သင့် အဆုတ်လေး ကျန်းမာစေချင်


နှာခေါင်းမှရှူသွင်း၍ဝင်လာသော အောက်ဆီဂျင်တို့ကို အဆုတ်တစ်စုံက လက်ခံပေးပြီးနောက် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများအားလုံးသို့ ဖြန့်ဝေပေးသော တာဝန်ကို ၂၄ နာရီပတ်လုံးလုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အဆုတ်တစ်စုံဟာ အသက်ရှူလမ်းကြောင်းစနစ်ရဲ့အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သလို၊ ခန္ဓာကိုယ် ကြီးတစ်ခုလုံးအတွက် မရှိမဖြစ်အင်္ဂါလည်းဖြစ်ပါတယ်။ သက်ရှိသူတစ်ဦးဟာ ရက်သတ္တပတ်အတန်ကြာ အစားမစားဘဲ ရက်အနည်းငယ်ကြာ ရေမသောက်ဘဲ အသက်ရှင်နေနိုင်သော်လည်း အောက်ဆီဂျင်ပြတ်လပ်ရင်တော့ အသက်ဆုံးရှုံးမှာဖြစ်ပါတယ်။ ကျန်းမာသောလူတစ်ဦးဟာ တစ်နေ့ကို အကြိမ် ၂၅ဝဝဝ နီးပါးခန့် အသက်ရှူလေ့ရှိပါတယ်။ ရိုးရှင်းသော လူနေမှုပုံစံဖြင့် ကျန်းမာသောအဆုတ်ကိုထိန်းသိမ်းထားနိုင်ပါစေကြောင်း အောက်ပါနည်းလမ်းကောင်းများဖြင့် အကြံပြု မျှဝေလိုက်ရပါတယ်။
ဆေးလိပ်မသောက်ပါနှင့်
ရှေးရာစုနှစ်ပေါင်းများစွာကတည်း ကစ၍ ယနေ့ထက်တိုင် ဆေးလိပ်မ သောက်ရန် ကျန်းမာရေးအသိပေးလျက် ရှိသော်လည်း ဆေးလိပ်သောက်သူဦးရေ ကတော့ တစ်နှစ်ထက်တစ်နှစ် မြင့် သထက်မြင့်လို့နေပါတယ်။ စီးကရက် မီးခိုးငွေ့ထဲတွင်ပါရှိသော ကာဗွန်အဆိပ် ဓာတ်ငွေ့ဟာ အဆုတ်တစ်သျှူးများကို ပျက်စီးစေပြီး အဆုတ်ကင်ဆာ ရောဂါ ဖြစ်နှုန်းကို မြင့်တက်စေပါတယ်။ ဆေး လိပ်သောက်သူရော၊ တစ်ဆင့်ခံ မီးခိုးနံ့ ရှူရိုက်မိသူပါ အဆိပ်ဖြစ်စေပါတယ်။
အဆုတ်သန့်လေ့ကျင့်ခန်းလုပ်ပါ
(၁) ခပ်ဖွဖွအသက်ရှူခြင်းက အဆုတ် အားနည်းစေတတ်ပါတယ်။ ဒါ ကြောင့်လေကောင်းလေသန့်ရသော နေရာမှာ တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ခပ်သွက်သွက်လမ်းလျှောက်ရင်း အသက်ပြင်းပြင်းရှူ၍ လေတစ်ဝ ကြီး ရှိုက်သွင်းပါ။ ၄င်းနည်းက အဆုတ်အားကောင်းစေပြီး ခန္ဓာ ကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်ကို အလုံအလောက် ဖြည့်တင်းပေးပါတယ်။
(၂) ချွေးထွက်ခြင်းက ခန္ဓာကိုယ်ထဲမှ အဆိပ်ကျစေနိုင်၍ နေ့စဉ်ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ် ပြီး မိနစ် ၂ဝ ခန့် ရေနွေးနွေးဖြင့် စိမ်ချိုးပေးပါ။
(၃) တစ်နေ့လျှင် ၁၅ မိနစ်မှ နာရီဝက် ခန့် ယောဂကျင့်သည့် အသက်ရှူ လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် အဆုတ်ထဲရှိစီးကရက်မီးခိုးအဆိပ် ငွေ့များ ပြေပျောက်စေသလို သြါါငညါ (ခေါ်)ဖြည်းဖြည်းမှန်မှန်ပြေး ခြင်းကလည်း အသက်ရှူ လမ်း ကြောင်းကို ကောင်းမွန်စေတဲ့ အားကစားတစ်မျိုးပါပဲ။
(၄) ခန္ဓာကိုယ်မှ အဆိပ်အတောက်များ လျှော့ချရန် ချွေးများများထွက်ဖို့ လိုပါတယ်။ ဒါကြောင့် ခပ်မြန်မြန် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန် ပေါက်ခြင်းစတဲ့ ကိုယ်ကာယလေ့ ကျင့်ခန်း ခပ်ပြင်းပြင်းကို နေ့စဉ် မိနစ် ၂ဝခန့်  မရပ်မနား လုပ်ပေး သင့်ပါတယ်။
(၅) နေ့စဉ် ပူဖောင်းအနည်းငယ်ကို မှုတ်ပေးခြင်းက အဆုတ်၏ လေ စုပ်ယူနိုင်မှု စွမ်းဆောင်ရည်ကို တိုးမြှင့်စေရုံမက အဆုတ်ကို ပိုမို သန်မာစေပါတယ်။
(၆) လေကိုအသုံးပြု၍ တီးမှုတ်ရသော ပလွေနှင့်နှဲ စသောတူရိယာများကို တီးမှုတ်ပေးခြင်းက အဆုတ်ကို ကျန်းမာစေပါတယ်။
(၇) သီချင်းဆိုခြင်းကလည်း အဆုတ် သန့် လေ့ကျင့်ခန်းတစ်မျိုးပဲ ဖြစ် ပါတယ်။
အဆုတ်သန့်စေတဲ့ အစားအစာများစား ပေးပါ
(၁) တောငှက်ပျောဖူးဟာ ချွဲသလိပ် ပျော်ကျစေပြီး အသက်ရှူလမ်း ကြောင်း ပွင့်စေပါတယ်။
(၂) ငရုတ်သီး၊ ငရုတ်ကောင်းတို့ရဲ့အပူ ဓာတ်က သွေးလည်ပတ်စီးဆင်းမှု ကိုအားကောင်းစေပြီးရောဂါပိုးများ ဝင်ရောက်ခြင်းကိုတိုက်ထုတ်ပေး ပါတယ်။ဒါ့အပြင် လည်ချောင်းနာ နှင့်ချောင်းဆိုးတို့ပျောက်စေပါတယ်။
(၃)ျွသျနာမေပ(ခေါ်) မွှေးကြိုင်သည့် ဆေးဘက်ဝင် အမြဲစိမ်းချုံနွယ်ပင် က အဆုတ်သွေးလည်ပတ်စီးဆင်း မှုကို အားပေးပါတယ်။ (ဃငအပ မြေအ ဆိုင်များ၏အချိုရည်ဘူးများ ရောင်းချသောဆိုင်များတွင် နိုင်ငံ ခြားဖြစ် အသင့်သောက်ျွသျာေ-မပ ဖျော်ရည်ကို ရရှိနိုင်ပါတယ်)
(၄) ဂရိတ်ဖရုသီး (ခေါ်) ရှောက်ခါး သီးဟာ ကင်ဆာဖြစ်စေသော အင် ဇိုင်းကို ဟန့်တားပေးပါတယ်။ ၄င်းအသီးက ဆေးလိပ်ဖြတ်ပြီး နောက်ပိုင်း အဆုတ်သန့်ရှင်းရေး အတွက် အထူးကောင်းမွန်သော သစ်သီးဖြစ်ပါတယ်။ အကယ်၍ ဂရိတ်ဖရုသီးအရသာကို မကြိုက် ပါက နာနတ်သီးဖျော်သောက်ပါ။ ထိုအသီးများထဲတွင် ပါရှိသော သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း ကအသက်ရှူလမ်းကြောင်းကိုတိုး တက်ကောင်းမွန်စေ၍ ၄င်းသစ် သီးဖျော်ရည်တို့ကို တစ်နေ့လျှင် ၃ဝဝ မီလီလီတာခန့်သောက်ပါ။
(၅) နံနက်စာစားပြီး နောက်ပိုင်းနှင့် နေ့ လယ်စာမတိုင်မီ ကြားကာလတွင် မုန်လာဥနီဖျော်ရည် ၃ဝဝ မီလီ လီတာသောက်ပေးပါ။ မုန်လာဥနီ က အဆုတ်သွေးကြောထဲရှိ သွေး များကို အယ်လ်ကာလီဓာတ်ပြုစေ ပြီး အဆုတ်သန့်စေပါတယ်။
(၆) ရွှေဖရုံသီးကလည်း မုန်လာဥနီကဲ့ သို့ အဆုတ်ကျန်းမာရေးအတွက် အကျိုးအာနိသင် ပြည့်ဝသော အသီးတစ်မျိုးဖြစ်ပါတယ်။
(၇) ပိုတက်စီယမ်ကအဆိပ်အတောက် များကိုပြေစေသောအစွမ်းရှိသဖြင့် ပိုတက်စီယမ်ဓာတ်ြ<ွကယ်ဝသော တရုတ်နံနံပင် (သို့မဟုတ်) ဟင်း နုနယ်(သို့မဟုတ်)ငှက်ပျောသီး ဖျော်ရည် ၄ဝဝ မီလီလီတာခန့်ကို နေ့လယ်ထမင်းစားပြီးတိုင်းသောက် သုံးပေးပါ။ အစာလည်းကျေညက် စေပါတယ်။
(၈) ညအိပ်ရာမဝင်ခင် ခမညေဘနမမပ (ခေါ်) အနီရောင်အချဉ်သီး ဖျော် ရည်သောက်ပေးခြင်းဖြင့် အဆုတ် ထဲရှိ ဘက်တီးရီးယားပိုးမွှားများ ကို အစွမ်းထက် တိုက်ထုတ်ပေး စေပါတယ်။
(၉) ထားဝယ်မှိုင်းပင်က အဆုတ်သန့် စင်ပေးရုံသာမက အဆုတ်အမြှေး ပါးကိုလည်း ကောင်းကျိုးပြုသဖြင့် ပြုတ်၍ဖြစ်စေ၊ လက်ဖက်ရည် ကြမ်းခတ်၍ဖြစ်စေသောက်သုံး ပေးပါ။
(၁ဝ) ဘလူးဘယ်ရီသီးများတွင် ပါရှိ သော အစွမ်းထက်မြက်ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများဟာ အဆုတ် ရောဂါဘက်တီးရီးယားပိုးများကို တိုက်ထုတ်နိုင်စွမ်းရှိသည့်အတွက် ညအိပ်ရာမဝင်ခင် ဘယ်ရီသီး (သို့မဟုတ်) အနက်ရောင် စပျစ် သီး ဖျော်ရည် ၄ဝဝ မီလီလီတာ ခန့်သောက်သုံးပါ။
(၁၁) ပန်းငရုတ်ပွသီး(ခေါ်) ငရုတ်ချို များက အဆုတ်ကင်ဆာ ဖြစ်ပွားမှု နှုန်းကို လျော့ကျစေပါတယ်။
(၁၂) လိမ္မော်သီးက အဆုတ်အတွက် အောက်ဆီဂျင်စုပ်ယူရာမှာ အကူ အညီပေးပါတယ်။ (သို့သော် အလွန်ချိုသောလိမ္မော်သီးမျိုးကို မဆိုလိုပါ။)
(၁၃) အစိမ်းရောင် ပဲသီးအမျိုးမျိုး၊ ပဲစေ့ နှင့် အခွံမာသီးများက အဆုတ်ကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ အတွက်လိုအပ်နေသော မဂ္ဂနီစီ ယမ်နဲ့ သတ္တုဓာတ်များကို အား ဖြည့်ပေးပါတယ်။
(၁၄) ပန်းသီးကို အပတ်စဉ်အမြဲစားသုံး ပေးခြင်းဖြင့် ပိုမိုကျန်းမာသော အဆုတ်ကို ရရှိစေပါတယ်။
(၁၅) နနွင်း၊ ချင်း၊ ချင်းစိမ်း၊ ချင်းတက် များတွင် ရောင်ရမ်းမှုကိုလျော့ကျ စေသောသတ္တိပါဝင်ပြီး အဆုတ်မှ ညစ်ညမ်းမှုများကို ဖယ်ထုတ်ပေး ပါတယ်။
(၁၆) တလည်းသီးထဲမှာ အဲလက်ဂျစ် အက်ဆစ်နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာပါရှိနေ၍ အဆုတ် ကျူမာဖြစ်ပွားမှုကို လျှော့ချပေး ပါတယ်။
(၁၇) အစိမ်းရောင် ဟင်းသီးဟင်းရွက် များဖြစ်ကြတဲ့ ဂေါ်ဖီထုပ်၊ ပန်း ဂေါ်ဖီအဖြူ၊ ပန်းဂေါ်ဖီစိမ်း (ခေါ်) ဘရိုကိုလီ၊ ကိုက်လန်များမှာ သွေး ဆဲလ်အသစ်များတည်ဆောက်ပေး နိုင်သော ကလိုရိုဖီးလ်အပြည့်အဝ ပါဝင်နေကာ သွေးများကိုသန့်စင် စေပါတယ်။ ၄င်းဟင်းရွက်များ က အဆုတ်ကင်ဆာဖြစ်ပွားနိုင် မည့် အလားအလာကို ထက်ဝက် လျှော့ချပေးနိုင်ပါတယ်။
(၁၈) ကြက်သွန်အဖြူနှင့် ကြက်သွန်နီ တို့က နှလုံးနဲ့အဆုတ်များအတွက် အထူးကောင်းမွန်ပါတယ်။
(၁၉) ရေများများသောက်ပါ။ သန့်ရှင်း စင်ကြယ်သောရေက အဆုတ်၏ ရေဓာတ်ကို ထိန်းသိမ်းပေးပြီး ချွဲ၊ သလိပ်၊ နှပ်၊ နှာရည် စတဲ့စွန့်ပစ် ပစ္စည်းများကို စီးဆင်းစေပါ တယ်။ ၄င်းစွန့်ပစ်ပစ္စည်းများဟာ မနှစ်မြို့ဖွယ်ဖြစ်သော်လည်း ၄င်း တို့ကို အဏုကြည့်ကိရိယာဖြင့် ကြည့်ပါက ပိုးမွှားများကို တွေ့ရှိ ရတာကြောင့်၊ ၄င်းစွန့်ပစ်ပစ္စည်း များ ထွက်သွားခြင်းဖြင့် အဆုတ် ကိုသန့်စေပါတယ်။
အိမ်တွင်းလေထုညစ်ညမ်းမှု မရှိပါစေနှင့်
ထိုင်ခုံစွပ်၊ အိပ်ရာဖုံး၊ ကော်ဇော၊ ခန်းဆီးလိုက်ကာ၊ ပန်းချီကားနှင့ှ်ပညအ့နအငခ (ခေါ်) သဘာဝနည်းကဲ့သို့ ဓာတု ပစ္စည်းများဖြင့် ပြုပြင်ထားသော ပစ္စည်း များ....စသည့် အိမ်တွင်းပရိဘောဂများ ကြောင့် အိမ်ထဲတွင်မှိုပိုးမွှားမျိုးစိတ်ပေါင်း ၁ဝဝဝကျော်ဖြင့် ပြည့်နှက်လို့နေပါတယ်။ ထို့ပြင် ခွေး၊ ကြောင် စသောအိမ်မွေး တိရစ္ဆာန်တို့၏ အမွေးအမှင်များကလည်း အသက်ရှူလမ်းကြောင်းကို ဆိုးရွားစေပါ တယ်။ အထူးသဖြင့် လေဝင်လေထွက် ပြတင်းပေါက်မရှိသော တိုက်အိမ်ခန်းများ အတွက် အိမ်တွင်းလေကို သန့်စင်ပေး သည့် indoor air purification(ခေါ်) လေစုပ်စက်များတပ်ဆင်ထားသင့်ပါတယ်။
၁၉၈ဝပြည့်နှစ်နောက်ပိုင်းတွင် နာဆာ ၏ လေ့လာချက်အရ များစွာသော အိမ်တွင်းစိုက်အပင်များနှင့် အိမ်အလှ ဆင်ရန်သုံးသော အပင်ငယ်များဟာ သဘာဝလေကိုရရှိစေရန်ထုတ်လွှတ်ပေး ကြောင်း၊ ၄င်းအပင်စိုက်တဲ့အခါသစ်ရွက် များကို ဖုန်ကင်းစင်စေရန် သတိပြုရမည် ဖြစ်ကြောင်း၊ ရေအများကြီးလောင်းခြင်း မျိုးကို ရှောင်ကြဉ်သင့်ကြောင်း အကြံပြု ထားပါတယ်။
ရှူဆေးသုံးပါ။
(၁) ယူကလစ်ဆီ ခုနစ်စက်ခန့်ကို ရေနွေးထဲအစက်ချပြီး ရေနွေး အေး၍ အငွေ့မပျံတော့သည်အထိ ရှူရှိုက်ပေးခြင်းဖြင့် အဆုတ်ထဲရှိ ချွဲသလိပ်များ အရည်ပျော်ကျကာ အဆုတ်သန့်လာစေသည်။
(၂) ကြက်ဆူဆီကို ရင်ခေါင်းတစ် လျှောက်လိမ်းပြီး အငွေ့ကိုရှူရှိုက် ပေးခြင်းဖြင့် အဆုတ်ထဲရှိ အဆိပ် ဖြစ်စေသောသငံရည်(သားနံရည်) တို့ကိုဖယ်ရှားသုတ်သင်ပေးပါတယ်။


ပေါက်ပေါက်
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ