Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁)
၁။ မင်္ဂလာပါ ဆရာ သမီးကနို့တိုက်မိခင်ပါ။ ကလေးက ၁၃ ရက်ရှိပါပြီ။ ဘာတွေအဓိက စားသောက်ရမလဲ။ ကလေးအတွက် အားရှိအောင် ဘာရှောင်ရမလဲဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။
၂။ မင်္ဂလာပါဆရာ။ သမီးကလေးက ၁ လနှင့် ၁၅ ရက်ရှိပါပြီဆရာ။ မွေးပြီးကတည်းက သမီးနို့တိုက်ပါတယ်။ ဆေးရုံမှာ မွေးတော့ formula လည်းကူပါတယ်ဆရာ။ အိမ်ရောက်တော့ သမီးနို့တိုက်ရင် ငိုလို့ နို့ဘူးပဲတိုက်ပါတော့တယ်။ သမီးနို့ကလည်း သိပ်မထွက်ဘူး။ နို့ဘူးတိုက်ပြီး သမီးလည်းအစားမရှောင်တော့ဘူးဆရာ။ သမီးနို့မတိုက်တာ ၁ လလောက် ရှိပြီဆရာ။ အခုပြန်တိုက်လျှင် ကလေးဗိုက်နာမလားဆရာ။ နို့ထွက်အောင် ဘာဆေးသောက်ရမလဲဆရာ။
ကြုံကြိုက်ကြိုး၍၊ ပြည့်ဖြိုးအောင့့်၊ မိခင်နို့ဘိုး၊ အဘကျိုးကို၊ ဖောင်ဖြိုးနားဝယ်ထောင်လော။ သျှို့း
နို့ရည်ဟာအရေအတွက်ရောအရည်အသွေးပါ ကောင်းဘို့လိုတယ်။ အစားအသောက်အပေါ်မှာမူတည်တယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ စားရမှာတွေသာဆက်စားပါလို့ ပြောရင်မမှားပါ။ နို့တိုက်မိခင် တယောက်ဟာတနေ့မှာ ၅ဝဝ ကယ်လိုရီပိုစားဘို့လိုတယ်။ ဒါကြောင့် အစားပိုစားရမယ်ဆိုတာအခြေခံဖြစ်တယ်။ ကလိုရီတနေ့မှာ ၂၅ဝဝ စားသုံးပါ။ ၃ လကျော်ရင် ၂၈ဝဝ ကလိုရီစားပါ။ တနေ့ ၄-၅ ထပ်စားနိုင်တယ်။“ကလိုရီတွက်မနေနဲ့ ဆာရင်စား” ဆိုတဲ့ ဥပဒေသလဲ သုံးနိုင်ပါတယ်။ ကလေးမိခင်ကနေတနေ့မှာ နို့ရည် ၂၃-၂၇ အောင်စ (၆၅၂ - ၇၆၅ဂရမ်) ထွက်ပါတယ်။
ကလေးဟာမိခင်နို့ကနေတနေ့မှာကလိုရီ ၁ဝဝဝ လောက်ရနေသင့်တယ်။ ချွေးပိုထွက်တာသတိထားပါ။ ရေပိုသောက်ပါ။ တနေ့မှာရေ၂့၅ လီတာကနေ ၃ လီတာသောက်ပါ။ ဒိထက်များတာတော့မသင့်ပါ။ နို့ရည်လိုတာထက်ပိုထွက်နိုင်တယ်။
အစားအသောက်ထဲမှာအမယ်စုံရမယ်။အာဟာရဓါတ်၇မျိုး = ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်များ၊Minerals ဓါတ်ဆားများ၊ ဖိုင်ဗာနှင့်ရေ။ ပရိုတင်း (အသား၊ ဥ၊ ပဲအမျိုးမျိုး) ပိုစားပါ။ တနေ့မှာကိုယ်အလေးချိန် ၁ ပေါင်ရှိသူက ၁ ဂရမ်ပုံသေနည်းသုံးနိုင်ပါတယ်။ ဒီထဲမှာ ကယ်လ်စီယမ် ၁ ကွာတ (၄ဝ အောင်စ)မှာ ၃၃ဝ မီလီဂရမ်ပါတယ်။ တနေ့မှာ Calcium 1,200 mg လိုတယ်။
ကိုယ်ဝန်ဆောင်ကတည်းက သောက်ခဲ့ရတဲ့ ဖေါလစ်အက်စစ်လိုမယ်။ သွပ်ဓါတ်လိုမယ်။ တနေ့မှာ15 to 20 mg လိုတယ်။ Vitamin A မလိုပါ။ ဆီ-အဆီကိုတော့ ကောင်းတာ ရွေးသုံပါ။ ပြည့်ဝဆီနည်းစေပါ။ Trans fats ပြန်ကြော်ဆီရှောင်ပါ။ အမွှေးနံ့သာထည့်တာ သိပ်ဂရုစိုက်စရာမလိုပါ။ အစပ်စားတာတောင်မှ အလွန်အကျူးရှောင်စရာမလိုပါ။ အရသာတွေ့မှ များများစားနိုင်တယ်မဟုတ်ပါလား။ Calcium ထဲမှာVitamin D ပါတာက ပိုကောင်းတယ်။ Vitamin D 600 IU (15 micrograms) (4,000 IU ထက်မပိုစေရပါ။) မိခင်နို့တမျိုးထဲကနေ ကလေးအတွက် ဗီတာမင် ဒီမလုံလောက်ပါ။ 400 IU (10 micrograms) ကလေးကိုတိုက်ပါလို့ဖြစ်တယ်။
Docosahexaenoic acid (DHA) = Omega-3 fatty acid ငါးထဲကရတယ်။ American Academy of Pediatrics ကနေ 200 to 300 mg DHA လိုတယ်လို့သတ်မှတ်ပါတယ်။ တခြားအချိန်တွေမှာလိုပဲ အစားအသောက်ထဲ ပိုးသတ်ဆေးတွေ၊ ဟော်မုန်းဆေးတွေပါတာကိုရှောင်ပါ။အော်ဂဲနစ်အစားအသော်တွေ ရွေးစားပါ။ ကေဖင်း (ကော်ဖီ) လျှော့သောက်ပါ။ နေမကောင်းလို့ ဆေးသောက်တာမှာတော့ ဆရာဝန်ကိုအရင်တိုင်ပင်ပါ။ ပိုးသေဆေး၊ ဆာလ်ဖါဆေး၊ ဝမ်းနုတ်ဆေး၊ အိုင်အိုဒင်းပါတဲ့ဆေးတွေက နို့ထဲပါလာနိုင်တယ်။ အရင်ကဆိုရင် အရက်ဆေးလိပ် မပြောစရာမလိုဘူး။ ခုခေတ်မှာ လူငယ်လူရွယ်တွေ မိန်းကလေးတွေပါ ဘီယာ၊ အရက်မယဉ်ကျေးမှုကိုအဟုတ်ထင်နေကြတာ စိတ်မကောင်းပါ။ ကိုယ့်ကလေးချစ်ရင် ဆင်ခြင်ကြပါ။
သိဒတ္ထမင်းသားကိုမွေးပြီးသူ့မိခင်ဟာ ၇ ရက်သာအသက်ရှင်လို့ မိထွေးတော်ကနေဆက်ပြီး နို့ချိုတိုက်ကြွေးခဲ့ရတယ်။ မိထွေးတော်ရဲ့ နို့ဖိုးအကြွေးကို မြတ်စွာဘုရားကနေဓမ္မနို့ရည်နဲ့ ပြန်ဆပ်ခဲ့လို့ ဂေါတမီထေရီမကြီး အကျွတ်တရား ရသွားစေခဲ့တယ်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin