ကျန်းမာရေးအတွက်လည်း ကောင်းမယ် ဗိုက်အဆီတွေလည်း ကျမယ်
ကျန်းမာရေးနဲ့ ညီညွတ်စွာ စာသုံးရင်သင့်ခန္ဓာကိုယ် အဆီတွေနဲ့ ကိုယ်အလေးချိန်ကို လျော့ကျစေ ပါလိမ့်မယ် ။ မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးရင် သင့်ခန္ဓာကိုယ်ထဲကို အဆီတွေ ဝင်ရောက်မှု လျော့နည်းစေပြီး ရရှိတဲ့ ကယ်လိုရီကိုလည်း နည်းစေပါလိမ့်မယ် ။
ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားခြင်းက သွေးတိုးခြင်းနဲ့ ကိုလက်စထရော များခြင်းလိုမျိုး ကျန်းမာရေး အန္တရာယ်တွေ ဖြစ်နိုင်ခြေကို နည်းစေပြီး သင့်ကို ကျန်းမာကြံ့ခိုင်စေပါတယ် ။
သင့်ခန္ဓာကိုယ်ဟာ နေ့စဉ်အာဟာရ အမျိုး ၄၀ ကျော်ကိုလို အပ်ပါတယ်။
ဒါကြောင့် သင်စားတဲ့ အစာတွေဟာ အမျိုးမျိုး ဖြစ်သင့်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်မျိုစုံ ပါဝင်ဖို့ လိုအပ်ပါတယ် ။ ငါး၊ အဆီနည်း အသားနဲ့ အဆီနည်း နို့ထွက်ပစ္စည်းတွေကို စားသောက်ပေးပါ ။ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို တတ်နိုင်သမျှ သဘာဝအတိုင်းစားပါ ။ ပြုပြင်ဖန်တီး ထုတ်လုပ်ထားတဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကွတ်စတာတွေကို တတ်နိုင်သမျှ လျှော့စားပါ ။
လေ့လာမှုတွေ အရ အစာကို နည်းနည်းနဲ့ မကြာခဏ စားခြင်းဟာ သင့်ရဲ့ ဇီဝ ဖြစ်ပျက်နှုန်း ကို မြန်စေတယ် လို့ သိရပါတယ် ။ ဒါ့အပြင် နည်းနည်းနဲ့ မကြာခဏ စားတဲ့ အတွက် သင်ဟာ စိတ်ကျေနပ်မှု ပိုရပြီး တစ်နေ့လုံး ဗိုက်ပြည့်နေသလို ခံစားရတဲ့အတွက် အလွန်အကျွံ စားမိနိုင်ခြေ နည်းသွားပါတယ် ။ သင့်ရဲ့ ကယ်လိုရီနဲ့ အာဟာရတွေကို တစ်နေ့လုံး ညီညီမျှမျှ ရရှိဖို့ ကြိုးစားပါ ။
အဆီလောင်ကျွမ်းတဲ့ အကောင်းဆုံး အကျိုးကျေးဇူးကို ရဖို့ အတွက် အစာစားတိုင်း ပရိုတင်း (အသားဓာတ်) နည်းနည်းစီ ပါဝင်အောင် စားပါ ။ ပရိုတင်းကို အစာချေဖျက်ဖို့ အတွက် စွမ်းအင်လိုအပ်တဲ့ အတွက် အဆီတွေကို လောင်ကျွမ်းဖို့ ကူညီပါတယ် ။ အစာချေဖျက်ဖို့ ကယ်လိုရီတွေကို ပိုသုံးရလေ ၊ လောင်ကျွမ်း ကုန်ဆုံးတဲ့ ကယ်လိုရီ ပိုများလေ ၊ အဆီတွေ ပိုမိုလောင်ကျွမ်းလေ ဖြစ်ပြီး သင့်ဝမ်းဗိုက်က အဆီတွေ ပိုလျော့ကျလေ ဖြစ်ပါတယ် ။
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin