ထောပတ်သီးအစေ့ကို လွှင့်မပစ်သင့်တဲ့အကြောင်းရင်း


စူပါအစားအစာစာရင်းဝင် ထောပတ်သီးကို ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုပြီး စားလေ့ရှိကြပေမယ့် ထောပတ်သီးလိုမျိုးပဲ ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိတဲ့ ထောပတ်သီးအစေ့ကိုအမှိုက်လိုမြင်နေကြတာမို့ အမှိုက်မဟုတ်တဲ့အကြောင်း သိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ကင်ဆာဆဲလ်များကို နှိမ်နင်းနိုင် ခြင်း

ထောပတ်စေ့မှာ ၇၀ ရာခိုင်နှုန်းသော ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိတွေရှိပြီး ကင်ဆာအကျိတ် တွေ၊ အသားပိုတွေမဖြစ်အောင် ကာကွယ်နိုင်သလို သက်သာပျောက်ကင်းနိုင်စွမ်းလည်းရှိပါတယ်။

အစာကောင်းစွာကြေညက်စေခြင်း

အစာအိမ်ရောင်ရမ်းနာတွေ၊ ဝမ်းချုပ်တာတွေ၊ ဝမ်းပျက် ဝမ်းလျှော ဖြစ်တာတွေအတွက်ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့ ထောပတ်သီးစေ့နဲ့ ကုသနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ထိန်းညှိပေး သေးတယ်လို့လည်း သိရပါတယ်။

နှလုံးရောဂါကာကွယ်ပေးခြင်း

ထောပတ်သီးစေ့မှာပါတဲ့ အမိုင်နိုအက်ဆစ်နဲ့ အမျှင်ဓာတ်တွေဟာ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးထောက်ကူ ပေးနိုင်ပြီး ကိုလက်စထရောကိုလည်းကျစေကာ လေဖြတ်တာတို့၊ ရုတ်တရက်နှလုံးရောဂါ ဖောက်ခြင်းတွေကို ဖြစ်စေနိုင်တဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါ တွေကို လည်း ကာကွယ်ပေးနိုင် စွမ်းရှိပါတယ်။

ကိုယ်ခံအားကောင်းစေခြင်း

တုပ်ကွေးရာသီရောက်ခါနီး ပြီဆိုရင်တော့ ထောပတ်သီးစေ့နဲ့ သာ အကောင်းဆုံးကာကွယ်ထား လိုက်ပါ။ ဗက်တီးရီးယား၊ ဗိုင်း ရပ်စ်နဲ့ မှိုရောဂါတွေ ကူးစက်မခံရ စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အရွယ်တင်နုပျိုစေခြင်း

ကောင်းကျိုးတွေစုနေတဲ့ ထောပတ်သီးစေ့ဟာ အရေပြား ဆဲလ်သေတွေကို ပြုပြင်ပေးပြီး အသားအရေကောင်းစေကာ အရွယ်တင်နုပျိုစေပါတယ်။ ထောပတ်သီးစေ့ကိုကြိတ်ချေပြီး သဘာဝမျက်နှာသစ်ဆေးအဖြစ် သုံးစွဲမယ်ဆိုရင် ချောမွတ်တင်းရင် တဲ့အသားအရေကို ပိုင်ဆိုင်နိုင် မယ်လို့ ဆိုပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ