Dengue Vaccines သွေးလွန်တုပ်ကွေး ကာကွယ်ဆေး


ဆရာမင်္ဂလာပါရှင့် သွေးလွန်တုပ်ကွေး ကာကွယ်ဆေးနှင့် ရိုးရိုးတုပ်ကွေးကာကွယ်ဆေးမတူဘူးလားရှင့်။ သွေးလွန်တုပ်ကွေးကာကွယ်ဆေးက ၂ နှစ်အောက်ကလေး ထိုးလို့ရလားရှင့်။ မနေ့က ဆေးခန်းမှာသွာမေးတာ ထိုးမယ်ဆို စာရင်းပေးထားလို့ ပြောပါတယ်ရှင့်။ ၂နှစ်အောက်ထိုးလို့ရလားမေးတော့ ဆရာဝန်နဲ့တွေ့မှမေးပါလို့ ပြောပါတယ်ရှင့်။ သွေးလွန်တုပ်ကွေးကာကွယ်ဆေးက မြန်မာနိုင်ငံမှာထိုးလို့ရပြီလားရှင့်။

သွေးလွန်တုပ်ကွေး ကာကွယ်ဆေးနဲ့ ရိုးတုပ်ကွေးကာကွယ်ဆေး မတူပါ။ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး သုံးနေသလား၊ မသုံးသေးလား ကျွန်တော်မသိပါ။ ဆောရီး။

DHF ခေါ် သွေးလွန်တုပ်ကွေးရောဂါဟာ Serotypes 1-4 ဗိုင်းရပ်စ် လေးမျိုးကနေဖြစ်စေတယ်။ ကာကွယ်ဆေးတွေ ကြိုးစားထုတ်နေပါတယ်။ အခုချိန်ထိ WHO အသိအမှတ်ပြုထားပြီး ကာကွယ်ဆေးက Dengvaxia® (CYD-TDV) ဖြစ်ပါတယ်။ Sanofi Pasteur ကနေထုတ်တယ်။ နောက်ထပ် ငါးမျိုးလည်း စမ်းသပ်မှုအဆင့်ဆင့်မှာရောက်နေပြီ။ Butantan နဲ့ Takeda ကာကွယ်ဆေးတွေက ၂ဝ၁၆ အစပိုင်းကတည်းက အဆင့် ၃ ရောက်နေပါပြီ။

Dengvaxia ကာကွယ်ဆေးကို ပဌမဆုံး မက်ဆီကိုမှာ ၂ဝ၁၅ ခုနှစ်အကုန်မှာ စသုံးပါတယ်။ ရောဂါထူထပ်ရာနေရာတွေမှာ နေထိုင်ကြတဲ့ အသက် ၉ နှစ်ကနေ ၄၅ နှစ်ကြားရှိသူတွေကို ထိုးပေးတယ်။ ဝ-၆-၁၂ ဖေါ်မြူလာနဲ့ ဆေးသုံးလုံးထိုးရတယ်။ ထိရောက်မှုတွေလည်း စမ်းသပ်နေတယ်။ ၅၉့၂% ကနေ ၇၈့၁% ရှိတယ်။

Influenza vaccine တုပ်ကွေးကာကွယ်ဆေး

ရိုးရိုးတုပ်ကွေးကာကွယ်ဆေးကို Flu shot လည်းခေါ်တယ်။ မထိုးမနေရ ကာကွယ်ဆေး မဟုတ်ပါ။ တနှစ်တခါထိုးရတယ်။ အမေရိကားမှာ အသက် ၆ လအထက်ကိုသာထိုးတယ်။ WHO သတ်မှတ်ချက်ကတော့ အသက်ကြီး-နာမကျန်းသူတွေ၊ နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ၆ လကနေ ၂ နှစ်အထိကလေးတွေ။

ထိရောက်မှုအတွက် မတူတဲ့ကိန်းဂဏန်းတွေရှိတယ်။ အသက် ၂ နှစ်အောက်ကလေးတွေကို live attenuated vaccine ထိုဆေးထိုးဘို့ ကန့်သတ်ထားပါတယ်။ inactivated vaccines အမျိုးအစားဆိုရင် တိတိကျကျပြောမရသေးပါ။ HIV ရှိနေသူတွေကို ထိုးစေတယ်။ ကာကွယ်ဆေးထိုးပြီး ၂-၄ ပါတ်နေရင် ခုခံနိုင်စွမ်း အမြင့်ဆုံးဖြစ်တယ်။ ၆ လ နောက်မှာကျလာတယ်။ ၂-၃ နှစ် လောက်အထိ တန်းနေတယ်။

Flu vaccines ဆေးတွေကတော့ -
1. TIV, QIV (injection of trivalent or quadrivalent, killed vaccine) နဲ့
2. LAIV, Q/LAIV (nasal spray of live attenuated influenza vaccine) ဖြစ်တယ်။

ဆေးထိုးလိုက်ရင် နှာရည်ယိုတယ်၊ လည်ချောင်းနာတာ၊ ကြက်ဥနဲ့မတည့်တာတွေဖြစ်နိုင်တယ်။ ဆေးဈေးနဲ့ ထိရောက်မှု အကောင်း-အဆိုး ငြင်းနေကြတုံးဘဲ။

အမေရိကားမှာ Nasal spray (Live attenuated virus) နှာခေါင်းပန်းရတဲ့ တုပ်ကွေးကာကွယ်ဆေးကို ဒီလိုလူတွေကို မသုံးဘို့ အကြံပေးထားတယ်။ ၂ နှစ်အောက်ကလေးတွေ၊ အသက် ၅ဝ ကျော်သူတွေ၊ အလာဂျီရတတ်သူတွေ၊ ပန်းနာရှိသူတွေ၊ ကလေးတွေမှာ Aspirin ဆေးပေးနေရသူတွေ၊ နှလုံး၊ အဆုပ်၊ ကျောက်ကပ်၊ အသည်း၊ ဦးနှောက်နဲ့ အာရုံကြော၊ သွေးရောဂါရှိနေသူတွေ၊ AIDS ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ။ ကြက်ဥနဲ့မတည့်သူတွေကို တုပ်ကွေးကာကွယ်ဆေးပေးလို့မရပါ။

Flublok Seasonal Influenza (Flu) Vaccine ကို အသက် (၁၈) နှစ်ကျော်ရင် ထိုးနိုင်တယ်။

Influenza vaccine တုပ်ကွေးကာကွယ်ဆေး http://doctortintswe.blogspot.com/2014/12/influenza-vaccine.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ