆေးပြား၊ ဆေးလုံး၊ ဆေးတောင့်တွေက ဆေးရည်ထက် ပိုပြီး ကြာကြာခံတယ်။ အလင်းရောင်၊ အပူချိန်နဲ့ စိုထိုင်းမှုတွေနဲ့ ထိတွေတာဟာ ဆေးသက်တမ်းတိုစေတယ်။

Insulin အင်စူလင်ဆေး၊ eye drops မျက်စဉ်းတွေနဲ့ antibiotics ပဋိဇီဝဆေးတွေကိုတော့ ရက်စွဲအတွင်းသာသုံးရမယ်။

band-aids ဆေးကပ်ခွါ၊ rubber gloves ရာဘာလက်အိပ်တွေက သက်တမ်းကြာလေး မာကျောလာလေ၊ စေးကပ်မှု နည်းလာလေ။ လေဟာနယ်သိမ်းထားတာက ကြာကြာခံတယ်။ ပျားရည်ကအတော်ကြာကြာခံတယ်။

acetaminophen (Tylenol) ပါရာစီတမော၊ ဝမ်းပိတ်ဆေးတွေကတော့ ရက်စွဲလွန်တာလည်း သုံးနိုင်သေးပါတယ်။ ဖြစ်နိုင်ရင်တော့ မသုံးပါနဲ့။ ပါရာစီတမောအရည်ပုလင်းကို ဖွင့်သုံးပြီး အဖုံးကို သေချာပြန်ပိတ်ပြီး ငြိမ်တဲ့နေရာမှာ ထားနိုင်တယ်။ ဖွင့်ထားပြီးလည်း သက်တမ်းကုန်တဲ့အထိ နောက်အခါတွေ ဆက်သုံးနိုင်တယ်။

ပဋိဇီဝဆေးရည်ကိုတော့ တခါဖွင့်ပြီး ဆေပတ်လည်နဲ့နောက် နောက်တခါနေမကောင်းလို့ ပြန်မသုံးသင့်တော့ပါ။ ဆေးပုလင်းဖွင့်ပြီးနောက် ပျမ်းမျှ ၁၄ ရက်အထိသာ သုံးသင့်တယ်။

ဆေးပုလင်းဗူးတွေ ပုလင်းတွေကို သတိထားကြည့်ပါ။ ကြည်နေတဲ့ပုလင်းထဲကဆေးဟာ အလင်းရောင်ထိတာခံနိုင်တယ်။ အရောင်ရင့်ပုလင်းထဲကဆေးတွေက အလင်းရောင်နဲ့ထိရင် သက်တမ်းတိုတယ်။

Drug Expiration Dates ဆေးတွေ ရက်လွန်နေရင် http://doctortintswe.blogspot.com/2016/02/drug-expiration-dates.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ