အမြန်ဝိတ်ကျစေမယ့်နည်းများ


ဝိတ်ချရတာ လွယ်ပါတယ်။ အရင်က အချက်တွေ(၁၀)ချက်လောက်အထိ ရေးဖူးတော့ လူတွေက လုပ်ငန်းဆောင်တာတွေက များလိုက်တာဆိုပြီး နှာခေါင်းရှုံ့ချင်ကြတယ်။ အခု အလွယ်နည်း (၅)ခုကို Shwemom က တင်ဆက်ပေးလိုက်ပါတယ်။
(၁) အဓိကအစားအစာ 5 မျိုးပါပါစေ
နေ့စဉ်စားတဲ့ အစားအစာထဲမှာ ကယ်လိုရီလောင်ကျွမ်းမှုကို မြင့်မားစေတဲ့ ပြောင်းဂျုံကဲ့သို့သော အစေ့အဆန်တွေ၊ ပရိုတိန်းဓာတ်ပါတဲ့ အစားအစာတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ပုံမှန်အစားအစာထဲမှာအနည်းဆုံး နှစ်မျိုးလောက်ပါအောင် စားပေးပါ။ အထူးသဖြင့် ဟင်းသီးဟင်းရွက်တွေ ပါအောင် စားပေးပါ။
(၂) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
အကောင်းဆုံးကတော့ မနက်အိပ်ယာထ လေ့ကျင့်ခန်းလုပ်ခြင်းပါဘဲ။ အချိန်အများကြီး ပေးစရာမလိုပါဘူး။ မိနစ်(၂၀)ဆိုလုံလောက်ပါပြီ။ နေ့တိုင်းလုပ်ဖို့တော့ လိုပါတယ်။
(၃) ဖိအားကင်းကင်းနဲ့နေပါ
ဖိအားတွေဟာ ကောင်းကျိုးမပေးတဲ့ဟိုမုန်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါမှာ ကယ်လိုရီလောင်ကျွမ်းမှုနည်းပြီး ကိုလက်စထရောဓာတ် ခန္ဓာကိုယ်တွင်း ပါဝင်မှုပမာဏများလာပါတယ်။ စိတ်ဖိအားများခြင်းဟာ လူကို ၀ဖြိုးစေပါတယ်။
(၄) ဆာတဲ့အချိန်မှာ စားပါ
ဆာတဲ့အချိန် စားခြင်းက ၀ိတ်ကို ကျစေပါတယ်။ မဆာပဲနဲ့ စားတာတို့၊ ဆာရဲ့သားနဲ့ မစားတာတို့ဟာ ၀ိတ်ကို မြင့်မားစေပြီး ရောဂါဘယပေါင်းစုံကိုလည်း ပေးပါတယ်။
(၅) ကိုယ်အလေးချိန်ကို မျက်ခြေမပျက်ပါစေနဲ့
ကိုယ်အလေးချိန်ချရုံနဲ့ ထိရောက်မှု မရှိသေးပါဘူး။ မိမိခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ မနေ့ဘယ်လောက်ရှိတယ်၊ ဒီနေ့ဘယ်လောက်ရှိတယ်ဆိုတာကို မျက်ခြေမပျက်မှ ၀ိတ်ချရတာ ပိုပြီးထိရောက်ပါတယ်။

နတ်စည်တော် (Shwemom)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ