အရွယ်တင်နုပျိုစေဖို့ S သုံးလုံးကို ရှောင်ကြစို့


အသက်အရွယ်ကြီးရင့်လာတာကို တားဆီးထားလို့မရသလို ရပ်တန့်လိုက်ဖို့လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ အသက်အရွယ်ထက် ပိုပြီးနုပျိုကျန်းမာနေအောင်တော့ လုပ်လို့ရပါတယ်။ နုပျိုလန်းဆန်း ကျန်းမာဖို့ လုပ်သင့် တဲ့ အချက်တွေအများကြီးရှိတဲ့အထဲက အရေးကြီးပြီး လူသတိမထားမိတဲ့အချက် (၃) ချက်ကို ဖော်ပြပေးလိုက် ပါရစေ။ အတိုကောက် S သုံးလုံးလို့ မှတ်သားကြတဲ့ Sun (နေ)၊ Stress (စိတ်ဖိစီးမှု)၊ Sugar (သကြားဓါတ်) စတာတွေကို မိမိခန္ဓာကိုယ် တွင်း ရောက်ရှိမှု နည်းနိုင်သမျှနည်းအောင် ရှောင် ရှားကြရမှာဖြစ်ပါတယ်။
Sun (နေ) - နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုများရင် အသားအရေ မွဲခြောက်ညိုမည်းပြီး အရွယ်ကျရုပ်ရင့် စေမှာ အသေအချာပါပဲ။ မနက်ခင်းနေရောင်ခြည်ကို လူတွေဟာ လိုအပ်တာမှန်ပေမဲ့ အပူချိန်ပြင်း လွန်းတဲ့ နေလည် ဘက်တွေမှာ ထီး၊ ဦးထုပ်၊နေကာမျက်မှန် စတဲ့ နေရောင် အကာအကွယ်မပါပဲ သွားလာရင် ခရမ်းလွန်ရောင် ခြည်နဲ့ ထိတွေ့မှုများပြီး အသားအရေပျက်စီးတဲ့အပြင် အရေပြားနဲ့ပတ်သက် တဲ့ရောဂါများ လည်း ဖြစ်ပွားနိုင်ပါတယ်။
Stress (စိတ်ဖိစီးမှု) - စိတ်ညစ်၊ စိတ်ဆိုး၊ စိတ်တင်းကြပ်မှုတွေ တာရှည် လာတဲ့အခါ စိတ်အတွင်း ဖိစီးမှုတွေ ဖြစ်လာပြီး မျက်နှာထားတင်းကာ မလှမပဖြစ်တတ်တာ အမှန်ပါ။ မပျော်ရွှင်နေသူဟာ ဘယ်လိုများ လှပနုပျိုနိုင် မှာလဲ။ နဂိုအလှအပရှိနေသူတွေတောင် စိတ်ဖိစီးမှုများ လာတဲ့အခါ မလှမပနိုင်ဖြစ်ကာ အရွယ်ကျရုပ်ရင့်တတ်ပါ တယ်။ ဒါကြောင့် စိတ်ညစ်စရာ စိတ်ဓါတ်ကျစရာရှိနေရင်တောင် စိတ်အေးအေးထားပြီး ဖြေရှင်းသင့်ပါတယ်။
Sugar (သကြားဓါတ်) - သကြားဓါတ်ဟာ သကြားအပါအ၀င် ချိုတဲ့အစား အစာတွေမှာပါဝင်ပါတယ်။ ဘီစကစ်၊ ကိတ်မုန့်၊ရေခဲမုန့်၊ အချိုရည်၊ ချိုလွန်းသောမုန့်များ စတာတွေကို နည်းနိုင်သမျှ နည်းအောင် စားသင့်ပါတယ်။ အချိုဓါတ်ဟာ အရေပြားကို တင်းရင်းလှပစေ တဲ့ ကော်လစ်ဂျင်ဓါတ်ကို ပျက်စီးစေတဲ့အတွက် အရေပြားကို လျော့ရဲ လာစေပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ