နှလုံးရောဂါကိုကာကွယ်ပေးမည့် ကိုလက်စထရောကျစေသည့်ထိုးဆေး လူသားများတွင်စတင်စမ်းသပ်


နှလုံးရောဂါဖြစ်ပွားမှုကိုကာ ကွယ်ပေးနိုင်မည့်ကိုလက်စထရော ကျစေသည့် ထိုးဆေးတစ်မျိုးကို သိပံ္ပပညာရှင်များက ကြွက်များ တွင်အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ ပြီးနောက် လူသားများတွင် စတင် စမ်းသပ်မှုပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဗီယာနာဆေးတက္ကသိုလ်မှ သုတေသီများသည် အဆိုပါထိုး ဆေးကို စေတနာ့ဝန်ထမ်း ၇၂ ဦး တို့တွင်ထိုးသွင်းစမ်းသပ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ယင်းထိုးဆေး သည် ခန္ဓာကိုယ်အတွင်းအဆီများ စုပုံခြင်းနှင့် သွေးလွှတ်ကြောများ အတွင်း အဆီပိတ်ဆို့ခြင်းတို့ကို တားဆီးကာကွယ်ပေးရန်ရည်ရွယ် ကြောင်းသိရသည်။ အဆိုပါထိုး ဆေးသည် နှလုံးရောဂါ၊ နှလုံး ကြောင့်ရင်ဘတ် စူးအောင့်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ပျောက်ကင်း သက်သာစေရန် လူနာများနေ့စဉ် မှီဝဲနေရသည့် ဆေးတောင့်များ ကဲ့သို့ပင်အစွမ်းအာနိသင်ရှိကြောင်း သိရသည်။

၎င်းထိုးဆေးကိုကြွက်များတွင် စမ်းသပ်သည့်အခါ၌ သွေးကြော များအတွင်း အဆီပိတ်ခြင်းကိုရပ် တန့်သွားအောင် ပြုလုပ်နိုင်ခဲ့သည် ဟု နယ်သာလန်နိုင်ငံမှ သုတေသီ များကပြောကြားခဲ့ကြောင်း သိရ သည်။ ခန္ဓာကိုယ်အတွင်းရှိခုခံမှု စနစ်မှသွေးထဲရှိမကောင်းသည့် ကိုလက်စထရောများကိုဖယ်ထုတ် ပစ်ပြီး ကုသခြင်းဖြစ်ကြောင်းသိရ သည်။ ယခုထိုးဆေးကိုသန်းပေါင်း များစွာသော လူသားများနေ့စဉ် သောက်နေရသည့်ကိုလက်စထရော ကျစေသည့် စတာတင်ဆေးများ အစား သို့မဟုတ်ယင်းဆေးများနှင့် အတူအသုံးပြုနိုင်မည်ဖြစ်ကြောင်း လည်းသိရှိရသည်။ ယင်းထိုးဆေး အားလူသားများတွင် စမ်းသပ်မှုကို အပြီးသတ်ဆောင်ရွက်ရန် နောက် ထပ်ခြောက်နှစ်ခန့်အချိန်ယူရမည် ဟု သိရသည်။

အလင်းသစ်
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ