ဆေးဖက်ဝင် ဒန့်သလွန်ပင်


မြန်မာနိုင်ငံသည် အသီးအနှံ ပေါကြွယ်ဝသည့်အတွက် ဆေးဖက်ဝင် အာဟာရပြည့်ဝသော အလွယ်တကူ မြင်တွေ့နေသည့် ဒန့်သလွန်ပင်ကို စိုက်ပျိုးရေးသမား များနှင့် စားသုံးသူများ အထင်ကြီးလိမ့်မည် မဟုတ်ဟု ထင်ပါသည်။ ပေါ်ဦး ပေါ်ဖျား ဒန့်သလွန်သီးကို ပဲကုလားဟင်း၊ ငါးရံ့နှင့် ဒန့်သလွန်သီး၊ ဒန့်သလွန်ရွက် ဟင်းချို ချက်သောက်ကြသော် လည်း ဒန့်သလွန်ရွက်၊ ဒန့်သလွန်စေ့မှာ အာဟာရဓာတ် ကြွယ်ဝနေသည်ကို သိသူနည်းပါးလှသည်။
 စာရေးသူ ကိုယ် တိုင်ပင်ဒန့် သလွန်ရွက်ကို ဟင်းချိုချက်သောက်လျှင် သွေးတိုးကျသည်ဟူသော အသိလောက်သာရှိခဲ့သည်။ အာဟာရ ဓာတ်ကြွယ်ဝပြီး ရောဂါအမျိုးမျိုး ပျောက်ကင်းကြောင်း မသိခဲ့ပေ။ ကျန်းမာရေး အကျိုးကျေးဇူး အနေဖြင့် ဒန့်သလွန် ရွက်၊ အသီးအစေ့၊ အမြစ်၊ အခေါက်၊ အသား၊ အစေ့ဆီအားလုံးသည် ရောဂါမျိုးပေါင်း ၃ဝဝ ကျော်ကို တွန်းလှန် ကာကွယ်ပေးနိုင်ကြောင်း ပညာရှင်များက ဆိုထားသည်။ ထို့ကြောင့် ငွေကြေးကုန်ကျသက်သာပြီး အိမ်တိုင်းမှာ ရနိုင်တဲ့ ဒန့်သလွန်ပင်၏ ကျန်းမာရေး အတွက် အသုံးပြုနိုင်ရန် စုစည်းဖော်ပြအပ်ပါသည်။
ဒန့်သလွန်ရွက် ၁ဝဝ ဂရမ် ၆ ကျပ်သားစားသုံးရုံနဲ့ သံဓာတ်မြောက်မြားစွာရရှိမယ့် အမဲသား ၁၂ ကျပ်သား၊ ကယ်စီ ယမ်များစွာ ရရှိစေမယ့် နွားနို့ တစ်ဖန်ခွက်၊ အသားဓာတ်များစွာ ရရှိစေမယ့် ကြက်ဥတစ်လုံး၊ ဗီတာမင်စီများစွာ ရရှိစေ မယ့် လိမ္မော်သီးတစ်လုံး၊ ဗီတာမင်အေ များစွာရရှိစေမယ့် မုန်လာဥနီတစ်ချောင်းနှင့် ညီမျှကြောင်း ပညာရှင်တွေက ထုတ်ဖော်ရေးသားနေကြပါပြီ။
ဒန့်သလွန်ရွက် ၆ ကျပ်သား စားသုံးခြင်းဖြင့် တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်ရရှိသည်။ တစ်နေ့တာ လိုအပ် ချက်အပေါ်ကယ်စီယမ်ရဲ့ ၃ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိ ရရှိနိုင်သည်။ အရွယ်ရောက်သူနဲ့ အသက်ကြီးသူများ၊ ဆယ်ကျော်သက်အရွယ်များ၊ သုံးနှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်၊ နို့တိုက် မိခင်များအတွက် လိုအပ်သော ကယ်စီ ယမ်ကို ရရှိစေနိုင်သည်။ ထို့ပြင်သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီဓာတ်များ ရရှိနိုင်ကြောင်း သိရသည်။
ဒန့်သလွန်ရွက် လတ်လတ်ဆတ်ဆတ်ကို အစိမ်းအတိုင်း သို့မဟုတ် ရေနွေးအနည်းငယ်စိမ်ပြီး ပြုတ်တို့စားနိုင်သည်။ အရည်ညှစ်ကာ သကြား၊ ပျားရည်၊ သံပရာ၊ ဖြည့်စွက်ဖျော်ရည်အဖြစ် အသုံးပြု၍ အာဟာရပြည့်ဝစွာ ရနိုင်ပါတယ်။ ဒန့်သလွန်ရွက် လတ်လတ်ဆတ်ဆတ်ကို ချက်ပြုတ်စားသုံးရာတွင် အာဟာရတန်ဖိုး ဆုံးရှုံးနိုင်သည့်အပြင် ဗီတာမင်များ အလွယ်တကူ ပျက်စီးသွားနိုင်သည်ကို သတိထားရပါမည်။
သီရိလင်္ကာနိုင်ငံမှ ပညာရှင်များ၏ လေ့လာချက်အရ ဟင်းရွက်ကို ၅ မိနစ်ပြုတ်လိုက်ရင် ၃၂ ရာခိုင်နှုန်း၊ ၁ဝ မိနစ်ပြုတ် လိုက်လျှင် ၅၄ ရာခိုင်နှုန်းဆုံးရှုံးမှုရှိနိုင်ပြီး ရေငွေ့နဲ့ပေါင်းမယ်ဆိုရင် ၅ မိနစ်ပေါင်းမည်ဆိုလျှင်၁ဝ ရာခိုင်နှုန်း၊ ၁ဝ မိနစ် ပေါင်းမည်ဆိုလျှင် ၃၉ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ကြောင်း သိရပါတယ်။ ထို့ကြောင့် မိမိတို့ စားသုံးရန် ဒန့်သလွန်ရွက် ချက်စား မည်ဆိုလျှင် ဟင်းအရသာများကျက်ပြီး မီးဖိုမှချခါနီးမှသာ ဒန့်သလွန်ရွက်ကိုထည့်ကာ တစ်ခါ၊ နှစ်ခါမွှေပြီး ချက်ချင်း မီးဖိုပေါ်ကချမှသာ ဗီတာမင်ဆုံးရှုံးမှု လျော့နည်းမည်ဖြစ်သည်။ အကယ်၍ ဒန့်သလွန်ရွက်ကိုပြုတ်ပြီး သုပ်စားမယ် ဆိုရင်ပြုတ်ရည်ကို သွန်မပစ်ပါနှင့် ဘာကြောင့် လဲဆိုတော့ ပြုတ်ရေထဲမှာ သံဓာတ်ရရှိမှု သုံးဆနဲ့ Antioxidant actiuity လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားမြှင့်ပစ္စည်းတွေမှာသာ ရရှိနိုင်တဲ့အတွက် ပြုတ်ရည်ကို သကြား၊ ပျားရည်၊ သံပရာ ရည်တို့နှင့်ရော၍ သောက်သုံးသင့်ပါတယ်။
ထို့ကြောင့် အဓိကဖော်ပြချင်သည်မှာ ကလေးတစ်ယောက်ဟာ နေ့စဉ် ဒန့်သလွန်ရွက် ၁ဝ ဂရမ် ၂ ကျပ်သားမျှ နေ့စဉ် စားသုံးပေးနိုင်မယ်ဆိုရင် သူ့ရဲ့တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အားလုံး ကယ်စီယမ်ရဲ့ ၈ဝ ရာခိုင်နှုန်း၊ သံဓာတ် လို အပ်ချက် ၆ဝ ရာခိုင်နှုန်း၊ အသားဓာတ်လိုအပ်ချက် ၄ဝ ရာခိုင်နှုန်းရမှာ ဖြစ်တဲ့အတွက် အရွက်ခြောက် အမှုန့်ဆိုရင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်ကို ကလေးများကို တိုက်ကျွေးခြင်းဖြင့် ဖော်ပြပါ အာဟာရများ ရရှိနိုင်မှာ ဖြစ်သည်။ လူတစ်ဦးလျှင် ဒန့်သလွန်ရွက် လက်တစ်ဆုပ်စာနှုန်း ရေနွေးဆူဆူထဲမှာ ၂ မိနစ်ပြုတ်ပြီး ပြုတ်ရည်ကို ဖော်ပြပါအတိုင်း ဖျော်ရည် လုပ်သောက်နိုင်ပါတယ်။
အလားတူ ဒန့်သလွန်အရွက်ခြောက်မှုန့်၊ ဒန့်သလွန်အရွက်ခြောက်၊ လက်ဖက်ခြောက်ကဲ့သို့ အသုံးပြုသည့် ထုတ်ကုန် များကို အသုံးပြုပြီးဖြစ်လို့ အာဟာရဓာတ် အကျိုးအပြင် ဆေးဖက်ဝင် အကျိုးကျေးဇူး ပိုမိုရရှိစေဖို့ ရေနွေးပူပူထဲသို့ အရွက်ခြောက်မှုန့် သို့မဟုတ် အရွက်ခြောက်ကို ထည့်နှစ်ပြီး အရွက်ကိုဖယ်၍ သံပရာ ရည်၊ ပျားရည်တို့နှင့်လည်း သောက်သုံးနိုင်သည်။
မြန်မာ့ဆေးကျမ်းများတွင် ဒန့်သလွန်သည် အနည်းငယ်ပူခါးစပ်အရသာရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကိုမြိန် စေ၏။ ဝမ်းမီးကိုတောက်စေ၏။ လေသ လိပ်၊ သည်းခြေကိုနိုင်၏။ အပူနာ၊ အဖျဉ်း၊ အကြောအခြင် ရောင်ရမ်းနာတို့ကို နိုင်၏။ မျက်စိကိုအကျိုးပြု၏။ အပူဓာတ်ကိုဖြစ်စေ၍ အအေးပတ်မှုကို ကာကွယ်ေ ပးနိုင်၏။ တုန်ဖျား၊ ချမ်းဖျားနှင့်သင့်၍ နို့ရည်နှင့်သုတ်ကိုပွားစေ၏။ ဒန့်သလွန်သတ္တုရည်ကို တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာကို တစ်နေ့ နှစ်ကြိမ် သောက်ခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေနိုင်သည်။ သို့မဟုတ် ဒန့်သလွန်ရွက်ပြုတ်ရည် ၃ဝဝ စီစီကို နံနက် စောစော အစာမစားမီ သောက်ပေးခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းပေးနိုင်သည်။
ဒန့်သလွန်ရွက်ကို သုံးခွက်တစ်ခွက်တင် ဟင်းချိုအဖြစ် ပြုတ်သောက်သော် သွေးတိုးကျစေ၏။ ဒန့်သလွန်အစေ့သည် ဗက်တီးရီးယားပိုးများကို သေစေနိုင်သော အာနိသင်ရှိ၍ ရေကိုသန့်စင်ပေးနိုင်ကြောင်း တွေ့ရသည်။ ရေတစ်ဂါလန်တွင် ဒန့်သလွန်စေ့ လေးစေ့ခန့်ကို ထုခြေ၍ နှစ်နာရီကြာ စိမ်ထားခြင်းဖြင့် ပိုးမွှားကင်း စင်သော ရေသန့်ကိုရစေသည်။ နားကိုက်၊ နားပြည်ယိုရောဂါတွင် ဒန့်သလွန်ပင်စည်အခေါက်ကို လက်တစ်ဆစ်ခန့် သန့်ရှင်းစွာယူ၍ ရေဆေးပြီး ထုထောင်းအ ရည်ညှစ်ယူကာ နားအတွင်းသို့ တစ်စက်နှစ်စက်မျှ ထည့်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။ ဒန့်သလွန်မြစ်ကို ကြိတ်၍စည်းပေးသော် ရောင်ရမ်းခြင်း ကို ပျောက်၏။ အမြစ်ကိုကြိတ်၊ အရည်ကိုနို့နှင့်ရော သောက်သော် ဆီးချိုရောဂါပျောက်စေ၏။ သို့မဟုတ် အမြစ်၊ အခေါက်မှုန့်ကို ဆားနှင့်ရော၍ လိမ်းပေးခြင်းဖြင့် အဆစ်ရောင် သောနေရာ၊ ကြွက်သားနာသော ရောဂါပျောက်ကင်းသည်။ ဒန့်သလွန်မြစ်ကို ရေဆေး၍ထုထောင်း ကြိတ်ခြေ၍ အ ရည်ကိုညှစ်ကာ စားပွဲတင်ဇွန်း တစ်ဇွန်းခန့်သောက်က အသံဝင်၊ အသံကပ်၊ လည်ချောင်းနာပျောက်သည်။ ပန်းနာ ရောဂါအတွက် ဒန့်သလွန်မြစ်ကို ကြိတ်၍ရသောအရည်ကို ချင်းရေနှင့် ရောေ သာက်ပါက ပျောက်သည်။ ဒန့်သလွန် အမြစ်မှုန့်ကို ပရန္နဝါမြစ်မှုန့် ဆတူ၊ အုန်းနို့၊ ပျားရည် ရောစပ်ပြီး နံနက်ည တစ်ဇွန်းစီ သောက်သော် အားအင်ပြည့်ဖြိုး ခွန်အားတိုး၍ အသက်ရှည်စေ၏။ ဒန့်သလွန်သီးကို ဟင်းချက်ကျွေးပါ။ ကလေးများ သန်ကောင်၊ တုတ်ကောင် ကင်းရှင်းသည်။
ဒန့်သလွန်ပင်စည်အခေါက်မှုန့် (၂-၅)ဂရမ်ကို ရေနွေးဆူဆူထဲမှာထည့်ပြီး ပျားရည်တစ်ဇွန်းနှင့် ရောကာ နေ့စဉ်ရက် ပေါင်း ၄ဝ သောက်ပေးပါက အမျိုးသမီးသွေး အားနည်းရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ၊ အမျိုးသား ပန်းသေရောဂါ၊ သုတ်အားနည်းခြင်း၊ သုတ်လွှတ်စောခြင်းတို့ကို ပျောက်ကင်းစေေ ကြာင်း ဆေးကျမ်းများတွင် ဖတ်ရ သည်။ ဒန့်သလွန်ရွက်မှာ သဘာဝဗီတာမင်များဖြစ်သည့် ဗီတာမင် A, B, B1, B2, B3, B6, C, E နှင့် သတ္တုဓာတ် များစွာဟာ ဆေးဝါးအဖြစ် ဖော်စပ်ထုတ်လုပ်ထားသော ဗီတာမင်နှင့် သတ္တုဓာတ်များ အသုံးပြုစရာ မလိုလောက် အောင် ပြည့်စုံကောင်းမွန်နေသည့်အပြင် Antioxidant များကောင်းမွန်သော ဇီဝဓာတုပစ္စည်းများနှင့် ပြည့်စုံနေသည့် အတွက် မိမိတို့ခန္ဓာကိုယ်မှလိုအပ်နေသော ခွန်အားအတွက် စွမ်းအားမြှင့် သဘာဝပစ္စည်းဖြစ်သည်။
ဒန့်သလွန်စေ့ကို စားသုံးခြင်းဖြင့် သွေးပေါင်ချိန်မမြင့်တက်အောင် ထိန်းထားနိုင်ပြီး သွေးတွင်းသကြားဓာတ်လည်း ရောက်မလာအောင် တွန်းထားနိုင်တယ်လို့ သိရှိရသည်။ အထူးတင်ပြလိုသည်မှာ ဒန့်သလွန်စေ့ကို အဝလွန်သူများ၊ ကိုယ်အလေးချိန် ကျသွားစေရန်အတွက် အလွန်ကောင်းမွန်သည်။ (စားကြည့်ကြပါ။) ဒန့်သလွန်စေ့ကိုစားရာမှာ တစ်ကြိမ်လျှင် နှစ်စေ့ထက် ပိုမစားရပါ။ စတင်စားသုံးချိန်မှာ တစ်စေ့မှ စစားပါ။ နောက်နံနက် နှစ်စေ့၊ ညနေ နှစ် စေ့စားပါ။ တစ်နေ့ လေးစေ့နှုန်းထက် မပိုပါနှင့် ရက်ရှည်စားရပါမည်။ တစ်ခါတည်း နှုန်းထားများများမစားရပါ။

 အဝ လွန်သူများအနေနှင့် တစ်ကြိမ် လေးစေ့၊ တစ်နေ့ နှစ်ကြိမ်စားပါ။ သင့်ခန္ဓာကိုယ် အဆီကျပိန်သွားပါမည်။
ဒန့်သလွန်စေ့စားသောအခါ အစာအိမ်ထဲမှာ ဘာအစာမှ မရှိချိန် မစားပါနှင့်။ အထူးသဖြင့် နံနက်စောစော မည်သည့် အစာမှ မစားရသေးခင် မစားရပါ။ ဆိုး ကျိုးတော့မဖြစ်ပါ။ ဝမ်းနှုတ်ဆေးစားသလိုမျိုး ဖြစ်တတ်သည်။ ဆေးဖက်ဝင် အကျိုးပိုရှိအောင် ခြောက်သွေ့သော အသီးမှရသော အစေ့ကို စားသုံးပါ။ အမျိုးသမီး များ ကိုယ်ဝန်ရှိစဉ် ဒန့်သလွန် စေ့စားတာကို ခဏဖြတ်ထားရပါသည်။

ဒန့်သလွန်စေ့စားသုံးခြင်းဖြင့် အဆစ်အမျက်ရောင်ခြင်း၊ ကိုက်ခဲခြင်းသက်သာစေပါသည်။ အစာအိမ်နာကို သက်သာ စေပါသည်။ ခါးအောက်ပိုင်း၊ ကျောနာေ ကာင်းစေပါသည်။ ဒန့်သလွန်စေ့ နှစ်စေ့ကြိတ်ပြီး ပျားရည်နှင့်ရောစားပါက အောက်ပါရောဂါများ ပျောက်ကင်းပါသည်။ စွမ်းအင်ကို တိုးပွားစေ၏။ မျက်စိအား နည်းရောဂါ၊ ကြက်မျက်သင့် ရောဂါ ကာကွယ်နိုင်၏။ ဦးနှောက်ဥာဏ်မြင့်တက်စေ၏။ ဝမ်းမှန်စေ၏။ အိပ်ပျော်စေ၏။ ဆေးဖက်ဝင် ဒန့်သလွန်မြစ်ခေါက်တွင် ပါ ဝင်သော Moriginline ဒြပ်ပေါင်းသည် နှလုံးကို လှုံ့ဆော်ပေး၍ သွေးဖိအားတက်စေနိုင်သည့်အပြင် ခန္ဓာကိုယ်ရှိ Sympathetic အာရုံကြောများနဲ့ ကိုယ်တွင်းက လီစာ ကြွက်သားများကို လှုံ့ဆော်ပေးနိုင်သဖြင့် လွန်ကဲစွာ စားသုံးခြင်း ကိုမူ ရှောင်ကြဉ်သင့်ပါသည်။

ထို့ကြောင့် ဒန့်သလွန်ပင်ကို အိမ်ခြံဝင်းအတွင်း တစ်ပင်နှစ်ပင် စိုက်ထားခြင်းဖြင့် ကျန်းမာရေး ဆိုင်ရာများ ပြီးပြည့် စုံကြောင်း နိုင်ငံတကာ စာစောင်များတွင် တွေ့ရှိရပါသည်။ ဤသို့ မြေရှိရေရှိနေရာ မရွေးစိုက်နိုင်သောကြောင့် စိုက် ပျိုးထားသင့်ကြောင်းနှင့် ဆေးဝါးများအဖြစ် အသုံးပြုနိုင်၍ ရေးသား တင်ပြလိုက်ရပါ သည်။

ထွန်းလှိုင်(မြိုင်)
မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ