ဒဏ်ရာကို သက်သာအောင် အပူကပ်မလား၊ အအေးကပ်မလား


အားကစားလှုပ်ရှားမှုတွေနဲ့ အခြားဒဏ်ရာတွေအတွက် အပူကပ်သင့်သလား၊ ရေခဲကပ်သင့်သလား၊ ဘာလုပ်သင့်သလဲဆိုတာ ဒဏ်ရာတွေပေါ်မှာ မူတည်ပါတယ်။ ဘာတွေကို ဘယ်အချိန်မှာ အသုံးပြုတယ်ဆိုတာကို ဒဏ်ရာအမျိုးအစားနဲ့ ဖော်ပြလိုက်ပါတယ်။
.
ရေခဲကပ်သင့်တဲ့ ဒဏ်ရာများ
.
(၁) အဆစ်လွဲခြင်း
(၂) (အကြောတင်ခြင်း၊ မျက်ခြင်း) ဒဏ်
(၃) ဖူးရောင်ခြင်း၊ ကိုက်ခြင်း
(၄) ရောင်ရမ်းခြင်း၊ ရောင်ရမ်းနာ
(၅) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် အကြောတက်ခြင်း
(၆) ခန္ဓာကိုယ်၌ ပွန်းပဲ့ဒဏ်ရာ
(၇) အဆစ်၊ ရိုးဆက်အလွန်နာကျင်ခြင်း
အပူပေးသင့်တဲ့ ဒဏ်ရာများ
.
(၁) အသုံးလွန်မှုမှ နာကျင်ခြင်း
(၂) ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမပြုမီ၊ ထပ်တလဲလဲ အရွတ်နာကျင်ခြင်း
(၃) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမပြုလုပ်မီ ကြွက်သားများ တင်းခြင်း၊ အနာတရဖြစ်ခြင်း
(၄) ထပ်တလဲလဲ အကြောတင်ခြင်း၊ မျက်ခြင်း
(၅) ကြွက်သားများ ရုတ်တရက် ကျုံ့တက်ခြင်း (အကြောဆွဲခြင်း)
(၆) နာတာရှည် ကြွက်သားများ နာကျင်ခြင်း
(၇) နာတာရှည်အဆစ်၊ ရိုးဆက် နာကျင်ခြင်း
.
ရေခဲကပ်ခြင်းနှင့် အပူပေးခြင်း
.
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်ပြုလုပ်ပြီးနောက်တစ်ရက် ဒါမှမဟုတ် နှစ်ရက်၌ ကြွက်သားများ နာကျင်ခြင်းဖြစ်ရင် နှစ်မျိုးစလုံး အသုံးပြုနိုင်ပါသည်။

နှင်းအေးဝေ
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ