Birth Defects မွေးရာပါချို့ယွင်းချက်


ဆရာ မေးဆရာလေးတစ်ခုရှိလို့ပါ။ သမီးပီးခဲ့တဲ့အပတ်က ultrasound သွားရိုက်ပါတယ်။ ကိုယ်ဝန် ၂ဝ ပတ်နဲ့ ၃ ရက်မှာပါ။ ဒုတိယကိုယ်ဝန်ပါ။ ရိုက်ပီးနောက်နေ့ OB ကတွေ့ချင်တယ်ဆိုလို့ သွားတွေ့တော့ ခလေးရဲ့အချေနေ ပြောပြတယ်။ water on head နဲ့ heart defect လို့ပြောတယ်။ ပီးတော့ spinal နဲ့တင်ပါးမဆက်နေဘူးတဲ့။ တစ်ကယ်လို့ heart defect ဖြစ်တယ်ဆိုရင် ခလေးကပုံမှန်နှလုံးခုန်ရဲ့လား။ အခုကခလေးကပုံမှန်ပဲ ၁၄၇ - ၁၅၂။ Water on head (hydrocephalus) ဆိုရင် ဘာတွေဆက်ဖြစ်နိုင်ပါလဲ။ OB ကတိတိကျကျဘာမှမရှင်းပြဘူး။ specialist နဲ့ သွားတွေ့ခိုင်းတယ်။ ကြာဦးမယ်။ ပထမ ခလေးက ဘာမှမဖြစ်ဘူး။ အားလုံးကောင်းပီး ကျန်းမာတယ်။ ရိုးရိုးမွေးတယ်။ ပုံမှန်ပါပဲ မြန်မာစာ ၂ တန်းထိပဲသင်ခဲ့ဘူးလို့ စာလုံးပေါင်းမှား ရင်ခွင့်လွတ်ပါ။

ဆောရီး။ အထဲကကလေးမှာ မွေးရာပါချို့ယွင်းချက်တွေရှိနေတယ်။ ဦးနှောက်နဲ့ အာရုံကြော + နှလုံးမကောင်းပါ။ ဆောရီး။ ကလေးအသက်နဲ့မွေးလာလည်း သက်တမ်းမရှည်လောက်ပါ။ ဆောရီး။ OB လို့သုံးရင် ယူအက်စ်အေမှာနေတာ ဖြစ်တယ်။ ဥပဒေရှိတယ်။ မိဘတွေသဘောဆုံးဖြတ်လို့ရတယ်။

မေးတဲ့သူက ကျောင်းပညာအားနည်းခဲ့တာကို ထုတ်ပြောလို့ ချီးကျူးပါတယ်။ ဖတ်တဲ့သူတွေအတွက်တော့ သတ်ပုံ ပြင်ပါရစေ။ မေးဆရာ မဟုတ်ပါ။ မေးစရာလို့သာရေးရတယ်။ အချေနေမဟုတ်ပါ။ အခြေအနေလို့သာရေးရတယ်။

ပီး မဟုတ်ပါ။ တစ်ခု မဟုတ်ပါ။ တစ်ကယ်လို့ မဟုတ်ပါ။ ခလေး မဟုတ်ပါ။ အဲဒီသတ်ပုံတွေကတော့ ဘွဲ့ရတွေရော၊ မဟာတွေရော၊ ပါမောကတွေရော၊ ညွှန်ချုပ်တွေရော၊ စာရေးဆရာတွေရော၊ ကဗျာဆရာတွေရော။ မြန်မာစာ ဆရာ့ဆရာကြီးတွေရောက ရေးနေကြတယ်။ ကျွန်တော်လည်း ၂ တန်းသာသင်ခဲ့ရသူလိုဖြစ်နေပြီ။

မွေးရာပါချို့ယွင်းချက်တွေဆိုတာ အများအားဖြင့် ကံတရားပါပဲ။ ကံကောင်းပါစေ။ မြန်မာစာလည်း ကံကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ