ဦးနှောက်ထိခိုက်စေတဲ့ အကြောင်းရင်းများ


လူတစ်ဦးရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုလို့ ဆိုနိုင်တဲ့ ဦးနှောက်ကို ထိခိုက်နိုင်စေတဲ့ အကြောင်းရင်းများ ဖြစ်ပါတယ်။
၁။ ဦးနှောက်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အောက်စီဂျင် အများဆုံးသုံးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှူရှိုက်ရခြင်းက ဦးနှောက်ကို အောက်စီဂျင်ထောက်ပံ့မှု လျော့ကျစေပြီး ဦးနှောက်စွမ်းရည် ကျဆင်းနိုင်ပါတယ်။
၂။ နေမကောင်းဖြစ်နေစဉ်မှာ ဦးနှောက်သုံးပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်ခြင်းနဲ့ လေ့လာသင်ယူခြင်းတွေကြောင့် ဦးနှောက်ထိခိုက်နိုင်ပါတယ်။
၃။ စဉ်ဆက်မပြတ် စဉ်းစားတွေးတောမှု မရှိခြင်းကလည်း ဦးနှောက်စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။
၎။ နံနက်စာ မစားဘဲနေခြင်းက ဦးနှောက်ကို ထိခိုက်စေပါတယ်။ နံနက်စာ မစားခြင်းကြောင့် ခန္ဓာကိုယ်တွင်း သကြားဓာတ်ပမာဏ လျော့ကျစေပါတယ်။ ဒီအကျိုးဆက်က ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ထောက်ပံ့မှု မလုံလောက်ဘဲ ဦးနှောက်စွမ်းရည် ကျဆင်းစေပါတယ်။
၅။ အချိုအစားများခြင်းကြောင့် ဦးနှောက်ထိခိုက်စေပါတယ်။ အချိုဓာတ်လွန်ကဲခြင်းက ပရိုတိန်းနဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းအပေါ် အဟန့်အတား ဖြစ်ပါတယ်။ ဒီအကျိုးဆက်ကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။
၆။ အပူလွန်ကဲခြင်းက ဦးနှောက်စွမ်းဆောင်ရည်ကို ယုတ်လျော့စေပါတယ်။
၇။ စောင်ခေါင်းမြီးခြုံ အိပ်ခြင်းက ကာဗွန်ဒိုင်အောက်ဆိုက် စုစည်းများပြားလာပြီး အောက်စီဂျင်ပမာဏ လျော့ကျလာစေပါတယ်။ အောက်စီဂျင် ကောင်းစွာမရနိုင်တဲ့ ဒီ အခြေအနေက ဦးနှောက်ကို ထိခိုက်စေပါတယ်။
၈။ အိပ်ရေးမဝခြင်းကြောင့်လည်း ဦးနှောက်ထိခိုက်နိုင်ပါတယ်။ အိပ်စက်ခြင်းက ဦးနှောက်ကို ထိုက်သင့်တဲ့ အနားပေးမှု ရစေပါတယ်။ ကာလကြာရှည် အိပ်ရေးပျက်ခြင်းကြောင့် ဦးနှောက်ဆဲလ်တွေ သေဆုံးမှုနှုန်း မြင့်တက်နိုင်ပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ