မိဘတွေထက်ဝက်ကျော်ဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို လျစ်လျူရှု



ဗြိတိန်မှာရှိတဲ့ မိဘတွေထက်ဝက်ကျော်ဟာ သူတို့ကလေးတွေရဲ့ စိတ်ဖိစီးမှု၊ သောက သို့မဟုတ် စိတ်ဓာတ်ကျမှု စတာတွေအပေါ် လျစ်လျူထားကြတယ်လို့ သုတေသနသစ်တစ်ရပ်က ဖော်ပြပါတယ်။

မိဘပေါင်း ၁၁၀၀ ကျော်ကို လေ့လာစမ်းစစ်ခဲ့တာဖြစ်ပြီး သူ့တို့အနက်က ၅၅ ရာခိုင်နှုန်းဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာပြောရမှန်းမသိတာကြောင့် ကလေးတွေရဲ့ စိတ်ကျန်းမာရေးအကြောင်းကို ဘယ်တုန်းကမှ မပြောခဲ့ဘူးလို့ ဆိုပါတယ်။

"စိတ်ကျန်းမာရေး" ဟာ အရေးကိစ္စတစ်ခုမဟုတ်တာကြောင့် ပြောနေစရာမလိုဘူးလို့ ၄င်းမိဘတွေရဲ့ ထက်ဝက်ကျော်ဟာ ထင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

မကြာသေးမီက လေ့လာစမ်းစစ်ချက်တွေကလည်း ၄နှစ်ဝန်းကျင် ကလေးတွေမှာ စိတ်ဓာတ်ကျခြင်း၊ သောကတက်ခြင်း အပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ကြောင်း ပြသထားပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ရှောင်ပုန်းမနေကြဖို့ လူတွေကို ပရဟိတအဖွဲ့အစည်းတွေကနေ တိုက်တွန်းထားပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ