Gestational age ကိုယ်ဝန်မှာ ကလေးအသက် ခန့်မှန်းနည်း


ကလေးအဖေ ဟုတ်-မဟုတ်အငြင်းပွါးတဲ့အမေးတွေကို တခါတခါဖြေရတယ်။ အာလ်ထွာဆောင်းအဖြေကို ကိုင်မေးကြတယ်။

ကိုယ်ဝန်မှာ ကလေးအသက် ခန့်မှန်းချင်ရင် အာလ်ထွာဆောင်းမပေါ်ခင်က ရာသီရက်နည်းနဲ့ တွက်ချက်ခဲ့ရတယ်။ Doppler နဲ့ ကလေးနှလုံးခုန်တာကို နားထောင်နိုင်ရင် ၁ဝ-၁၂ ပတ်လို့သိနိုင်တယ်။ နားကြပ်နဲ့ဆို ၁၉-၂၁ ပတ်ရောက်မှ ကြားရတယ်။ ၃ လ (၁၂ ပတ်) ရှိမှ ဆီးစပ်ကနေစမ်းလို့ရတယ်။ ၃ လမတိုင်ခင် မွေးလမ်းကနေ လက်နှစ်ဖက် စမ်းနည်းလည်း လုပ်နိုင်တယ်။ သားအိမ်အမြင့် တိုင်းနည်းလည်း လုပ်ပါတယ်။ ဒီနည်းအားလုံးက သိပ်မတိကျပါ။

ကိုယ်ဝန်ဆောင် ၂ဝ% ကနေ ၄ဝ% တို့က နောက်ဆုံးရာသီလာရက်ကို မသိကြဘူး။ ၁၈% မှာသာ မှန်တာတွေ့ရတယ်။ ၁၅% သာမှန်တဲ့ နောက်သုတေသနလည်းရှိတယ်။ ကျန်စမ်းသပ်နည်းတွေမှာလည်း တိကျမှုနည်းတယ်။ ဘယ်တုံးက မျိုးဥထွက်သလည်းစမ်းနိုင်တယ်။ ကိုယ်အပူချိန်တိုင်းနည်းနဲ့ LH ဟော်မုန်းတက်လာချိန် တိုင်းတာနည်းတွေမှာ ၄-၆ ရက် ကနေ ၂-၄ ပတ် ကွဲလွဲချက်ရှိနိုင်တယ်။

ကိုယ်ဝန် ပထမ ၃ လအတွင်း အာလ်ထွာဆောင်းနဲ့ Gestational Sac Mean Diameter အချင်းမျဉ်း ပျမ်းမျှကိုတိုင်းတယ်။
Crown-rump length (CRL) သန္ခေသား ခေါင်းထိပ်ကနေ တဖက်စွန်းအထိ အတိုင်းအတာကို ၅-၆ ပတ်ကစတိုင်းလို့ရပြီ။
± ၇ ရက်သာကွာနိုင်တယ်။

ဒုတိယသုံးလပတ်မှာ ပါရာမီတာတမျိုးတည်း (BPD, HC, or FL) နဲ့ ပါရာမီတာအများအပြား (BPD or HC and FL ± AC) နည်းသုံးတယ်။ Biparietal diameter (BPD) ဦးခေါင်းဘေးအစွန်နှစ်ဖက်အကွာအဝေး၊ Head circumference (HC) ဦးခေါင်းပတ်လည်၊ Abdominal circumference (AC) ဗိုက်ပတ်လည်နဲ့ Femur length (FL) ပေါင်ရိုးအရှည်တွေကို တိုင်းတယ်။ ကွဲလွဲနိုင်ချေတွေရှိတယ်။

- CRL = ± ၅-၇ ရက်
- BPD 12–26 ပတ် = ± ၁ဝ-၁၁ ရက်
- HC 12–26 ပတ် = ± ၁ဝ-၁၄ ရက်
- AC 12–26 ပတ် = ± ၁ဝ-၁၄ ရက်
- FL 12–26 ပတ် = ± ၁ဝ-၂ဝ ရက်

တတိယသုံးလပါတ်မှာ ခက်တယ်။ ကွဲလွဲနိုင်တယ်။ ရာသီရက်သိရင်တော့ ကောင်းတယ်။
- BPD 27–42 ပတ် = ± ၂-၃ ပတ်
- HC 27–42 ပတ် = ± ၂-၃ ပတ်
- AC 27–42 ပတ် = ± ၂-၃ ပတ်
- FL 27–42 ပတ် = ± ၂-၃ ပတ်

ကိုယ်ဝန်မှာ ကလေးအသက် ခန့်မှန်းဘို့ ကိုယ်ဝန် ၈-၁၈ ပတ်မှာရိုက်တာက အတိကျဆုံးဖြစ်တယ်။ ဒိနောက်မှာ အဲလောက် မတိကျတော့ဘူး။ LMP နောက်ဆုံးရာသီလာခဲ့တဲ့ရက်တွက်နည်းနဲ့ပါ တွဲသင့်တယ်။ နောက်ဆုံး ရာသီ လာခဲ့တဲ့လတုံး သွေးစဆင်းတဲ့ရက်နောက် ၁၁-၂၁ ရက်မှာ သန္ဓေဖြစ်တယ်။ အဲဒါကို ဘယ်သူမှမပြောနိုင်လို့ နောက်ဆုံးရာသီလာခဲ့တဲ့လက သွေးစဆင်းတဲ့ရက်ကိုသာယူပြီး တွက်ရတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ