ဗိုက်အဆီစုဟာ နှလုံးမကြိုက်ပါ


ဗိုက်အဆီစုဟာ နှလုံးမကြိုက်ပါဝမ်းဗိုက် အဆီစုလို့ ဗိုက်ကြီး ပူထွက်နေတဲ့ လူတွေမှာ အဖြေက မကောင်းလှ ပါဘူးတဲ့။  ဗိုက်ပူလို့ ကြည့် မကောင်း၊ အင်္ကျီဝတ်လို့ ဗိုက် ကြပ်မလှမပဖြစ်တဲ့ အပြင် နှလုံး တိုက် ခိုက်ခံရတဲ့ ပြဿနာပါ ဖြစ်နိုင်ခြေရှိပါ သတဲ့။

တစ်ဖန် သုတေသန အသစ် တစ်ခုအရ ဗိုက်အဆီစုတဲ့ လူတွေမှာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ များနိုင်ပါတယ်။ လူက အိုဗာဝိတ်မဖြစ်ရင် တောင်မှ ဗိုက်မှာ အဆီများတဲ့ လူတွေ ဟာ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်ခြေများ ပါတယ်။

အဆီစုတဲ့ နေရာနဲ့ ကင်ဆာတို့ နှလုံး ရောဂါတို့နှင့် ဆက်စပ်မှု ရှိပါတယ်။ ဝမ်းဗိုက်မှာ အဆီစုတယ် ဆိုတာ ဟာ ဝမ်းဗိုက် အတွင်းရှိ အင်္ဂါတွေမှာ လည်း အဆီတွေရှိနေပြီလို့ ဆိုလိုပါ တယ်။ ဤအချက်က နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်နိုင်ခြေ ရှိတယ်လို့ ဖော်ပြဆက်စပ်နေ ပါတယ်။

သင့်မှာ ပုံမှန် BMI ရှိနေပေမယ့်လည်း အစာ အိမ် အဆီဓာတ်များပြား လွန်းပါက နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုများပြား နေကြောင်း ဖော်ပြတယ်လို့ ဗြိတိသျှ နှလုံးဖောင်ဒေးရှင်းမှ အကြီးတန်း နှလုံးသူနာပြု မော်ရင်က ရှင်းပြ လိုက် ပါတယ်။

ဗိုက်အဆီစုတဲ့ အန္တရာယ်ကို ပေါ့ဆ လျစ်လျူရှု မနေသင့်ဘဲ ဗိုက်အဆီ ကျအောင် လေ့ကျင့်ခန်း မှန်မှန်လုပ်၊ အဆီဓာတ်မြင့်မားတဲ့ အစားအစာတွေ လျှော့စား၊ ကိုယ်အလေးချိန်ကျအောင် ကျန်းမာရေးနှင့် ညီညွတ်မျှတတဲ့ အစားအစာတွေ စားပေးသင့်တယ်လို့ တိုက်တွန်းသွား ပါတယ်။

မေ - By Health Digest

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ