တစ်ကမ္ဘာလုံး သက်သတ်လွတ်စားသော်…


၂၀၁၇ ဇွန် (၁၂) ဟာ ကမ္ဘာ့သက်သတ်လွတ်နေ့  ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးက ရုတ်တရက် သက်သတ်လွတ်စစားပြီး အမြဲတမ်းလည်း အသားမစားဘဲနေကြတော့မယ်ဆိုရင် ဘာတွေဖြစ်သွားမလဲ၊ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်၊ လူတွေရဲ့ ကျန်းမာရေး၊ ကမ္ဘာ့စီးပွားရေး နဲ့  အခြားအခြားသော ကမ္ဘာ လုံးဆိုင်ရာ အခန်းကဏ္ဍတွေမှာ ဘယ်လိုကောင်းကျိုး၊ဆိုးကျိုးတွေ သက်ရောက်စေနိုင်မလဲ ဆိုတာ လေ့လာကြည့်ရအောင်။

၂၀၅၀ အတွင်း တစ်ကမ္ဘာလုံး တစ်ယောက်မကျန် သက်သတ်လွတ်စားသူတွေဖြစ်သွားရင် တစ်နှစ်ကို လူသေဆုံးမှု ၇ သန်း လျော့သွားပါမယ်။ အဲဒီအတိုင်း ဆက်လက်ကျင့်ကြံသွားနိုင်မယ်ဆိုရင် ၈ သန်း ဖြစ် သွားပါမယ်။
အစာနဲ့ ဆက်နွယ်နေပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ ဓါတ်ငွေ့ ထုတ်လွှင့်မှုလည်း ၆၀ ရာခိုင်နှုန်း လျော့သွားပါမယ်။ ဘာကြောင့်လဲဆိုတော့ အမဲသားကို နွားကနေရပါတယ်။ နွားတွေနဲ့  မီသိန်းဓါတ်ငွေ့ ထုတ်လွှတ်မှုဟာ နည်းမျိုးစုံနဲ့  ဆက်နွယ်နေပါတယ်။

ဒါပေမယ့် ဖွံ့ ဖြိုးဆဲကမ္ဘာက မွေးမြူရေးသမားတွေကတော့ အထိနာပါမယ်။ ပူပြင်းခြောက်သွေ့ လွန်းတဲ့၊ ဒါမှ မဟုတ် စိုစွတ်မှုတစ်ပိုင်း၊ခြောက်သွေ့ မှုတစ်ပိုင်းဖြစ်တတ်တဲ့ မြေကြမ်းတွေကို တိရိစ္ဆာန် မွေးမြူဖို့ လောက် ပဲ အသုံးပြုလို့ ရမှာပါ။ ဒီတော့ အမဲသား၊မြင်းသား၊ဆိတ်သား၊သိုးသား အစရှိသည်ဖြင့် မစားကြတော့ဘူး ဆိုရင် အဲဒီမွေးမြူရေးသမားတွေဟာလည်း ဒေသကိုစွန့် ခွာကြရပါလိမ့်မယ်။ ဒေသကို စွန့် ခွာလိုက်တာနဲ့ အတူ သူတို့ ရဲ့ လူမျိုးစုယဉ်ကျေးမှုတွေလည်း ပျောက်ကွယ်သွားမှာပါ။

အသားမစားကြတော့တဲ့အတွက် တိရိစ္ဆာန်တွေရဲ့ စားကျက်တွေဟာလည်း သဘာဝတောအုပ်တွေ ပြန်ဖြစ်လာပါမယ်။ အကျိုးဆက်အနေနဲ့  ရာသီဥတုပြောင်းလဲမှုလည်း တဖြည်းဖြည်းနောက်ကြောင်းပြန် လှည့်လာပါမယ်။ အဲဒါနဲ့ အတူ ဇီဝမျိုးစိပ်တွေ ပြန်လည်ပေါများလာပါမယ်။ အရင်ကလို အမြစ်တွေကို စားတဲ့ တောတွင်းကျွဲကြီးတွေရော၊ ၀ံပုလွေလိုအသားစားတိရိစ္ဆာန်တွေပါ ပြန်ပေါများလာပါမယ်။ တစ်ချိန် က နွားတွေကိုလာတိုက်ခိုက်လို့  ၀ံပုလွေရော၊ တောကျွဲတွေကိုပါ လူတွေက မျိုးသုဉ်းလုနီးပါး နှိမ်နှင်း ထားတာပါ။

အခု မွေးမြူရေးလုပ်ငန်းလုပ်နေသူတွေကိုတော့ အလုပ်အသစ်သင်ပေးရပါလိမ့်မယ်။ စိုက်ပျိုးရေး၊ တော အုပ် ပြန်လည်စိမ်းလန်းစိုပြည်လာရေး၊ ဇီဝစွမ်းအင်ထုတ်လုပ်ရေး အစရှိတဲ့ကဏ္ဍတွေမှာ နေရာပေးနိုင်ပါ တယ်။ အသက်မွေးဝမ်းကျောင်းအလုပ်ကို အစားထိုးပေးနိုင်ဖို့ ပျက်ကွက်ခဲ့ရင်တော့ အလုပ်လက်မဲ့ဦးရေ အုံလိုက်ကျင်းလိုက်များလာမှာဖြစ်ပြီး လူမှုရေးပဋိပက္ခတွေနဲ့  ကျေးလက်လူတန်းစားတွေ၊ ရှေးထုံး အတိုင်းနေကြတဲ့လူတန်းစားတွေကြားထဲ မကျေလည်မှုတွေ ဖြစ်ပွားလာနိုင်ပါတယ်။

သိုးဆိုတဲ့သတ္တ၀ါ ကွယ်ပျောက်သွားရင်လည်း ဇီဝမျိုးစိပ်အပေါ် ဆိုးကျိုးသက်ရောက်ပါလိမ့်မယ်။ သိုးတွေ က မြက်စားရင်းနဲ့  တောတောင်ရေမြေတွေကို နှစ်ပေါင်းရာနဲ့ ချီ ပုံသွင်းပေးခဲ့ကြပါတယ်။ ဒီတော့ သိုးတွေဆက်ပြီးမွေးထားဖို့  အချို့ သောမွေးမြူရေးသမားတွေကို အခကြေးငွေပေးပြီး အလုပ်ခန့် ထားရ ပါလိမ့်မယ်။

ခရစ္စမတ်ကြက်ဆင် ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ အသားကိုစွန့် လွတ်မယ်ဆိုရင် အသားနဲ့  ဆက်နွယ်နေတဲ့ ထုံးတမ်းစဉ်လာတွေကိုလည်း စွန့် ရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ မင်္ဂလာလက်ဖွဲ့ အဖြစ် မွေးမြူရေးတိရိစ္ဆာန်တွေကို လက်ဖွဲ့ ပေးတဲ့နိုင်ငံနဲ့ လူမျိုး အတော်များများရှိကြပါတယ်။ သူတို့ ကို သက်သတ်လွတ် စားခိုင်းဖို့ ထက် အဲဒီထုံးတမ်းစဉ်လာတွေကို စွန့် လွတ်ခိုင်းဖို့ က ပိုခက်ပါလိမ့်မယ်။ ဒါကြောင့်လည်း သက်သတ်လွတ်စားကြဖို့  စည်းရုံးမှုအတော်များများက မအောင်မြင်တာပါ။

သက်သတ်လွတ်စားတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါနဲ့  ကင်ဆာ အချို့  ဖြစ်ပွားမှုကို လျော့ကျစေပါမယ်။ ဒီတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့  ဆေးဖိုးဝါးခကုန်ကျမှု သက်သာသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့  GDP ကို ၃ ရာခိုင်နှုန်းလောက် သက်သာစေပါလိမ့်မယ်။

သို့ သော် အသားကနေရတဲ့အဟာရတွေကို အစားထိုးနိုင်ဖို့ တော့ လိုပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ အခုကို အဟာရချို့ တဲ့သူ ၂ ဘီလီယံထက်မနည်း ရှိနေပါတယ်။ အသားမှာ ဆန်တွေ၊ပဲတွေထက် အဟာရ ပိုတယ်ဆိုတာတော့ ငြင်းဆိုဖွယ်ရာမရှိဘူး ဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ