ဆေးလိပ်ကြောင့် အမျိုးသားများ မျိုးပွားနိုင်စွမ်း ကျဆင်းရ


ဆေးလိပ်သည် အမျိုးသားများ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေကြောင်း လေ့လာမှု စစ်တမ်းသစ် တစ်ရပ် က ဆိုလိုက်သည်။
ဆေးလိပ်သောက်သော အမျိုးသားများ၏ သုတ်ရည်ထဲတွင် ပါသော သုတ်ကောင် များကို စစ်ဆေး ကြည့်သည့် အခါ သုတ်ရည်ထဲတွင် ပုံမှန်ထက် သုတ်ကောင်ပိုးနည်းနေ သလို၊ နည်းပါးသည့် သုတ်ကောင်များ ထဲတွင်လည်း ချိနဲ့ကာ ပုံစံပျက်ယွင်း နေသော သုတ်ကောင် အချိုးအစားက ပိုများနေကြောင်း တွေ့ရှိခဲ့ ရသည်။
အမေရိကန် နိုင်ငံ ကလိဗ်လန်း ကျန်းမာရေး ၀န်ဆောင်မှု ဌာန လက်အောက်ရှိ မျိုးပွားမှု ဆေးပညာ ဌာနမှ အက်စ်ဟော့ခ် အာဂါဝယ် ဦးဆောင်သော သုတေသီ အဖွဲ့က မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ စစ်တမ်း (၂၀) ၏ ရလဒ် များကို ပြန်အကဲဖြတ်ကာ ကောက်ချက်ဆွဲခဲ့ခြင်း ဖြစ်သည်။ စစ်တမ်း (၂၀) တွင် လူပေါင်း (၆၀၀၀) ကျော် ပါဝင်သည်။ လူခြောက်ထောင်ကျော် အနက် ဆေးလိပ်သောက်သူ များ၏ သုတ်ရည် ထဲတွင် သုတ်ကောင် နည်းပါးနေခြင်း၊ ရှိသည့် သုတ်ကောင်ထဲ တွင်လည်း မသန်စွမ်းသည် သုတ်ကောင်နှင့် ပုံစံ ပျက်ယွင်း နေသည့် သုတ်ကောင်က များနေခြင်းများ တွေ့ရှိခဲ့ ရသည်။ စစ်တမ်းရလဒ် အပြည့်အစုံကို European Urology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
ဆေးလိပ် သောက်သူတွေမှာ သုတ်ကောင်နည်းခြင်း၊ သုတ်ကောင် မသန်စွမ်းခြင်း၊ သုတ်ကောင် ပုံစံ ပျက်ယွင်းခြင်းများ ပိုမိုဖြစ်ပွား ရခြင်း အကြောင်းရင်းကို မသိရှိရ သေးကြောင်း ဒေါက်တာ အာဂါဝယ်က ပြောသည်။ ဆေးလိပ်သောက်သူများ ဆေးလိပ်ဖြတ်လိုက်သည့် အခါ သုတ်ကောင်များ ကျန်းမာရေး တိုးတက် လာခြင်း ရှိမရှိ ကိုကာ နှစ်ရှည် စောင့်ကြည့်ကာ စစ်တမ်းပြုလုပ်ရ ဦးမည် ဖြစ်ကြောင်း သိရသည်။
ဆေးလိပ်ကြောင့် အမျိုးသားတွေ သုတ်ကောင် အင်အားလျော့နည်း ရတယ် ဆိုတာ ခိုင်ခိုင်မာမာ တွေ့ရှိ ထားပါတယ်။ ဒါကြောင့် ကလေးယူဖို့ ကြိုးစားနေတဲ့ ဇနီးမောင်နှံတွေ အနေနဲ့ ဆေးလိပ်ဖြတ်နိုင်လေ ကလေးရဖို့ နီးစပ်လေလို့ အကြံပြုလို ပါတယ်ဟု ဒေါက်တာအာ ဂါဝယ်က ပြောသည်။
ဆေးလိပ်သောက်ရင် ကင်ဆာ ဖြစ်မယ်၊ နှလုံးရောဂါ ဖြစ်မယ်၊ အဆုတ်ရောဂါ ဖြစ်မယ် လောက်သာ အပြောများ ကြတယ်။ မျိုးပွားနိုင်စွမ်း ကျဆင်းနိုင်တယ် ဆိုတာ အခု စစ်တမ်းနဲ့ ကျမှ ခိုင်ခိုင်မာမာ သိရပါတယ် ဟု ကန်းဆတ် ဆေးတက္ကသိုလ် ဆီးလမ်းကြောင်း ရောဂါများ ဆိုင်ရာဌာနမှ ဒေါက်တာ အဂျေးကေနန်ဂျီယာက ပြောသည်။
ဆေးလိပ် ထုတ်လုပ်ရာမှာ သုံးတဲ့ နီကိုတင်းနဲ့ အခြားပစ္စည်းတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ သွေး ထဲက တစ်ဆင့် သုတ်ကောင်တွေဆီ ရောက်သွားပြီး သုတ်ကောင် တွေကို ချိနဲ့အောင် လုပ်ပစ်နိုင် ပါတယ်။ အကျိုးဆက် အဖြစ် ဆေးလိပ်သောက်တဲ့ လူတွေဟာ မျိုးအောင်ဖို့ ခက်သလို၊ ယောက်ျား အင်္ဂါ ချိနဲ့တဲ့ ရောဂါပါ ခံစားရနိုင်ပါတယ်ဟု ဒေါက်တာ နန်ဂျီယာက ဆက်လက် ပြောကြားသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ