ကိုယ်ဝန်ဆောင် အိန္ဒိယအမျိုးသမီးများဆေးပညာနှင့်မကိုက်ညီသည့်အပြုအမူများ ပြုလုပ်မှုလျော့ကျအောင်ဆောင်ရွက်


အိန္ဒိယအစိုးရသည် ကိုယ်ဝန်ဆောင်အိန္ဒိယအမျိုးသမီးများရင်ဆိုင်နေ ရသော အန္တရာယ်များကိုလျှော့ချရန်အတွက် ဆေးပညာနှင့်ကိုက်ညီခြင်း မရှိသောအပြုအမူများ ပြုလုပ်မှုလျော့ကျစေမည့်စီမံချက်များကို အကောင် အထည်ဖော်လျက်ရှိကြောင်း စီဘီအက်စ်သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယနိုင်ငံအတွင်း၌ ရိုးရာယုံကြည်မှုများနှင့် ဘာသာတရားနှင့် ဆိုင်သောယုံကြည်မှုများကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဆေးပညာနှင့်ကိုက်ညီခြင်းမရှိသည့် အပြုအမူများကို ပြုလုပ်ကြခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း အသားနှင့်ဥအမျိုးမျိုးစား သုံးခြင်းကို ရှောင်ကြဉ်ခြင်းကဲ့သို့ ဆေးပညာနှင့်မကိုက်ညီသောအပြုအမူ များကြောင့် အိန္ဒိယအမျိုးသမီးများတွင် သံဓာတ်နှင့် အခြား အာဟာရဓာတ် များ လျော့ကျမှုနှင့်ချို့တဲ့မှုများကြောင့် ဖြစ်ပွားသည့်ရောဂါများကို အများ ဆုံးတွေ့ရှိကြသည်။

 ၂ဝ၁၅ခုနှစ်အတွင်း၌ ကိုယ်ဝန်ဆောင်အိန္ဒိယ အမျိုးသမီး ၁ဝဝဝဝဝ တွင် ၁၇၄ဦးခန့်မှာ အာဟာရချို့တဲ့ သည့်ရောဂါ များကြောင့် အသက်ဆုံးရှုံးခဲ့သည်။ အိန္ဒိယအစိုးရသည် ဆေးပညာနှင့် ကိုက်ညီခြင်းမရှိသော ရိုးရာယုံကြည်မှုများအတိုင်း ကိုယ်ဝန်ဆောင်များ ပြုမူဆောင်ရွက်ခြင်းကို လျှော့ချရန်အတွက် သြဇာကြီးမားသူများ၏အကူ အညီကိုလည်း ရယူဖွယ်ရှိသည်။

The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ