ဆီးချိုဝေဒနာရှင်များ နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်မည့်နည်းလမ်းကိုတွေ့ ရှိ


ဆီးချိုအမျိုးအစား(၁)ဝေဒနာရှင်များတွင်နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားလေ့ရှိရာ ၄င်းတို့ ကို အစာစားပြီး၃-နာရီအကြာတွင်အင်ဆူလင်ဆေးတစ်ချောင်းပိုထိုးပေးခြင်းဖြင့် နှလုံးရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း UK ရှိ Leeds Beckett တက္ကသိုလ်မှ ဆီးချိုနှင့် နှလုံးသွေးကြော ရောဂါသုတေသနဌာန မှ ထုတ်ပြန်ကြေညာသည်။ ယခုတွေ့ ရှိချက်သည် ကနဦးအဆင့်တွင်သာရှိသေးပြီး စမ်းသပ်မှုများစွာကို ဆက်လက်ပြုလုပ်ရန် လိုအပ်ဦးမည်ဖြစ်သော်လည်း ဆီးချို အမျိုးအစား(၁)ဝေဒနာရှင်များအတွက် လိုက်နာဆောင်ရွက်ရန် လွယ်ကူသည့် အဆင့် တစ်ခုဖြစ်ကြောင်းနှင့် သွေးတွင်းသကြားပမာဏကို ထိရောက်စွာထိန်းချုပ်ပေး ခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်ပွားအောင် ကိုယ်တိုင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အစာစားပြီး အင်ဆူလင်တစ်ချောင်းပိုထိုးပေးလိုက်ခြင်းဖြင့် သွေးတွင်းအဆီပမာဏကို လျှော့ချပေးနိုင် ပြီး သွေးကြောနံရံများကိုပျက်စီးစေနိုင်သည့် ဓါတုပစ္စည်းများကိုလည်း ချေဖျက်ပေးနိုင်သည့်အတွက် နှလုံးသွေးကြောပျက်စီးခြင်း၊ သွေးကြောနံရံများကို ဒဏ်ဖြစ်စေခြင်းတို့ အား တားဆီးနိုင်မည်ဖြစ် ကြောင်း၊ ဆီးချိုအမျိုးအစား(၁)ဝေဒနာရှင်များသည် သာမန်လူများထက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေ ၁၀ ဆ ပို၍မြင့်မားကြောင်း၊ ဆီးချိုအမျိုးအစား(၁)ဝေဒနာရှင်ထက်ဝက်ခန့် မှာ နှလုံး သွေးကြော ကျဉ်းရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

နှလုံးသွေးကြောကျဉ်းရောဂါ သေချာပေါက်ဖြစ်မယ်လို့ ကိုပြောလို့ ရတဲ့ ဆီးချိုအမျိုးအစား(၁) သမားတွေကို တစ်ရက်ကိုအင်ဆူလင်တစ်ချောင်းပိုထိုးပေးလိုက်ရုံနဲ့  အဲဒီနှလုံးရောဂါမဖြစ်အောင် ကာကွယ် နိုင်မယ် ဆိုတာ ထူးခြားတဲ့သတင်းကောင်းတစ်ခု ဖြစ်ပါတယ်။ UK မှာဆိုရင် အမျိုးအစား(၁) အတွက် တစ်နေကုန် မှာ လိုအပ်တဲ့အချိန်တိုင်း အင်ဆူလင်ထိုးတာကို လုပ်ကြပါတယ်။ အစာစားပြီးချိန် မှာ အင်ဆူလင်ထိုးတဲ့ အခါ ကယ်လိုရီဘယ်လောက်စားလိုက်သလဲ၊ ကာဗိုဟိုက်ဒရိတ်ဘယ်လောက်ပါ သလဲ၊ အစရှိတာတွေကို တွက်ချက်ပြီး ထိုးရပါတယ်။

 ဒါပေမယ့် အစာထဲမှာ အဆီပမာဏ ဘယ်လောက် ပါသလဲ ဆိုတာကိုတော့ မတွက်ကြပါဘူး။ တစ်ကယ်တော့ ခန္ဓာကိုယ်က ကာဗိုဟိုက်ဒရိတ်ထက် အဆီ ကို ချေဖျက်ဖို့  ပိုပြီးအချိန်ယူရပါတယ်ဟု သုတေသိ ဒေါက်တာ Matthew Campbell က ပြောပြသည်။ သို့ ဖြစ်၍ အစားအစာများနှင့်အတူပါလာသည့် အဆီကိုခန္ဓာကိုယ်က ချေဖျက်နိုင်စေရန် အင်ဆူလင် တစ်ချောင်း ပိုထိုးပေးခြင်းဖြင့် ရရှိလာမည့် ဆက်စပ်အကျိုးသက်ရောက်မှုများက နှလုံးသွေးကြောကျဉ်း ရောဂါကို တားဆီးကာကွယ်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ