မွှေးကျွတ်အနာကို အင်္ဂလိပ် ဘာသာဖြင့်"Boil"လို့ခေါ်ပါတယ်။ဆေးစာမှာဆိုရင်တော့ Folliculitis,လို့ခေါ်ပါတယ်။
မွှေးကျွတ်နာဆိုတာက မိမိ၏ခန္ဓာကိုယ်​ပေါ်က မွှေးညင်းအပေါက်(follicle)အထဲသို့ ပိုးဝင်ခြင်းကြောင့်ဖြစ်ပါတယ်။
ပိုးအမျိုးအစားဟာ ဗက်တီးရီးယား (staphylococus Aureus)အမျိုးအစားဖြစ်ပါတယ်။
စဖြစ်ပြီဆိုရင်တော့ အဲဒီနေရာတ၀ိုက် ခြင်ကိုက်ဖုသဏ္ဍန် အသားရောင် ရဲနေမယ်..တဖြည်းဖြည်း အဖုကကြီးလာပြီး နာစပြုလာမယ်..နောက်တော့ အမြစ်တွယ်ပြီး ပြည်စို့လာပါလိမ့်မယ်..
ညှော်အနံ့ရှုရှိုက်မိရင် အနာကိုက်ခဲတတ်ပြီး ဖျားတတ်နာတတ်ပါတယ်။နောက်တော့ တဖြည်းဖြည်းနဲ့မှည့်လာပြီး အနာပြည်ထွက်ကျလာပါလိမ့်မယ်။
အနားအတွင်းမှပြည်ထွက်ရုံဖြင့် မရပါဘူး အနာရဲ့အောက်ခြေက အမြစ်အုံထွက်ပြီး အပေါက်ဖြစ်သွားမှ အမြစ်ပြတ်တယ်လို့ခေါ်ပါတယ်။
မဖြစ်အောင်တော့ တာဆီးဖို့မလွယ်ပါဘူး..ဖြစ်လာရင်တော့ နာကျင်ကိုက်ခဲမှု့သက်သာပြီး အမြန်ပျောက်ကင်းတဲ့ဆေးစွမ်းတစ်လက် ကျွန်တော် မောင်ခါးက ပေးကမ်းပါ့မယ်။
တခြားဟာတော့မဟုတ်ပါဘူး..တမာရွက်ကို ခူးဆွတ်၍ ရေ သုံးပုံတစ်ခန့်ကျန်အောင်ပြုတ်ပါ ...ပြုတ်ပြီးပါက မပူမအေး အနေအထားလောက်မှာ မိမိ၏ အနာအနီးတ၀ိုက်ကို တမာရည်ဖြင့် အသားထဲသို့ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါက အမြန်ပျောက်ကင်းသက်သာစေပါတယ်။
နောက်တနည်းက ကြက်သွန်နီဥကို ညက်ညက်ထောင်း၍ အနားပေါ်သို့အုံ၍ ကြပ်စည်းပေးထားလိုက်ပါက ပျောက်ကင်းစေပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ