လာမည့်ရာစုနှစ်အတွင်း လူသားတို့အား သေစေနိုင်သည့် အပူလှိုင်းများ ၀င်ရောက်လာဖွယ် ရှိနေကြောင်း သုတေသီများက ထုတ်ပြန်


ဟာဝိုင်ယီတက္ကသိုလ်မှ သုတေသီများ၏ သုတေသန ဆောင်ရွက်ချက်အရ ၂၁၀၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ (၄) ပုံ (၃) ပုံခန့်မှာ သေစေနိုင်သည့် အပူလှိုင်းဖြင့် ရင်ဆိုင်သွားရနိုင်ကြောင်း ဇွန်လ(၁၉) ရက်နေ့က ထုတ်ပြန်ကြေညာသွားခဲ့သည်။ ဟာဝိုင်ယီတက္ကသိုလ်မှ သုတေသီများသည် အပူလှိုင်းများ ၀င်ရောက်လာဖွယ် ရှိနေသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး Nature Climate Change ဖိုရမ်တွင် သုတေသန ရလာဒ်ကို ဖော်ပြသွားခဲ့ကြောင်းလည်း သိရသည်။ လက်ရှိ ဖြစ်ပေါ်နေသော အပူချိန်များကြောင့် မိုးခေါင်ရေရှားမှုဖြင့် ရင်ဆိုင်နေရသော ဒေသများတွင် ဒေသခံများမှာ အမိုးအကာအောက်မှ ထွက်ရန် ၀န်လေးနေသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အချို့သော ဒေသများတွင် အပူသက်သာရန်အတွက် မြစ်ချောင်းအင်းအိုင်များအတွင်း ရေစိမ်နေရသည့် အနေအထားမျိုးသို့ ရောက်နေကြောင်း သိရသည်။

ဟာဝိုင်ယီတက္ကသိုလ်မှ သုတေသီများသည် ၁၉၈၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော အပူချိန်ပြောင်းလဲမှု မှတ်တမ်းများဖြင့် သုတေသ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မှတ်တမ်း မှတ်ရာများအရ ၂၀၀၃ ခုနှစ်က ပဲရစ်မြို့တော်သို့ ၀င်ရောက် ခဲ့သော အပူလှိုင်းမှာ အပူချိန်အမြင့်ဆုံး ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ၂၀၁၀ ခုနှစ်က မော်စကိုသို့ ၀င်ရောက်ခဲ့သော အပူလှိုင်းများကြောင့် လူအမြောက်အမြား သေဆုံးခဲ့ရပြီးနောက် အလားတူ ဖြစ်စဉ်များ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် လာမည့် ၂၁၀၀ ခုနှစ်၌ ဖြစ်ပေါ်လာဖွယ်ရှိကြောင်းရှင်းလင်းဖော်ပြသွားခဲ့သည်။ဟာဝိုင်ယီတက္ကသိုလ် သုတေသီများအဖွဲ့အား ဦးဆောင်သည့် အဖွဲ့ခေါင်းဆောင် ကမ်မီလိုမိုရာက “အပူလှိုင်းတွေ ဖြတ်ရင် လူသားတွေဟာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးနိုင်ပါတယ်၊ အဓိက ကတော့ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာကြောင့် သေဆုံးခဲ့ကြတာပါ၊ မြင့်မားတဲ့ အပူချိန်တွေဟာ လူခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အစိတ်အပိုင်း တော်တော်များများကို ပျက်စီးစေပါတယ်၊ ဒီလိုပျက်စီးစေတဲ့နေရာမှာ နှလုံးအစိတ်အပိုင်းတွေက ပျက်စီးဖို့ အလွယ်ကူ ဆုံးပါပဲ” ဟုပြောကြားသွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ