ကန်စွမ်းရွက်ရဲ့ ထူးခြားအာနိသင်များ


ရေကင်စွန်းရွက်ဟာ ခင်ဗျားနှင့် ခင်ဗျားမိသားစုအတွက် အထူးအဆန်းဟင်းတစ်မျိုးမဟုတ်ပါဘူး။ အဲဒီဟင်းပင်ဟာ ရေမှာပေါများစွာပေါက်ရောက်ပြီး ဈေးထဲမှာ ဈေးချိုချိုနဲ့ ရောင်းနေပါတယ်။ ကင်စွန်းရွက်ဟင်းဟာ ဈေးသက်သာရုံမက အရမ်းကောင်းတဲ့ ဟင်းတစ်မျိုးဖြစ်ပါတယ်။ ကင်စွန်းရွက် ဟာ ကျန်းမာရေးအတွက် အကျိုးကြီးတာကိုရော ခင်ဗျားသိရဲ့လား။ ယနေ့ခေတ် ကုသမှုစရိတ်တွေက ဖောင်ခိုက်နေတော့ ကင်စွန်းရွက်ရဲ့အကျိုးကျေးဇူးက အရမ်းတန်ဖိုးရှိတယ်လို့တောင် ငြင်းခုံနေကြ တယ်လေ။ ရေကင်စွန်းရဲ့ အကျိုးကျေးဇူးတွေမှာ…
ကိုလက်စထရောဓါတ် လျောချစေခြင်း
အကုန်အကျသက်သာတဲ့ ကင်စွန်းရွက်ရေလုံပြုတ်ဟင်းဟာ သွေးထဲမှာရှိတဲ့ ကိုလက်စထရောဓါတ် ပမာဏတွေကို လျှောချပေးတယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။ မှန်ပါပေတယ်။ ဒီဟင်းဟာ ကျန်းမာရေးအတွက် အရမ်းကို ကောင်းတဲ့ဟင်းတစ်ခုဖြစ်ပြီး ရေဖြန်းလေဖြတ်ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
မျက်စိကျန်းမာရေး
မယုံမရှိပါနဲ့။ ကင်စွန်းရွက်ဟင်းဟာ မျက်စိကိုအန္တရာယ်ဖြစ်စေတဲ့ ရောဂါများ မဖြစ်ပွားရအောင်နှင့် မျက်စိကျန်းမာရေးကို ကုသပေးရာမှာအကျိုးပြုတဲ့ ဗီတာမင် အေနှင့် ဘီတာကာရိုတိန်းဓါတ် နှစ်မျိုးလုံး အပြည့်အဝပါဝင်တဲ့ ဟင်းတစ်မျိုးဖြစ်ပါတယ်။
ကိုယ်ခံအားစနစ်
ကင်စွန်းဟင်းဟာ ရာသီဥတုပြောင်းလဲမှုဒါဏ်ကြောင့် ကိုယ်ခံအားကျဆင်းမှုကိုလည်း တိုးပွားစေပါ တယ်။ ကင်စွန်းဟင်းမှာ ဗီတာမင် စီ ပါဝင်တဲ့အတွက် ဗိုင်းရစ်ပိုးများကြောင်းဖြစ်စေတတ်တဲ့ ရောဂါဘယများကာကွယ်ပေးရာမှာလည်း အရမ်းအသုံးဝင်ပါတယ်။
အရေပြားရောဂါ
ဥပမာ- ပွေးတွေလို အရေပြားရောဂါတွေကိုလည်း ရေကင်စွန်းစားသုံးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။ ဘာကြောင်းလဲဆိုတော့ ရေကင်စွန်းမှာ ကပ်ပါးကောင်တွေကို တိုက်ခိုက်ပေးတဲ့ အာနိသင်တစ်မျိုး ပါဝင်ပါတယ်။ ရေကင်စွန်းကို ကြေညက်အောင်ထောင်းပြီး ပွေးပေါက်တဲ့အရေပြားပေါ်မှာ အုပ်ပါ။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ