ကိုယ်ဝန်ဆောင်ချိန်တွင် Folic Acid နှင့် ဗီတာမင် B12 အလွန်အကျူး မှီဝဲက ဥာဏ်ရည်နိမ့်ကလေး မွေးဖွားနိုင်


ကိုယ်ဝန်ဆောင်များအနေဖြင့် ဖောလစ်အက်စစ်နှင့်ဗီတာမင်B12 လွန်ကဲစွာမှီဝဲပါက ဥာဏ်ရည်နိမ့် ကလေးများ မွေးဖွားနိုင်ရာ ကြီးပြင်းလာချိန်တွင် အရောင်မခွဲခြားနိုင်ခြင်းနှင့် စကားဖြင်ြ့ဖစ်စေ စာရေး ၍ဖြစ်စေ လူလူချင်းဆက်ဆံရာတွင် အခက်အခဲရှိနိုင်ကြောင်း သိရသည်။

ဂျွန်ဟော့ပ်ကင်းဘလွန်းဘတ်တက္ကသိုလ်မှ သုတေသီဒယ်နီယယ်ဖော်လင် နှင့် လုပ်ဖော်ကိုင် ဖက်များက သားသည်မိခင်၁,၄၀၀အား ယင်းတို့၏ ကလေးများနှင့်အတူလေ့လာရာမှ ထိုသို့တွေ့ရှိခြင်းဖြစ်သည်။
ယင်းမိခင်များအတွင်းမှ၁၀ရာခိုင်နှုန်းကိုဖောလစ်အက်စစ်လွန်ကဲစွာ တိုက်ကျွေးပြီး ၆ ရာခိုင်နှုန်းကို B12 များ အလွန်အကျူးတိုက်ကျွေး စမ်းသပ်ခဲ့ရာကလေးမီးဖွားချိန် တွင်ဖော်လစ်အက်စစ်လွန်ကဲသူမိခင်များ
မှာသာမန်မိခင်များထက်ဥာဏ်ရည်နိမ့်ကလေးနှစ်ဆခန့် မွေးနိုင်ခြေရှိပြီး B12 လွန်ကဲသူများမှာ သာမန်ထက်သုံးဆ ပိုမွေးနိုင်ကြောင်း တွေ့ရသည်။

ဖောလစ်အက်စစ်နှင့် B12 နှစ်ခုလုံးလွန်ကဲစွာမှီဝဲသူများမှာ သာမန်အမျိုးသမီးများထက် ဥာဏ်ရည်နိမ့် ကလေး ၁၇ ဆပိုမွေးနိုင်ကြောင်း တွေ့ရသည်။
ယင်းသို့တွေ့ရှိသော်လည်း သုတေသီများအဆိုအရ ဖော်ပြသကဲ့သို့ အလွန်အကျူးမှီဝဲ တိုင်း ဥာဏ်ရည်မမှီ ကလေးများ မွေးမည်ဟု သက်သေခိုင်ခိုင်မာမာမပြနိုင်သေးဟုသိရသည်။

ရွှန်းတင့်
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ