HIV Success Story စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်


ဆရာ ကျွန်မက HIV ရောဂါဝေသနာရှင်ပါ။ ဆရာ့ကိုကျွန်မအဖြစ်အပျက်လေးပြောပြီးတင်ဖို့ပြောဖူးပါတယ်။ ကျွန်မလေ အဲ့ကထဲက ဆရာစာတွေဖတ်တယ်။ ကိုယ့်ကိုယ်ကို အားတင်းတယ်။ ကိုယ်ဝန်ရှိမှန်းသိတော့လည်း ကလေး ရှေ့ရေးအတွက် ဖျက်ချဖို့ထိလုပ်ခဲ့တယ်။ ဆရာကိုမေးတဲ့အချိန် ဆရာဖြေပေးတဲ့အဖြေကြောင့် အားတက်ပြီး ကလေးကို ရအောင်မွေးခဲ့ပါတယ်။ ဆရာလမ်းညွှန်သလို ဒီကဆရာဝန်တွေနဲ့သေချာပြပြီး ဂရုစိုက်ခဲ့ပါတယ်။ ဆရာ အခု အရမ်းဝမ်းသာရတာက ကလေးမှာရောဂါပါမလာဘူးတဲ့။ သွေးစစ်ထားတာအဖြေသိရပါတယ်။ ဆရာ့ကို ကျွန်မ ဒီကနေ ကန်တော့ပါရစေရှင့်။ ကျွန်မမေးတာတွေကိုလည်း အမြဲဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။ ဆရာ ကျန်းမာချမ်းသာ ပျော်ရွှင်ပါစေရှင့်။

ကျွန်တော်က လူနာမည်တွေ၊ နေရပ်လိပ်စာတွေ မှတ်ထားလေ့မရှိပါ။ မှတ်မိနေတဲ့ အဖြစ်အပျက် လေးတွေတော့ ရှိတယ်။ နယူးဒေလီမှာနေစဉ်က ကုသပေးရတဲ့လူနာတချို့ကို မှတ်မိနေတယ်။ ဟိုအရင် ပြည်တွင်းမှာနေစဉ်က ကုသပေးခဲ့တဲ့ လူနာတချို့ကိုလည်း ခုထိ မှတ်မိသေးတယ်။ အခုစာထဲကလို စိတ်ကျေနပ်မှု ရစရာလေးတွေလည်း တချို့တော့ မှတ်မိနေတယ်။ အများကြီးတော့ မရှိပါ။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ