ဘိန်းပါသောအကိုက်အခဲပျောက်ဆေးများကို ဈေးကွက်မှဖယ်ရှားရန် FDA နည်းလမ်းရှာဖွေလျက်ရှိ


အမေရိကန်ပြည်ထောင်စု၊ အစားအစာနှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့  FDA က ဘိန်းဖြူပါသည့် အကိုက် အခဲပျောက်ဆေးများကို ဈေးကွက်မှဖယ်ရှားသွားရန် နည်းလမ်းရှာဖွေလျက်ရှိပြိး ပြည်သူ့ ကျန်းမာရေး ကို ထိခိုက်စေနိုင်ပြီး အလွဲသုံးစားလုပ်ခြင်းကို ဟန့် တားရန်ခက်ခဲနေသည့်အတွက် ၄င်းဆေးဝါးမျိုး ထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုကိုလည်း ၄င်းထုတ်ဆေးဝါးများကို ဈေးကွက်မှဖယ်ရှားပေးရန် မေတ္တာ ရပ်ခံထားကြောင်း သိရသည်။ အဆိုပါဆေးဝါးကုမ္ပဏီမှာ Endo Pharmaceutical ဖြစ်ပြီး ဖယ်ရှားပေးရန် မေတ္တာရပ်ခံထားသည့်ဆေး မှာ Opana ER ဖြစ်ကြောင်း၊ ဆေး၏အကျိုးသက်ရောက်မှုသည် ဆေး၏ဆိုးကျိုးသက်ရောက်မှုထက် အလေးသာခြင်းမရှိသည့်အတွက် ၄င်းဆေးဝါးကို ဆက်လက်ရောင်းချခြင်းမပြုတော့ရန် တောင်းဆိုခဲ့ ခြင်း ဖြစ်ကြောင်း FDA ကော်မစ်ရှင်နာမင်းကြီး Scott Gottlieb က ပြောပြသည်။ Opana ER ကို ၂၀၁၂ ခုနှစ်မှာ ဖော်မြူလာပြောင်းပြီး ထုတ်ခဲ့ပါတယ်။ ဘိန်းရှူတဲ့ပုံစံမျိုး အမှုန့် လုပ်ပြီး ရှူမရအော်လို့ ပါ။

သို့ သော် လူတွေက အဲဒါကိုအရည်ဖျော်ပြီး ဆေးထိုးအပ်နဲ့ သွေးကြောထဲ သွင်းကြ ပြန်ပါတယ်။ အကျိုးဆက်အနေနဲ့  ဆေးလွန်ကဲသေဆုံးမှုများပြားလာသလို HIV ကူးစက်ပျံ့ နှံ့ မှု ကလည်း သိသိသာသာ များလာခဲ့ပါတယ် ဟု ၄င်းက ပြောပြသည်။အမေရိကန်မှာ ဘိန်းပါတဲ့ဆေးတွေကို အလွဲသုံးစား လုပ်တဲ့နှုန်းက သိပ်ကိုမြင့်လာနေပါပြီ။

ထိထိရောက် ရောက် တားဆီးနှိမ်နှင်းခြင်း မပြုနိုင်ရင်တရားမ၀င်မူးယစ်ဆေးဝါးသုံးစွဲတာထက်ကိုပိုတဲ့ လူသေနှုန်းနဲ့  ဆိုးကျိုးမျိုးစုံ သက်ရောက်လာနေပါပြီ။ အခု Opana ER ကို ဆက်လက်ရောင်းချ ခွင့်မပြုတော့သလိုပဲ အခြားသော ဘိန်းဖြူပါတဲ့၊ ဒါမှမဟုတ် ဘိန်းဖြူကိုအခြေခံတဲ့ ဆေးဝါးတွေကိုလည်း ဆက်လက်တားမြစ် သွားဖို့  နည်းလမ်းရှာဖွေကြံဆကြိုးပမ်းနေပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။ Opana ER ကို ၂၀၀၆ ခုနှစ်က စတင်ထုတ်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး နာကျင်ကိုက်ခဲမှု ဒဏ်ဆိုးဝါး လွန်းသောကြောင့်၂၄နာရီပတ်လုံးအကိုက်အခဲပျောက်ဆေးလိုအပ်သည့်လူနာများအတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ သို့ သော် ၄င်းဆေးဝါးကို အမှုန့် ကြိတ်ကာ ရှူသွင်းခြင်း၊ အမှုန့် ကြိတ် ရန် ခက်ခဲအောင် ပြောင်းလဲထုတ်လုပ်သောအခါ အရည်ဖျော်ပြီး သွေးကြောထဲသို့ ထိုးသွင်းခြင်း တို့ ကို အဆက်မပြတ်ပြုလုပ်လာကြသဖြင့် ၄င်းဆေးဝါးကို ထုတ်လုပ်ခွင့်နှင့်ရောင်းချခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ