ရေနွေးညသိပ် မြွေအဆိပ်တဲ့


ကျွန်တော့်ပို့စ်တခု = Burmese Tea လက်ဖက်ခြောက်သစ်

ကွန်မင့် (၁) ဆရာရှင် မသိလို့  မေးပါရစေ။ တခါက စာထဲမှာ ဘတ်မိဘူးတယ်။ မည်သူ့အဆိုလဲတော့ မမှတ်မိတော့ပါ။
ညက လက်ဖက်ရေကြမ်းကို မသောက်သင့်ဘူးတဲ့။ မြွေဆိပ်လောက် အဆိပ်ရှိတယ်လို့တင်စား ဆိုမိန့်ထားတယ်
နောက်ပြီး ညက ဓါတ်ဗူးထဲက ရေနွေးကိုလည်း မသုံးတင့်တော့ဘူးလဲ။ ကြးသိရတယ် အဲဒါဟုတ်ရဲ့လား။ ကျွန်မက ရေနွေးကြမ်း အမြဲသောက်တဲ့သူတယောက်ဖြစ်လို့ မှန် မမှန် သိချင်ပါတယ်။ ကျေးဇူး အထူးတင်။

ကွန်မင့် (၂) ဟုက်တယ်။ ညသိပ်ရေနွေးကြမ်းသောက်ရင် အဆိပ်သောက်နေသလိုပဲတဲ့ ဖက်ဖူးတာပါ။

ကွန်မင့် (၃) လက်ဖက်ရေကြမ်းက ၆ နာရီကျော်ကြာရင်အဆိပ်ဖြစ်တယ်လို့သတင်းစာမှာ ဖတ်ဖူးတယ်ဆရာ။ ညသိပ်ရေနွေးကို မသောက်သင့်ဘူးလို့ပြောပါတယ်ဆရာ။ ဟုတ်ပါသလားဆရာ။

ကွန်မင့် (၄) ညသိပ်ရေနွေးအဆိပ်ပြင်းသည်လို့ ကြားဘူးပါသည်ဆရာ။

အဲလိုသာဆို ကျွန်တော့်ကိုယ်ထဲမှာ အဆိပ်တပီပါလောက် ရှိနေလောက်ပြီ။ ပီပါဆိုတာ ဟင်ဒီစကားဖြစ်တယ်။ ကျွန်တော်တို့ငယ်ငယ်က ဓါတ်ဆီပီပါလို့ ခေါ်တယ်။ ပီပါကိုင်းတပ်သောက်လို့ ပြောကြတယ်။

အင်္ဂလိပ်လို ဘယ်ရယ် နဲ့ ဒရမ်လို့ ခေါ်တယ်။ ကားနဲ့သယ်သွားနိုင်တာကို ဂျယ်ရီကင် ခေါ်တယ်။
ဗြိတိသျှ ၁ ဘယ်ရယ် = = 163.65924 Liters လီတာ။
ယူအက်စ် ၁ ဘယ်ရယ် = 158.987295 Liters လီတာ။

ညသိပ်ရေးနွေး ဆေးသုတေသန မတွေ့သေးပါ။ ကျွန်တော့်ကိုသာကြည့်ပါ။ အိန္ဒိယကမထွက်ခင် တကိုယ်လုံး ဆေးစစ်ရတယ်။ ယူအက်စ်ရောက်တော့လည်း ခြေစခေါင်းဆုံးဆေးစစ်တယ်။ အဆိပ်ဆိုတာ ခုထိတော့ မတွေ့သေး။

ညကလည်း ရေးရသေးတယ်။ ကျွန်တော်တို့လူမျိုးတွေက ရောဂါမပျောက်စေနိုင်တာကို ၉၆ ပါးပျောက်သတဲ့။ ဘာမှ မဖြစ်နိုင်တာကို မြွေဆိပ်တဲ့။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ