Buerger disease ဘာဂါရောဂါ


ဆရာရှင့် ကျွန်မနာမည့့် ပါ။ အသက် ၂၅နှစ်ပါ။ လက်ပံတန်းမြို့မှာနေပါတယ်။ Buerger disease ဆိုတာ ဘာပါလဲရှင်။ ရောဂါရှင်မှာ ဘယ်လိုလက္ခဏာမျိုးပြတတ်ပါသလိုရှင်။

Buerger disease ကို Thromboangiitis obliterans လို့လည်းခေါ်တယ်။ ဆေးလိပ်သောက်သူတွေမှာဖြစ်တယ်။ အသက် ၂ဝ-၄ဝ ယောက်ျားတွေမှာအဖြစ်များတယ်။ နောက်ပိုင်းမှာ မိန်းမတွေပါ ဖြစ်တာတွေ့လာရတယ်။ သွေးလွှတ်ကြော အသးစားနဲ့ အလတ်စားတွေမှာ ခဏခဏရောင်ပြီး အထဲမှာသွေးခဲတယ်။ ခြေနဲ့ လက်တွေမှာဖြစ်တယ်။ ဆေးလိပ်မသောက်သူတွေမှာလည်း ဖြစ်တာတော့တွေ့ရတယ်။ သွေးမရတဲ့နေရာ အရေပြားတွေ အရောင်ဖျော့နေမယ်။ ပြာနေမယ်။ သွေးခုန်တာစမ်းမရဖြစ်မယ်။ အေးစက်နေမယ်။ နီပြာပြာဖြစ်ရင် သွေးမဝတော့လို့။ အရေပြားအရောင် တောက်လာမယ်။ အနာဖြစ်လို့ တစ်ရှူးတွေသေရင် ဖြတ်ရတယ်။

နာတာရှည်လူနာကို Hyperbaric oxygen therapy (100% hyperbaric oxygen) အောက်စီဂျင် ၁ဝဝ% ပေးပြီး ကုသနည်း ရှိတယ်။ ရက်တိုဖြစ်တာကို သွေးကြောကျယ်ဆေး Prostaglandins ပေးရတယ်။ ဥပမာ Limaprost ဆေး။ နာတာသက်သာစေမယ်။ Epidural anesthesia ခါးထုံဆေးပေးနည်းလည်းရှိတယ်။ နာတာရှည်သမားတွေကို Lumbar sympathectomy ခွဲစိတ်နည်းလုပ်ပေးနိုင်တယ်။ Bypass နည်းလည်းလုပ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ