ခြင်ဆေးဖြန်းသည့်ဒဏ်ကြောင့် ကလေးငယ်များ၏ ကိုယ်အင်္ဂါအစိပ်အပိုင်းများကို ထိန်းချုပ်နိုင်စွမ်း ကျဆင်းနိုင်


ကမ္ဘာတစ်ဝန်း၌ ဇီကာအန္တရာယ်ကိုကာကွယ်ရန်လည်းကောင်း၊ တုပ်ကွေးဖျားနာကိုကာကွယ်နိုင်ရန် လည်းကောင်း၊ ခြင်ဆေးဖြန်းခြင်းကို တိုးမြှင့်ဆောင်ရွက်လာရာဝယ် ခြင်ဆေးတွင်ပါဝင်သည့် Naled ဓါတုပစ္စည်းကြောင့် ကလေးငယ်များ၏ ကိုယ်အင်္ဂါအစိပ်အပိုင်းများကိုထိန်းချုပ်နိုင်စွမ်း (motor skill) ကျဆင်းလာသည်ကိုတွေ့ ရကြောင်း အမေရိကန်ပြည်ထောင်စု၊ မီချီဂန်တက္ကသိုလ်မှ သုတေသီများက ပြောသည်။

 Naled ပါဝင်သည့် ခြင်ဆေးကို ဇီကာအန္တရယ်ကာကွယ်ရန် ခြင်ဆေးဖြန်းရာတွင် အဓိကအသုံးပြု ကြောင်း၊ အာဖရိကတိုက်နိုင်ငံများအပြင် တရုတ်နိုင်ငံတွင်လည်း Naled ပါသည့်ခြင်ဆေးကို အများဆုံး အသုံးပြုကြောင်း၊ ၄င်းခြင်ဆေးနှင့်ထိတွေ့ မိသည့် မွေးကင်းစကလေးသူငယ်များကို လေ့လာဆန်းစစ် ကြည့်ရာတွင် အသက် ၉ လ အရွယ်တွင် ရှိသင့်သည့် motor skill ထက် ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း အထိ စွမ်းရည်ကျဆင်းနေသည်ကိုတွေ့ ရကြောင်း၊ လက်၊ လက်ချောင်း၊ မျက်နှာ၊ ပါးစပ်၊ ခြေထောက် အစရှိသည်တို့ ကို တိတိကျကျထိန်းချုပ်နိုင်စွမ်းမှာ သာမန်ကလေးများထက် နိမ့်ပါးနေသည်ကိုတွေ့ ရ ကြောင်း သုတေသီ Brian Maddox က ပြောပြသည်။ ပိုးသတ်ဆေးမှာပါဝင်တဲ့ ဓါတုပစ္စည်းကြောင့် လူကိုထိခိုက်နိုင်တဲ့အခြေအနေကို ပထမဆုံးအကြိမ် လေ့လာဆန်းစစ်ခြင်းဖြစ်ပြီး မွေးကင်းစကလေးတွေကို ထိခိုက်စေတာတွေ့ ရပါတယ်။ အရင်က စမ်းသပ်မှုတွေလုပ်ခဲ့ဖူးပေမယ့် ပိုးသတ်ဆေးတွေဖြန်းတဲ့စိုက်ပျိုးရေးဒေသတွေမှာပဲ ဆန်းစစ်ခဲ့တာပါ။

အခုလို အလုံးစုံခြုံငုံပါဝင်တဲ့ လေ့လာဆန်းစစ်မှုကိုပြုလုပ်ကြည့်တဲ့အခါမှာတော့ Naled ပါတဲ့ ခြင်ဆေး ဖြန်းတဲ့နေရာတိုင်းမှာ ကျေးလက်၊မြို့ ပြမရွေး မွေးကင်းစကလေးတွေကို ထိခိုက်စေတာ တွေ့ ၇ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။ Naled ပါဝင်သည့်ခြင်ဆေးကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အသုံးပြုလာခဲ့ကြောင်း၊ နှစ်စဉ် ခြင်ထိန်းချုပ်ရန်နှင့် ဇီကာအန္တရယ်ကာကွယ်ရန် Naled ပါသည့်ခြင်ဆေးကို အသုံးပြုခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် ကမ္ဘာပေါ်တွင် ပိုးသတ်ဆေးအများဆုံးဖြန်းသည့်နိုင်ငံဖြစ်ပြီး Naled ကိုလည်း အများဆုံး အသုံးပြုသောနိုင်ငံဖြစ်သောကြောင့် တရုတ်မွေးကင်းစကလေးများသည်လည်း Naled ၏ ဘေးထွက် ဆိုးကျိုးကို အများဆုံး ခံနေရခြင်းဖြစ်ကြောင်း၊ ထို့ အပြင် တရုတ်သည် အော်ဂနိုဖော့စဖိတ် ပါဝင်သည့် ပိုးသတ်ဆေးကိုလည်းအသုံးပြုပြီး ၄င်းပိုးသတ်ဆေးသည်လည်း လူ၏ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ